Author: admin
-
ဧရာဝတီတိုင်းအတွင်းရှိ ဘောမိကျေးရွာကို AA ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များ ရွှေသောင်ယံ အထိ တပ်ဆုတ်ပြေး
ဧရာဝတီတိုင်းအတွင်းရှိ ဘောမိကျေးရွာကို AA ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များ ရွှေသောင်ယံ အထိ တပ်ဆုတ်ပြေး ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၈ရက် ဧရာဝတီတိုင်းအတွင်းရှိ ဘောမိကျေးရွာကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး စစ်ကောင်စီ တပ်များ ရွှေသောင်ယံကမ်းခြေဘက်ထိ တပ်ဆုတ်ပြေးနေကြောင်း ဧရာ၀တီတိုင်း စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။ ယနေ့ ဇန်နဝါရီ ၁၈ရက်နေ့ နေ့လယ် ၂နာရီ ၃၀မိနစ်အချိန်က ဘောမိဘက်သို့ ပုသိမ်မှ လေယာဉ်များ တက်သွားပြီး ယမန်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ “လေယာဉ်တွေတက်သွားတယ်။ ဘောမိကတော့စခန်းတွေ ကုန်သလောက်ရှိသွားပါပြီ” ဟု တော်လှန် ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ဧရာ၀တီတိုင်းရှိ စစ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ရက်နေ့ကတည်းက ဘောမိကျေးရွာရှိ စစ်ကောင်စီတပ်များနှင့် AA…
-
ရွှေသောင်ယံမြို့နယ်တိုက်ပွဲတွင် စစ်တပ် စစ်ကြောင်း တစ်ကြောင်း သေဆုံးထိခိုက်သူအများအပြားဖြင့် တပ်ဆုတ်
ရွှေသောင်ယံမြို့နယ်တိုက်ပွဲတွင် စစ်တပ် စစ်ကြောင်း တစ်ကြောင်း သေဆုံးထိခိုက်သူအများအပြားဖြင့် တပ်ဆုတ် အိမ်သွင်/People’s Spring ဂွမြို့နယ်စပ် နှင့် ရွှေသောင်ယံမြို့နယ်အတွင်း ခံစစ်အတွက် စစ်ရေယာဉ်ဖြင့် ပို့ဆောင်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သည် သေဆုံးဒဏ်ရာရအများအပြားဖြင့် ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ပြန်ဆုတ် ခွာလာကြောင်း စုံစမ်းသိရသည်။ “ဟိုရက်က တက်သွားတဲ့ သင်္ဘော ပြန်ဝင်လာပြီ။ အတိုအပြတ်တွေ အများကြီးပဲ။ ကားတွေနဲ့ တိုက်သယ်နေတယ်။ ဒေသခံတွေရဲ့ စက်လှေတွေ၊ ကားတွေကို ချောဆွဲပြီး သယ်နေတယ်” ဟု ယင်းအခြေအနေကို သိထားသည့် သတင်းရင်းမြစ်ကပြောသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဂွ နှင့် ရွှေသောင်ယံနယ်စပ်၌ တိုက်ပွဲပြင်းထန်နေစဉ် ဇန်န ဝါရီ ၈ ရက်၊ ၉ ရက်၊ ၁၀ရက်တို့တွင် စစ်ကောင်စီက လေကြောင်း၊…
-
ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ စုဆောင်းခံရသူ လူငယ် ၄၀၀ နီးပါးကို ဟိုပုံးမြို့ရှိ စစ်သင် တန်းကျောင်းသို့ ပို့ဆောင်၊ ပေါ်တာဆွဲ ဖမ်းဆီးမှုများ အပါအဝင် အဓမ္မ စုဆောင်းမှုများကြောင့် ရန်ကုန်တိုင်းတွင် လစဉ် စစ်မှုထမ်းတပ်သားသစ် အရေအတွက် ၁၀၀၀ ကျော် အထက် ရရှိနေ
ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ စုဆောင်းခံရသူ လူငယ် ၄၀၀ နီးပါးကို ဟိုပုံးမြို့ရှိ စစ်သင် တန်းကျောင်းသို့ ပို့ဆောင်၊ ပေါ်တာဆွဲ ဖမ်းဆီးမှုများ အပါအဝင် အဓမ္မ စုဆောင်းမှုများကြောင့် ရန်ကုန်တိုင်းတွင် လစဉ် စစ်မှုထမ်းတပ်သားသစ် အရေအတွက် ၁၀၀၀ ကျော် အထက် ရရှိနေ ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ ဖမ်းဆီး စု ဆောင်းခံရသူ လူငယ် ၄၀၀ နီးပါးကို ဟိုပုံးမြို့ရှိ စစ်သင်တန်းကျောင်းသို့ ပို့ ဆောင်လိုက်ပြီဖြစ်ကြောင်း စုဆောင်းခံရသော လူငယ်များ၏ မိဘများနှင့် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်းအတွင်းတွင် ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ လမ်းများ၊ ရပ်ကွက်များတွင် ပေါ်တာဆွဲ…
-
AA သိမ်းပိုက်ထားသည့်မြို့များရှိ Non CDM ဝန်ထမ်းများကို စစ်ကောင်စီ လစာမပေး
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ မြို့တွေက စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းအားလုံးကို လစာမဲ့ခွင့်ပြုလုပ်ထားတယ်လို့ အဲဒီဝန်ထမ်းတွေဆီက သိရပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ အာရက္ခတပ်တော် (AA) အနေနဲ့ ရခိုင် မြို့ပေါင်း ၁၇ မြို့ရှိတဲ့အနက် ၁၄ မြို့အထိ သိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီမြို့တွေက စစ်ကောင်စီယန္တရားတွေလည်း ရပ်ဆိုင်းခဲ့ရတာကြောင့် ရွှေ့ပြောင်းနိုင်တဲ့ Non CDM ဝန်ထမ်းတွေကတော့ တခြားမြို့တွေမှာ သွားရောက် တာဝန်ထမ်းဆောင်နိုင်ပါတယ်။ ဒါပေမဲ့ မရွှေ့ပြောင်းနိုင်ဘဲ AA သိမ်းပိုက်ထားတဲ့မြို့တွေမှာ ကျန်နေခဲ့တဲ့ Non CDM ဝန်ထမ်းတွေကိုတော့ စစ်ကောင်စီက လစာမပေးတော့ဘဲ လစာမဲ့ခွင့်အဖြစ်ပြုလုပ်ထားကာ ဝန်ထမ်းအဖြစ်ကတော့ မထုတ်ပယ်သေးဘူးလို့ အဆိုပါဝန်ထမ်းတွေက ပြောပါတယ်။ စစ်တွေမြို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အရာရှိတယောက်က “အမိန့်ထုတ်ထားတာက စစ်တွေမှာလာပြီး တာဝန်ထမ်းဆောင်နိုင်ရင်…
-
အမ်းမြို့နယ်နှင့်ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ စစ်ကြောင်းမှ ဗိုလ်မှူးကျော်စိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး
အမ်းမြို့နယ်နှင့်ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ စစ်ကြောင်းမှ ဗိုလ်မှူးကျော်စိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော အကြမ်းဖက် စစ်တပ်၏ ခလရ ၁၅ စစ် ကြောင်းမှ ဗိုလ်မှူး ကျော်စိုးနိုင်သည် စနိုက်ပါ ထိမှန်သေဆုံးခဲ့ကြောင်း ခလရ ၁၅ တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ တပ်ရင်းမှ ဗိုလ်မှူး ကျော်စိုးနိုင်သည် စနိုက်ပါ ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူး ကျော်စိုးနိုင်ဦးစီးသော စစ်ကြောင်းသည် တောတွင်းထဲ ပိတ်မိနေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီ…
-
မြဝတီအခြေစိုက်ကျားဖြန့်ဂိုဏ်းများကို ခြေရာခံနိုင်ခဲ့ပြီးနောက် အစွမ်းကုန်ခြေမှုန်းမည်ဟုတရုတ်အစိုးရ ရာဇသံပေး ——————– မြဝတီကျားဖြန့်ဂိုဏ်းများကိုရှင်းလင်းရန် ကိုးကန့်ကျားဖြန့်ဂိုဏ်းများကိုနှိမ်နှင်းသည့်တပ်များ တပ်ဖြန့်ထားပြီဟုဆို
