Author: admin
-
ရေဘေးလှူတဲ့ KBZ pay အကောင့်တချို့ကို ငွေကြေးချဝါချတယ်ဆိုပြီး စစ်ကောင်စီလက်ဝေခံ KBZ ဘဏ်ပိတ်ပင်
ရေဘေးလှူတဲ့ KBZ pay အကောင့်တချို့ကို ငွေကြေးချဝါချတယ်ဆိုပြီး စစ်ကောင်စီလက်ဝေခံ KBZ ဘဏ်ပိတ်ပင် CJ Platform မြန်မာနိုင်ငံတဝန်း အဆိုးရွားဆုံးရေဘေးဒဏ်ခံဒေသတွေဆီ စစ်ကောင်စီလက်ဝေခံ ပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်တဲ့ ကမ္ဘာဇဘဏ်ရဲ့ KBZ pay မှတစ်ဆင့် လှူဒါန်းသူတွေရဲ့ အကောင့်တွေကို စစ်ကောင်စီက ပိတ်ပင်နေတယ်လို့ အပိတ်ခံရသူတွေက CJ Platform သို့ ပြောပါတယ်။ KBZ pay ရဲ့ စနစ်အရ ငွေလွှဲရာတွင် ရေးသားပေးရတဲ့မှတ်ချက်မှာ အများစုက “ရေဘေးအလှူ” ဆိုပြီး ရေးသားကာ လူသားချင်းစာနာမှုအနေနဲ့ ပြည်သူတွေရဲ့ လှူဒါန်းမှူကို ငွေကြေးခဝါချတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လိုက်လံပိတ်ပင်နေတာပါ။ အခုလို KBZ ဘဏ်အနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းကာ ပြည်သူတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့အတွက် ဘဏ်အပေါ် အလွန်စိတ်ပျက်မိတယ်လို့ အမည်မဖော်လိုတဲ့ KBZ pay…
-
အင်းစိန် ရွာမအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်
အင်းစိန် ရွာမအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက် သတိုး/People’s Spring ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ ယနေ့ (စက်တင်ဘာ ၁၈) နေ့လည် ၂ နာရီခန့်တွင် အဆိုပါအုပ်ချုပ်ရေးမှူးရုံးကို YAနှင့် အနောက်ပိုင်းခရိင် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်များ ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်ကြောင်း ၎င်းက ပြောသည်။ စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကို အားပေးအားမြှောက်ပြုနေသည့် အုပ်ချုပ်ရေးမှူးများအား ၎င်းတို့အဖွဲ့အနေဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဟု YA အသိပေးသည်။ “နောက်ထပ်ဇောင်းကြွနေသော အုပ်ကြီးများ သတိထားကြ”ဟု YA ကသတိပေးထားသည်။ Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖတို့သည် ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်ကလည်း မှော်ဘီမြို့ရှိ…
-
မိတ္တီလာတွင် ရဲကင်းကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရ
မိတ္တီလာတွင် ရဲကင်းကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရ ရန်ကုန်၊ စက်တင်ဘာ ၁၈ မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးရှိ ရဲကင်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ထီလာပြည်သူ့ ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန် မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်းဘေးရှိ ရဲကင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးဖောက်ခွဲမှုကြောင့် ရဲ ၃ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။ “ပွဲတော်ရှိတဲ့အချိန် အဲလိုဂိတ်လေးတွေကို ရပ်ကွက်ဆုံတဲ့နေရာ၊…
-
“လာကူညီတဲ့လူတွေကို ဆန်အိတ်သယ်ခ တအိတ်ကို၇၀၀၀၀တောင်းတဲ့ရွာအလှူရှင်တွေပေါက်ကွဲပြီး ပြန်ကုန်ပြီ”
