Author: admin
-
ဗန်းမော်နှင့်မံစီမြို့သိမ်းတိုက်ပွဲအတွက် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်အရှိန်မြှင့်တင်၊ဗန်းမော်နည်းပညာတက္ကသိုလ် စစ်စခန်း အပါအဝင် စစ်တပ်စခန်းအများအပြားကို သိမ်းပိုက်ရရှိထား (ရုပ်/သံ)
ဗန်းမော်နှင့်မံစီမြို့သိမ်းတိုက်ပွဲအတွက် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်အရှိန်မြှင့်တင်၊ဗန်းမော်နည်းပညာတက္ကသိုလ် စစ်စခန်း အပါအဝင် စစ်တပ်စခန်းအများအပြားကို သိမ်းပိုက်ရရှိထား (ရုပ်/သံ) ရန်ကုန်၊ ဇန်နဝါရီ ၆ ကချင်ပြည်နယ်၊ ဗန်းမော်နှင့်မံစီမြို့သိမ်းတိုက်ပွဲအတွက် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်အရှိန်မြှင့်တင်လျက်ရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲများအတွက် ထပ်မံ၍ ထိုးစစ်များ အရှိန်မြှင့်တင်လိုက်ကြောင်း၊ လက်ရှိတွင် မံစီမြို့အတွင်းနှင့် ဗန်းမော်မြို့အတွင်းသို့ KIA ဦးဆောင်သော တော်လှန်ရေးတပ်များ ဝင်ရောက်နိုင်ပြီဖြစ်ပြီး မြို့တွင်း တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။ ” ဒီမနက် ၅ နာရီအချိန်မှာ ဗန်းမော် နဲ့…
-
မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)
မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ) ဇန်နဝါရီ ၆၊ ၂၀၂၅ မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လည်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ အကြမ်းဖက်စစ်သားတွေကို ဝေဟင်ကနေ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၇ ယောက် ထိခိုက်မှုရှိပြီး မြို့သာစက်မှုဇုန်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို TGYR-YouthGuerrillaCounterRevolution-NZ၊ မြင်းခြံခရိုင်အမှတ်(၇)တပ်ရင်း၊ ငါန်းဇွန်မြို့နယ်ပကဖ၊ မန္တလေးခရိုင် (မန္တလေးခရိုင်အမှတ်၅)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (မြင်းခြံခရိုင်အမှတ်၆) တပ်ရင်းနဲ့ (925)ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
-
ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် တစ်ရက်လျှင် ၄ နာရီအောက်သာ လျှပ်စစ်မီးပေးနိုင်တော့သဖြင့် ရေနှင့် လျှပ်စစ်မီး ချွေတာကြရန် စစ်ကောင်စီက စတင် နှိုးဆော်
ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် တစ်ရက်လျှင် ၄ နာရီအောက်သာ လျှပ်စစ်မီးပေးနိုင်တော့သဖြင့် ရေနှင့် လျှပ်စစ်မီး ချွေတာကြရန် စစ်ကောင်စီက စတင် နှိုးဆော် ရန်ကုန်၊ ဇန်နဝါရီ ၆ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် တစ်ရက်လျှင် ၄ နာရီအောက်သာ လျှပ်စစ်မီးပေးနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၅ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် အုပ်စု ၃ ခုခွဲ၍ ၄ နာရီမီးပေးပြီး ၈ နာရီမီးဖြတ် စနစ်ကို စတင်ကျင့်သုံးနေသော်လည်း လက်ရှိ လျှပ်စစ်မီး ရရှိမှုမှာ တိုးတက်မလာသည့်အတွက် မြို့နယ်တစ်ခုလျှင် တစ်နေ့လျှင် ပျှမ်းမျှ ၄ နာရီဝန်းကျင်သာ မီးရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။…
-
တောင်ငူခရိုင် တပ်ရင်း အမှတ် (၃၅၀၄) “ ပုဝါနီစစ်ကြောင်း ” မှ သတင်းထုတ်ပြန်ချက်
တောင်ငူခရိုင် တပ်ရင်း အမှတ် (၃၅၀၄) “ ပုဝါနီစစ်ကြောင်း ” မှ သတင်းထုတ်ပြန်ချက် ရက်စွဲ။ ။၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၅) ရက် ၂၀၂၅ခုနှစ်၊ ဇန်ဝါရီလ (၃)ရက်နေ့၊ သောကြာနေ့ ညနေ(၄)နာရီ အချိန်ခန့် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ကမ်းရှိ ရေလွှဲကျေးရွာနှင့် ပိန္နဲပင်ကျေးရွာ တိုက်ပွဲအတွင်း ရဲဘော် အောင်ကြီး (ခ) ဝဏ္ဏအောင်၊ ရဲဘော် အောင်လေး (ခ) နေမျိုးအောင်၊ ရဲဘော်နဂါး (ခ) လျှမ်းထက်၊ ရဲဘော် ဇွဲကို (ခ) မိုးမင်းကို၊ ရဲဘော် ဘိုဘို တို့သည် အကြမ်းဖက်စစ်ကောင်စီ စစ်တပ်နှင့် ထိတွေ့ တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ရဲရင့်မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည်။ ထိုသို့ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ပေးဆပ်…