မြဝတီအခြေစိုက်ကျားဖြန့်ဂိုဏ်းများကို ခြေရာခံနိုင်ခဲ့ပြီးနောက် အစွမ်းကုန်ခြေမှုန်းမည်ဟုတရုတ်အစိုးရ ရာဇသံပေး ——————– မြဝတီကျားဖြန့်ဂိုဏ်းများကိုရှင်းလင်းရန် ကိုးကန့်ကျားဖြန့်ဂိုဏ်းများကိုနှိမ်နှင်းသည့်တပ်များ တပ်ဖြန့်ထားပြီဟုဆို ——————– Myanmar Now တရုတ်သရုပ်ဆောင်များကို ပစ်မှတ်ထားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းကို ခြေရာခံနိုင်ပြီဟု တရုတ်အစိုးရ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနမှတဆင့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။ ထိုရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးထားသူတို့ကို ကယ်တင်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဒေသအသီးသီးရှိ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ဖြန့်ထားပြီဟုလည်း ဆင်ဟွာသတင်းကဆိုသည်။ အဆိုပါတပ်များသည် ပြီးခဲ့သည့်နှစ် အစောပိုင်းက မြန်မာနိုင်ငံအရှေ့မြောက်ဘက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးအရာရှိများ၊ ကြံ့ခိုင်ရေးအမတ်ဟောင်းများဦးဆောင်သည့် ကိုးကန့်ဒေသအခြေစိုက် ကျားဖြန့်ဂိုဏ်းများကို နှိမ်နှင်းသည့် စစ်ဆင်ရေးတွင် ဦးဆောင်သည့်တပ်ဖွဲ့ဖြစ်သည်။ တရုတ်အစိုးရအာရုံစိုက်လာသည့် မြဝတီမြို့ကို လက်ရှိအချိန်တွင် စစ်တပ်၏နယ်ခြားစောင့်အရာရှိ စောချစ်သူဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသည်။ တရုတ်အစိုးရ၏အဆိုအရ မြဝတီအခြေစိုက် လူကုန်ကူးဂိုဏ်းသည်…
-
မြန်မာနိုင်ငံ၊ မြ၀တီတွင် ခိုအောင်းနေသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိထားပြီး အထူးတိုက်ဖျက်ချေမှုန်းရေး လုပ်မည်ဟု တရုတ်က ကြေညာ 🟥 မြ၀တီရှိ ရွှေက္ကိုလ်မြို့ အပါအဝင် ကျားဖြန့်လောင်းကစားဇုန်နေရာများမှာ စစ်ကောင်စီ မိတ်ဖက် ဗိုလ်မှူးကြီးစောချစ်သူ၏ BGF တပ်ဖွဲ့များက အကာအကွယ်ပေးထား
မြန်မာနိုင်ငံ၊ မြ၀တီတွင် ခိုအောင်းနေသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိထားပြီး အထူးတိုက်ဖျက်ချေမှုန်းရေး လုပ်မည်ဟု တရုတ်က ကြေညာ 🟥 မြ၀တီရှိ ရွှေက္ကိုလ်မြို့ အပါအဝင် ကျားဖြန့်လောင်းကစားဇုန်နေရာများမှာ စစ်ကောင်စီ မိတ်ဖက် ဗိုလ်မှူးကြီးစောချစ်သူ၏ BGF တပ်ဖွဲ့များက အကာအကွယ်ပေးထား ရန်ကုန်၊ ဇန်နဝါရီ ၁၈ မြန်မာနိုင်ငံ၊ မြ၀တီတွင် ခိုအောင်းနေသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိရပြီး အထူးတိုက်ဖျက်ချေမှုန်းရေး လုပ်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာလာကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ယမန်နေ့ သတင်းဖော်ပြသည်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက ထိုင်း-မြန်မာနယ်စပ်တွင် အဆက်အသွယ်ပြတ်တောက်၍ ပိတ်မိနေသော တ ရုတ် နိုင်ငံသားများအား အစွမ်းကုန်ကယ်ဆယ်၍ အမှုစုံစမ်းဆေးလျက်ရှိကြောင်း၊…
-
ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် ပြည်ခရိုင် ဒုရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူးသန်းလွင် အပါအဝင် ရဲအရာရှိ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်
ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် ပြည်ခရိုင် ဒုရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူးသန်းလွင် အပါအဝင် ရဲအရာရှိ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ် ရန်ကုန်၊ ဇန်နဝါရီ ၁၈ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးမှုဖြင့် ဖမ်းဆီးထားသော ပြည်ခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူး သန်းလွင် နှင့် ရဲအုပ် အောင်ကျော်စိုး တို့ကို ထောင်ဒဏ်များချမှတ်လိုက်ကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ နေပြည်တော် ရဲချုပ် ဦးစီးသော ရဲအထူးတရားရုံးက ပြည်ခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့်ကို ထောင် ဒဏ် ၁၀…
-
ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားခြင်း၊ သေဆုံးသူများရှိခြင်းနှင့် မွေးဖွားနှုန်း ကျဆင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ လူဦး ရေ ကျဆင်းသွားပြီး ၅၁ သန်းကျော်သာရှိတော့ဟု မင်းအောင်လှိုင်ပြော
ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားခြင်း၊ သေဆုံးသူများရှိခြင်းနှင့် မွေးဖွားနှုန်း ကျဆင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ လူဦး ရေ ကျဆင်းသွားပြီး ၅၁ သန်းကျော်သာရှိတော့ဟု မင်းအောင်လှိုင်ပြော ရန်ကုန်၊ ဇန်နဝါရီ ၁၈ မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားခြင်း၊ သေဆုံးသူများရှိခြင်းနှင့် မွေးဖွားနှုန်းကျဆင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ ကျဆင်းသွားပြီး ၅၁ သန်းကျော်သာရှိတော့ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပရန်အတွက် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူခဲ့ကြောင်း၊ ထိုသို့ ကောက်ယူရာတွင် ကောက်ခံရရှိသည့်အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေအနေဖြင့် ကျဆင်းသွားကြောင်း၊ လူဦးရေ ကျဆင်းရခြင်းမှာ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူ များပြားလာခြင်း၊ အကြောင်းအမျိုးမျိုး…
-
ပုံမှန် ဓာတ်အား ထုတ်လုပ်နိုင်စွမ်းရဲ့ ထက်ဝက်လောက်ထိ လျော့ကျနေကြောင်း စစ်ကောင်စီ ဝန်ခံ
ပုံမှန် ဓာတ်အား ထုတ်လုပ်နိုင်စွမ်းရဲ့ ထက်ဝက်လောက်ထိ လျော့ကျနေကြောင်း စစ်ကောင်စီ ဝန်ခံ -People’s Spring မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းဟာ ပုံမှန်အောက် ထက်ဝက်လောက် လျော့ကျနေကြောင်း စစ်ကောင်စီ အာဘော် မီဒီယာက ဝန်ခံခဲ့ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ Global New Light of Myanmar သတင်းဌာနက မြန်မာနိုင်ငံမှာ ဆိုးဆိုးရွားရွား ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပွားနေတဲ့ အကြောင်းကို အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြတဲ့ သတင်းတစ်ခုမှာ ထည့်သွင်း အတည်ပြုထားခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့ သတင်းက ပုပ္ပါး မဂ္ဂါဝပ် ၂၀၀ ဓာတ်အား ထုတ်လုပ်နိုင်မယ့် လေအားလျှပ်စစ် စီမံကိန်းကိစ္စ ရုရှားနဲ့ ဆွေးနွေးနေတဲ့အကြောင်းကို ဖော်ပြထားတာပါ။ စစ်အာဏာသိမ်းမှုအပြီး နိုင်ငံရေး အရှုပ်အထွေးတွေနဲ့…