မိတ္တီလာတွင် ရဲကင်းကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရ

by

in

မိတ္တီလာတွင် ရဲကင်းကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးရှိ ရဲကင်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ထီလာပြည်သူ့ ကာကွယ်​ရေး အဖွဲ့က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန် မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်း​ဘေးရှိ ရဲကင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးဖောက်ခွဲမှုကြောင့် ရဲ ၃ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။
“ပွဲတော်ရှိတဲ့အချိန် အဲလိုဂိတ်လေးတွေကို ရပ်ကွက်ဆုံတဲ့နေရာ၊ လမ်းဆုံနေရာတွေမှာ ဖွင့်ထားတဲ့ ဂိတ်ပါ။ ဒီကလည်း ဖောင်တော်ဦး ဘုရားပွဲရက်ရှိတော့ ဖွင့်တာ၊ ဘုရားပွဲမရှိရင်တော့ အဲဒီရှေ့ကို တိုး ပြီးတော့ လုပ်တယ်၊ အဲဒီဂိတ်က အမြဲတမ်းလိုလို ရှိတယ်၊ မနက်ပိုင်းပွဲတော်မစခင် ၈ နာရီလောက်မှာ ခွဲခဲ့လိုက်တာ၊ ၂ ဦးသေသွားတယ်၊၁ ဦးကတော့ သေမလားမသိဘူး။ သေဖို့ကတော့များတယ်လို့ ပြော တယ်၊ နှစ်ယောက်ကတော့ ခြေထောက်ပြတ်တယ်၊ ရဲမေနှစ်ယောက်မှာ တစ်ယောက်က ထိခိုက် ဒဏ်ရာပြင်းထန်တယ်ပေါ့၊ တစ်ယောက်ကတော့ မျက်လုံးထွက်သွားတယ်၊သေတာက ၂ ယောက်၊ အ ပြင်းအထန်ဒဏ်ရာရတာက ၃ ယောက်၊သိပ်မပြင်းထန်တဲ့ဒဏ်ရာရတာက ၄ ယောက်ပါ၊ ပြည်သူမပါ ဘူး။ ရဲနဲ့ စခလိုလားတဲ့ အုပ်ချုပ်ရေးတွေတော့ပါလောက်တယ်” ဟု မိတ္တီလာမြို့နယ် ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ စက်တင်ဘာလ ၁၆ ရက် ည ၉ နာရီဝန်းကျင် အချိန်ခန့်ကလည်း မိတ္ထီလာမြို့ပေါ်ရှိ မြို့မ ရဲစခန်းရှေ့၌လည်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းတစ်လုံးပေါက်ကွဲပြီး တစ်လုံးပေါက် ကွဲမှုမရှိကြောင်း၊မိုင်းပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား၊ ရဲများ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာမြို့နယ် ပကဖ နှင့် မိတ္ထီလာခရိုင်တပ်ရင်း ၄ ရဲဘော်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
မိတ္တီလာမြို့မှ ပြည်သူတစ်ဦးက “မနက် ၈ နာရီလောက်မှာ မိတ္ထီလာ နန်းတော်ကုန်းရပ်ကွက် သံလမ်းနားက အစောင့် ရဲကင်းနား ဗုံးကွဲတယ်။ ရဲ ၁ ဦး ခြေ ထောက်ပြတ်တယ်။ အခြား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်သူတွေ ဒဏ်ရာပြင်းထန်တယ်။ ဆိုင်ကယ်တွေကတော့ အများကြီးပဲ ပျက်စီးတာ” ဟု ပြောဆိုသည်။
ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က မိတ္တီလာမြို့ကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ် ဆောင်ခဲ့ပြီး ဂိတ်ချ စစ်ဆေးမှုများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
မိတ္ထီလာမြို့နယ် ပကဖနှင့် မိတ္ထီလာခရိုင်တပ်ရင်း များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား များကို အရှိန်မြှင့်တိုက်ခိုက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲ၊ အုပ်ချုပ် ရေးမှူးများနှင့် ပူးပေါင်းလုပ်ကိုင် နေထိုင်ခြင်းမပြုရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းဆောင် ရွက်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ဆယ်အိမ်မှူးရာအိမ်မှူးများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ- ဗုံးကွဲမှုကြောင့် ထိခိုက်သေဆုံးသွားသော ရဲ ၃ ဦး။