-
၂၀၂၅ ခုနှစ်တွင် ဆီးရီးယား အာဏာရှင် အာဆတ် နိုင်ငံမှ ထွက်ပြေးရသကဲ့သို့ မင်းအောင်လှိုင်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ချေမှုန်းရန် ရည်မှန်း၊ NUG ဝန်ကြီးများ အပြောင်းအလဲရှိနိုင်ဟု ယာယီသမ္မတက ဒူဝါလရှီးလ ပြောဆို
၂၀၂၅ ခုနှစ်တွင် ဆီးရီးယား အာဏာရှင် အာဆတ် နိုင်ငံမှ ထွက်ပြေးရသကဲ့သို့ မင်းအောင်လှိုင်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ချေမှုန်းရန် ရည်မှန်း၊ NUG ဝန်ကြီးများ အပြောင်းအလဲရှိနိုင်ဟု ယာယီသမ္မတက ဒူဝါလရှီးလ ပြောဆို ရန်ကုန်၊ ဇန်နဝါရီ ၆ ဆီးရီးယားနိုင်ငံတွင် အာဏာရှင်ခေါင်းဆောင် အာဆတ်နိုင်ငံမှ ထွက်ပြေးသွားရသကဲ့သို့ ယခု ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာ့မြေပေါ်မှ ပျောက်ကွယ်စေရေး အပြီးတိုင်ချေမှုန်း တိုက်ထုတ်သွားရန်ရည်မှန်းထားကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။ Al Jazeera သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ “၂၀၂၅ မှာကျနော်တို့က ဒုစရိုက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကျနော်တို့ မြေပေါ်ကနေ အပြီးတိုင်ချေမှုန်းဖို့ ရည်မှန်းထားပါတယ်။…
-
ရွှေဘိုက ထွက်လာတဲ့စစ်ကြောင်း ဝက်လက် အရှေ့ပိုင်းတွင်PDFများတိုက်၍စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်
ရွှေဘိုက ထွက်လာတဲ့စစ်ကြောင်း ဝက်လက် အရှေ့ပိုင်းတွင်PDFများတိုက်၍စစ်ကြောင်းတစ်ကြောင်းလုံးပြုတ် ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မင်းကုန်းကျေးရွာ နဲ့ မှတ်ထိကျေးရွာကြားမှာ ရွှေဘိုမြို့ဘက်ကထွက်လာတဲ့စစ်တပ်စစ်ကြောင်း ကို တော်လှန်ရေးပူး ပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာမှာ စစ်ကြောင်းတကြောင်းလုံးသေဆုံးကာ ၆ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။ ရွှေဘိုမြို့ လေ့ကျင့်ရေး(၈)ကနေ ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၇ ဦးဟာ ဟန်လင်း(ပျူမြို့ဟောင်း)ကျေးရွာမှာ ယာယီတပ်စွဲပြီး ဇန်နဝါရီလ၄ ရက်ညအိပ်ခဲ့ပါတယ်။ ဒီနေ့ (ဇန်နဝါရီ ၅ရက်နေ့) မနက်မှာ စစ်ကြောင်းဟာ တောင်ဘက်ကိုဆက်တိုးလာတာလို့သိရပါတယ်။ အဲဒီစစ်ကြောင်းကို ဝက်လက်မြို့နယ်အရှေ့ပိုင်းမှတ်ထိကျေးရွာ နဲ့ မင်းကုန်းကျေးရွာကြားထဲမှာ တော်လှန်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့ပြီး မနက် ၆ နာရီကနေ မွန်းလွှဲ ၁ နာရီကျော်အထိ့ ခုနှစ်နာရီဝန်းကျင်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။စစ်ကောင်စီစစ်ကြောင်းက ၇၁ဦးသေဆုံး ၆ဦးကိုအရှင်ဖမ်းမိခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ “စစ်ကြောင်းတခုလုံးအပြုတ်ပဲ။သက်ဆိုင်ရာတပ်တွေကနေသတင်းထုတ်ပြန်လာပါလိမ့်မယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ ဒါကြောင့် ဇန်နဝါရီ ၅ ရက်မှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းအတွင်းနေရာနှစ်ခုမှာ စစ်ကောင်စီစစ်ကြောင်းနဲ့…
-
ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်းရှိ ကိုးပင် EPC ရုံးတွင် အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၆ ဦး သေဆုံး
ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်းရှိ ကိုးပင် EPC ရုံးတွင် အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၆ ဦး သေဆုံး ရန်ကုန်၊ ဇန်နဝါရီ ၅ မကွေးတိုင်း၊ ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်းရှိ ကိုးပင် EPC ရုံးတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏ၀တီ အဖွဲ့က ပြောဆိုသည်။ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်း၊ ရန်ကုန်…