“လာကူညီတဲ့လူတွေကို ဆန်အိတ်သယ်ခ တအိတ်ကို၇၀၀၀၀တောင်းတဲ့ရွာအလှူရှင်တွေပေါက်ကွဲပြီး ပြန်ကုန်ပြီ” ဆန် လာလှူတဲ့ အလှူရှင်တွေဆီက သယ်ခ ပြန်တောင်းတယ်တဲ့။ ဆန် တစ်အိတ်သယ်ခ နှစ်သောင်း (ခုနှစ်သောင်းဆိုလား သိပ်မကြားရ )တဲ့လေ။ သြော် မိုက်ရိုက်လေခြင်း
-
ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် နေထိုင်သော မိသားစုတစ်ခုတည်းမှ လင် မယား ၂ ဦးနှင့် ကလေး ၃ ဦး ရေထဲမျောပါမှု အမျိုးသမီး ၁ ဦးသာ အသက်ကျန်ရစ်ပြီး ကျန်မိသားစုဝင်အားလုံး၏ အလောင်းများ ပြန်လည် ရရှိ
ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် နေထိုင်သော မိသားစုတစ်ခုတည်းမှ လင် မယား ၂ ဦးနှင့် ကလေး ၃ ဦး ရေထဲမျောပါမှု အမျိုးသမီး ၁ ဦးသာ အသက်ကျန်ရစ်ပြီး ကျန်မိသားစုဝင်အားလုံး၏ အလောင်းများ ပြန်လည် ရရှိ ရန်ကုန်၊ စက်တင်ဘာ ၁၈ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် နေထိုင်သော မိသားစုတစ်ခုတည်းမှ လင်မယား ၂ ဦးနှင့် ကလေး ၃ ဦး စုစုပေါင်း ၅ ဦး ရေထဲမျောပါသွားခဲ့ရာမှ အမျိုးသမီး ၁ ဦးသာ အသက်ကျန်ရစ်ပြီး ကျန်မိသားစုဝင်အားလုံး၏ အလောင်းများ ပြန်လည် ရရှိကြောင်း ကယ်ဆယ်ရေးသမားများထံမှ သိရှိရသည်။ စက်တင်ဘာလ ၁၃ ရက်နေ့ ဝမ်းတွင်းတွင် ရေကြီးမှုကြောင့် ရိုးစုံကျေးရွာတွင် နေထိုင်သော…
-
တပ်ကုန်းမြို့နယ်မှာ ရေဘေးသင့်သူ တစ်ရာနီးပါး အစာအဆိပ်သင့်
တပ်ကုန်းမြို့နယ်မှာ ရေဘေးသင့်သူ တစ်ရာနီးပါး အစာအဆိပ်သင့် ~~~ ■ နေပြည်တော် တပ်ကုန်းမြို့နယ် ချောင်းခြားရွာမှာ စက်တင်ဘာ ၁၇ ရက်နေ့ ညပိုင်းက ရေဘေးကူညီကယ်ဆယ်ရေးအတွက် လာရောက်လှူဒါန်းတဲ့ အစားအသောက်တချို့ကို စားမိရာကနေ အစာဆိပ်သင့်ပြီး လူတစ်ရာနီးပါး ဆေးရုံတက် ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးသင့်သူတွေ မူးဝေအော့အန်တာနဲ့ ဝမ်းလျှောတာတွေ ဖြစ်ကြတာကြောင့် မနေ့က ည ခုနစ်နာရီခန့်မှာ တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ကူညီပို့ဆောင်ပေးခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။ “ဖြစ်တာက တစ်ရွာလုံးနီးပါး ဖြစ်တာ။ အစာအဆိပ်သင့်တဲ့ လက္ခဏာလို့ ထင်ရတယ်။ ကျား၊ မ ကိုးဆယ်လောက် ရှိတယ်။ လူတွေက အော့အန်ပြီးတော့ ဝမ်းသွားတယ်။ နုံးချည့်ပြီးတော့ တချို့ဆို ရှော့ရသွားတယ်။ ရေဘေး ကယ်ဆယ်ရေးမှာ…
-
မုံရွာမှာ ပြန်ဆုံမယ် စစ်ဆင်ရေး ကနဦးအဖြစ် နမခ ကို တိုက်ခိုက်၊ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု ခုနစ်ဦး သေ ဟုဆို၊ စစ်ဆင်ရေး တွေ ထပ်ရှိလာဦးမယ်လို့ ပြော၊
မုံရွာမှာ ပြန်ဆုံမယ် စစ်ဆင်ရေး ကနဦးအဖြစ် နမခ ကို တိုက်ခိုက်၊ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု ခုနစ်ဦး သေ ဟုဆို၊ စစ်ဆင်ရေး တွေ ထပ်ရှိလာဦးမယ်လို့ ပြော၊ MN/MFP ၊ စက်တင်ဘာ – ၁၇ “မုံရွာမှာ ပြန်ဆုံမယ်” စစ်ဆင်ရေးအဖြစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို စက်တင်ဘာလ (၁၁) ရက်က တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု ခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များတယ်လို့ Chindwin Rocket Brothers-CRB အဖွဲ့ တာဝန်ခံ ကိုဇော်ဇော် က MFP ကို ပြောပါတယ်။ စစ်အုပ်စုရဲ့ မုံရွာ…
-
မှော်ဘီဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့ဟု USOပြော
