စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ် ၄ဦးပါ ၄၀ခန့် သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရ

စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ် ၄ဦးပါ ၄၀ခန့် သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရ
ဇူလိုင် ၁၇
စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်(၄)ဦးပါ (၄၀)ခန့် သေဆုံးပြီး၊ (၂၀)ခန့် ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ နေပြည်တော်တိုင်းစစ်ဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
စစ်တောင်းမြစ်အနောက်ဘက်ကမ်းက အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက်စစ်ကြောင်းက ကရင်ချောင်းတံတား(ကျွဲရိုင်းပြင်)ကိုဖြတ်ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးတပ်ဖွဲ့ တွေကို အင်အားသာလွန်စွာနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ရေလွဲကျေးရွာရှိ ပြည်သူ့အိုးအိမ် (၄၀)ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲဒီသတင်းကို ရရှိတာနဲ့ တစ်ပြိုင်နက် နေပြည်တော် တပ်ရင်းအမှတ် (၈၀၁၊၈၀၂၊၈၀၃၊၈၀၄၊ ၈၀၅၊၈၀၆၊၈၀၇၊၈၀၈၊၉၀၁)နဲ့ တပ်ရင်း (၃၅၀၄) တို့ပူးပေါင်းပြီး ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်တဲ့ အခါမှာတော့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ကရင်‌ချောင်း‌ကျေးရွာကို ပြန်လည်ဆုတ်ခွာ သွားခဲ့ကြပါတယ်။
ဆုတ်ခွာသွားတဲ့စစ်ကြောင်းက အင်အားထပ်မံဖြည့်တင်းပြီး ဇူလိုင် ၇ရက်နေ့မှာအင်အား (၂၀၀)ဝန်း ကျင်နဲ့ စစ်ကြောင်း(၂)ကြောင်းဖြန့်ခွဲပြီးတော့ မိမိတို့တော်လှန်ရေးတပ်ပေါင်းစုတွေကို ထပ်မံထိုးစစ် ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ (၄)နာရီကြာ အပြင်းအထန်တိုက်ပွဲဖြစ် ပွားခဲ့ပြီးတစ်ရက်လုံးနီးပါဆက်လက်‌ထိတွေ့တိုက်ပွဲငယ်တွေပြင်းထန်ခဲ့ပါတယ်။
“တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဗိုလ်(၄)ဦးအပါ အင်အား (၄၀)ခန့် ကျဆုံးပြီး ၊ (၂၀)ခန့်ဒဏ်ရာရရှိကာ စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မိမိ‌တို့ပူး ပေါင်းတပ်ဖွဲများ အထိအခိုက်မရှိခဲ့ဘူး”လို့ နေပြည်တော်တိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဆုတ်ခွာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့နေရာတွေကို ဗုံးသီးအကြွင်း အကျန်နဲ့ မိုင်းတွေကို ပြည်သူတွေထိခိုက်မှု့မရှိစေဖို့ ပြန်လည်ရှင်းလင်းတွေ ဆောင်ရွက်ခဲ့ပြီး နယ်မြေတွေကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။