-
၂၀၂၅သည် တော်လှန်ရေးနောက်ဆုံးနှစ်ဖြစ်သင့်၍ အားလုံးညီညွတ်ကြရန် မန္တလေးPDF တပ်မှူးပြော “အဆုံးအဖြတ်ပေးတဲ့တိုက်ပွဲတွေကိုရတဲ့နေရာက ရတဲ့နည်းနဲ့ချမယ်” – တပ်မှူး ကိုမုန်တိုင်း
၂၀၂၅သည် တော်လှန်ရေးနောက်ဆုံးနှစ်ဖြစ်သင့်၍ အားလုံးညီညွတ်ကြရန် မန္တလေးPDF တပ်မှူးပြော “အဆုံးအဖြတ်ပေးတဲ့တိုက်ပွဲတွေကိုရတဲ့နေရာက ရတဲ့နည်းနဲ့ချမယ်” – တပ်မှူး ကိုမုန်တိုင်း ဟန်နွေ/People’s Spring ၂၀၂၅တွင် တော်လှန်ရေးနောက်ဆုံးနှစ်ဖြစ်သင့်၍ မတူညီသည်များကို ဖယ်ထားပြီး စည်းလုံးညီညွတ်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF၏ စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းက ပြောကြားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF၏ မန်းတောင်ရိပ်ခို အောင်ပွဲကြိုအမည်ဖြင့် ရန်ပုံငွေရှာဖွေးရေးလှုပ်ရှားမှုကို အွန်လိုင်းမှ ပြုလုပ်ရာတွင် ကိုမုန်တိုင်းက အမှာစကား ပြောကြားရာ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သုံးနှစ်ကျော် လေးနှစ်တာကာလအတွင်း အခက်အခဲမျိုးစုံဖြင့် ရှင်သန်နေကြရပြီး အဆုံးသတ်တိုက်ပွဲ တိုက်နိုင်ရန်အတွက် ရန်ပုံငွေလိုအပ်ကြောင်း ကိုမုန်တိုင်းက ပြောသည်။ မန္တလေးPDF အနေဖြင့် ၁၀၂၇စစ်ဆင်ရေး တွင် ပါဝင်ခဲ့ကြောင်း အသိပေးပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွက် ပြင်ဆင်မှုအားကောင်းရန်လိုကြောင်း၊…
-
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ဂွမြို့တိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ဂွမြို့တိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၅ ရက် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် အတွင်းရှိ ရခိုင်နှင့်ထိစပ်နေသော ကမ်းခြေရွာများကို ဇန်နဝါရီလ ၂ ရက်နေ့က အာရက္ခတပ်တော် AA မှ ၀င်ရောက်တိုက်ခိုက်နေသည်ဆိုသည့် သတင်းများမှာမမှန်ကန်ပဲ ဂွမြို့ဘက်မှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့များ အချင်းချင်းပစ်ခတ်နေခြင်းသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “AA က ရခိုင်ဘက်အဆုံး ကျောက်ချွန်ဘက်ကနေ ဒီဘက်ကို ကျော်မလာသေးပါဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာက ဂွဘက်ကနေ ခြေလျင် ပြန်ပြေးလာတဲ့ စစ်သားတွေကို မကျီးဇင်မှာရှိနေတဲ့ စစ်သားနဲ့ရဲတွေက ပြန်ပစ်ကြတာ။ ထွက်ပြေးလာတဲ့စစ်သားတွေက လက်နက်တွေရွာထဲပစ်ချပြီး ထွက်ပြေးကြတာတွေနဲ့ အခြေအနေတွေရူပ်ထွေးကုန်တာ”ဟု မကျီးဇင်ကျေးရွာ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။ ဂွမြို့ဘက်မှ အသုတ်လိုက်ခြေလျင်ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများမှာ ကမ်းခြေဒေသများဖြစ်သည့် မကျီးဇင်၊…
-
ကျောက်နီမော် ကျေးရွာအနီး တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ထက်မနည်း သေ (ရုပ်/သံ)
ကျောက်နီမော် ကျေးရွာအနီး တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ထက်မနည်း သေ (ရုပ်/သံ) ဇန်နဝါရီ ၅၊ ၂၀၂၅ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအနီးမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်း (ခမရ-၄၀၅) တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။ ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲထားတဲ့စခန်းတွေကို ဒီဇင်ဘာလ၂၃ရက်နေ့က စတင်ပြီး ထားဝယ်ခရိုင်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကို ဒေါနစစ်ကြောင်း တပ်ခွဲ ၇၊ ဖက်ဒရယ်ဓူဝံတပ်ဖွဲ့နဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။