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်တပ် ဗိုလ်သင်တန်းကျောင်းကို ၄၀ မမ ဗုံးပစ်အမြှောက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ မန္တလေးတွင်လည်း ယမန်နေ့ညပိုင်း ပေါက် ကွဲ သံနှင့်သေနတ်သံတချို့ ထွက်ပေါ် ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗိုလ်သင်တန်း ကျောင်းကို ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (U.S.O) က သတင်းထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် ည ၇ နာရီ ၄၀ မိနစ်အချိန် မြို့ပြအထူးစစ် ဆင်ရေး အဖြစ် မှော် ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗိုလ်သင်တန်း ကျောင်း ကို ၄၀ မမ ဖြင့် ပစ်ခတ်…
-
စစ်အင်ဂျင်နီယာတပ်မှ စစ်သည်နှင့်အရာရှိများ ရှေ့တန်းမထွက်ရရေး ဒုညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးကို သိန်းရာချီ လာဘ်ထိုးရ၊ ငွေမပေးနိုင်သော စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ရှေ့တန်းအပို့ခံရပြီး သေဆုံးမှုနှင့်ပျောက်ဆုံးမှုများ ဖြစ်ပေါ်
စစ်အင်ဂျင်နီယာတပ်မှ စစ်သည်နှင့်အရာရှိများ ရှေ့တန်းမထွက်ရရေး ဒုညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးကို သိန်းရာချီ လာဘ်ထိုးရ၊ ငွေမပေးနိုင်သော စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ရှေ့တန်းအပို့ခံရပြီး သေဆုံးမှုနှင့်ပျောက်ဆုံးမှုများ ဖြစ်ပေါ် ရန်ကုန်၊ စက်တင်ဘာ ၁၈ အကြမ်းဖက်စစ်ကောင်စီ၏ လက်ရုံးတပ်တစ်ခုဖြစ်သော စစ်အင်ဂျင်နီယာတပ်မှ စစ်သည်နှင့်အရာရှိများက ရှေ့တန်းမထွက်ရရေး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးကို သိန်းရာချီ လာဘ်ထိုးနေရပြီး မပေးနိုင်သူများ ရှေ့တန်းအပို့ခံရပြီး သေဆုံးနှင့်ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်အင်ဂျင်နီယာတပ်ဖွဲ့ တွင် ညွှန်ကြားရေးမှူးအဖြစ် ဗိုလ်ချုပ်ဇော်နိုင်ဦးကလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး အဖြစ် ဗိုလ်မှူးချုပ် ခင်မောင်အေးက လည်းကောင်း တာဝန်ယူထားပြီး စစ်အင်ဂျင်နီယာများ အပြောင်းအရွှေ့၊ ရှေ့တန်းပို့အင်အားနှင့်နေရာချထားရေးကို ဗိုလ်မှူးချုပ် ခင်မောင်အေးက တာဝန်ယူရကြောင်း သိရှိရသည်။ လက်ရှိတွင် စစ်ကောင်စီက ရှေ့တန်းသို့ တပ်များစေလွှတ်ရာတွင် အင်အား မလုံလောက်သဖြင့်…
-
ရွှေကူမြို့နယ်ဘက်ကို ပြန်လှည့်လာသည့် စစ်သင်္ဘောများကို ပစ်ခတ် တိုက်ခိုက်မှု သင်္ဘော ၁ စီး နစ်မြုပ်သွားပြီး ကျန် ၂ စီး ရေလယ်ခေါင်တွင် စက်ပျက်နေ
ရွှေကူမြို့နယ်ဘက်ကို ပြန်လှည့်လာသည့် စစ်သင်္ဘောများကို ပစ်ခတ် တိုက်ခိုက်မှု သင်္ဘော ၁ စီး နစ်မြုပ်သွားပြီး ကျန် ၂ စီး ရေလယ်ခေါင်တွင် စက်ပျက်နေ ရန်ကုန်၊ စက်တင်ဘာ ၁၇ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ဘက်ကို ပြန်လှည့်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများကို ပစ်ခတ် တိုက်ခိုက်ရာ သင်္ဘော ၁ စီး နစ်မြုပ်သွားပြီး ကျန် ၂ စီး ရေလယ်ခေါင်တွင် စက်ပျက်နေကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရွှေကူဆိပ်ကမ်း၌ ၄ ရက်ကြာ ရပ်နားပြီးနောက် ဗန်းမောက်ဘက်သို့ ဆန်တက်လာသော စစ်သင်္ဘော ၅ စီးကို…