အင်းစိန် ရွာမအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်

by

in

အင်းစိန် ရွာမအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်
သတိုး/People’s Spring

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ယနေ့ (စက်တင်ဘာ ၁၈) နေ့လည် ၂ နာရီခန့်တွင် အဆိုပါအုပ်ချုပ်ရေးမှူးရုံးကို YAနှင့် အနောက်ပိုင်းခရိင် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်များ ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်ကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကို အားပေးအားမြှောက်ပြုနေသည့် အုပ်ချုပ်ရေးမှူးများအား ၎င်းတို့အဖွဲ့အနေဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဟု YA အသိပေးသည်။
“နောက်ထပ်ဇောင်းကြွနေသော အုပ်ကြီးများ သတိထားကြ”ဟု YA ကသတိပေးထားသည်။
Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖတို့သည် ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်ကလည်း မှော်ဘီမြို့ရှိ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းဂိတ်ကင်းကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်။