ဓာတ်ပုံ – ချီရပ်ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ အက်ဒူလ် ဘိုလ်ဟက်ဆန်က စည်သူသည် ၎င်း၏ အိမ်ခန်း ၂၆ လွှာမှ ပြုတ်ကျပြီး သေဆုံးသွားခဲ့ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သေဆုံးသူ၏ ဒဏ်ရာမှာ ပြုတ်ကျခြင်းကြောင့်ဖြစ်ကြောင်း ရင်ခွဲစစ်ဆေးချက်က အတည်ပြုခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ပျောက်ဆုံးနေသည့် မြန်မာကျောင်းသားတဦး သေဆုံးကြောင်းကို တက္ကသိုလ်က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် အတည်ပြုခဲ့သည်။
ယင်းဖြစ်ရပ်သည် မလေးရှားပုဂ္ဂလိကကောလိပ်များတွင် ကျောင်းသားများနှင့် ပတ်သက်သည့် ကြေကွဲဖွယ် ဖြစ်ရပ်များအနက် လတ်တလောဖြစ်ရပ်တခုဖြစ်သည်။
ကွာလာလမ်ပူမြို့ရှိ UCSI တက္ကသိုလ်မှ အသက် ၂၀ နှစ်အရွယ် ဗိသုကာကျောင်းသား စည်သူဖုန်းမော်ကို ကျောင်း ဝင်းအနီးရှိ အငှားတိုက်ခန်းတွင် ဇူလိုင် ၉ ရက်က နောက်ဆုံးတွေ့ခဲ့ရသည်။ ၎င်းပျောက်ဆုံးနေကြောင်းကို တက္ကသိုလ်က သတင်းပေးပို့ခဲ့သဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ချီရပ်ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ အက်ဒူလ် ဘိုလ်ဟက်ဆန်က စည်သူသည် ၎င်း၏ အိမ်ခန်း ၂၆ လွှာမှ ပြုတ်ကျပြီး သေဆုံးသွားခဲ့ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သေဆုံးသူ၏ ဒဏ်ရာမှာ ပြုတ်ကျခြင်းကြောင့်ဖြစ်ကြောင်း ရင်ခွဲစစ်ဆေးချက်က အတည်ပြုခဲ့သည်။
၎င်းပျောက်ဆုံးသွားသည့်နေ့ မနက် ၈ နာရီ ၃၀ ခန့်တွင် ယင်းမတော်တဆမှုကို CCTV တွင် ဖမ်းမိခဲ့ကြောင်း အက်ဒူလ်က ပြောကြားသည်။
သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးကြောင်းနှင့် ၎င်း၏ “စိတ်အားထက်သန်မှု၊ စူးစိုက်နှစ်မြှုပ်မှုနှင့် ၎င်း၏ အနီး အနားရှိသူများကို ပျော်ရွှင်စေခဲ့မှု” အတွက် သတိရမိကြောင်း လူမှုမီဒီယာပေါ်တွင် တင်ထားသည့် ကြေညာချက် တွင် တက္ကသိုလ်က ဖော်ပြထားသည်။
“ ယင်းကြီးမားသည့် ဆုံးရှုံးမှုအတွက် မိသားစု၊ သူငယ်ချင်းများ၊ ချစ်ရသူများနှင့် ထပ်တူဝမ်းနည်းပူဆွေးရပါသည်” ဟု ကျောင်းတက်နေသည့် မြန်မာကျောင်းသားများကို ရည်ညွှန်းပြီး ကြေညာချက်တွင် ဝမ်းနည်းကြော်ငး ဖော်ပြထားသည်။
အနီးနားရှိ အာရှ-ပစိဖိတ်တက္ကသိုလ်မှ မြန်မာကျောင်းသားအဖွဲ့ဒုတိယဥက္ကဋ္ဌ ထက်ဦးလွင်က စည်သူသေဆုံးသည့် သတင်းကို ရဲများက ဆက်လက်စုံစမ်းနေသော်လည်း ၎င်း၏ မိသားစုမှ အတည်ပြုပေးထားကြောင်း ပြောသည်။
“မေတ္တာ၊ ဂရုစိုက်မှုနဲ့ ဆုတောင်းမှုတွေအတွက် အားလုံးကို ကျေးဇူးတင်တယ်လို့ စည်သူ့မိသားစုက ပြောပါတယ်။ ပံ့ပိုးမှုအတွက် ကျေးဇူးအများကြီး တင်တယ်လို့ ပြောပါတယ်” ဟု မိသားစုက ယင်း ဝမ်းနည်းပူဆွေးမှုအတွက် လူသိမခံလိုကြောင်းလည်း ၎င်းက ထပ်လောင်းပြောသည်။
၂၀၂၃ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံသား ၁၇,၀၀၀ ကျော်သည် ပြည်ပတွင် ပညာသင်ကြားနေပြီး ထိုင်းနှင့် ဂျပန်ကောလိပ်များတွင် စာရင်းသွင်းသူ ၇,၀၀၀ ကျော်ရှိသည်။ မလေးရှား၊ စင်္ကာပူ၊ တရုတ်နှင့် တောင်ကိုရီးယား တို့တွင်လည်း မြန်မာကျောင်းသားအများအပြားရှိသည်။
စည်သူသေဆုံးမှုက အွန်လိုင်းပေါ်တွင် ဝမ်းနည်းပူဆွေးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို ဖြစ်ပေါ်စေခဲ့ပြီး မလေးရှား နိုင်ငံ သားများက ၎င်းအား “သေဆုံးမှုများထဲမှ တဦး” ဟုခေါ်ဆိုကြသည်။ လူမှုမီဒီယာတွင် မှတ်ချက်ပေးသူတဦး ဖြစ်သည့် မိုလီချန်ဆန်ဒူက “မိသားစုအတွက်ရော ကျွန်မတို့အတွက်ပါ အရမ်းကြေကွဲရပါတယ်” ဟု ရေးသား ခဲ့သည်။
စူဘန်ဂျာရာမြို့ရှိ တေလာတက္ကသိုလ်တွင် ရည်းစားဟောင်းဖြစ်သူက တရုတ်နိုင်ငံသူတဦးအား လည်ပင်းကို ဓားဖြင့် လှီးပြီးနောက် ရက်ပိုင်းအကြာတွင် စည်သူကွယ်လွန်ကြောင်း သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
သွေးစွန်းနေသည့် ကျောင်းသူကို အကူအညီပေးနေသူများနှင့် ကျောင်းဝင်းရဲတပ်ဖွဲ့က တိုက်ခိုက်သူကို ဖမ်းဆီးနေ သည့် ဗီဒီယိုဖိုင်သည့် လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့သည်။
ဒဏ်ရာရရှိသူအား ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ထိုအတောအတွင်း၊ ဆိုက်ဘာဂျာရာတက္ကသိုလ်မှ ကာယကုထုံးကျောင်းသူတဦးကို ဇွန်လတွင် အိမ်ဖော်နှင့် သူမ၏ချစ်သူတို့က သတ်ဖြတ်ခဲ့ပြီးနောက် အသတ်ခံရသူ၏ ဘဏ်ကတ်ဖြင့် ငွေထုတ်ယူခဲ့ကြသည်။
အသက် ၁၉ နှစ်အရွယ် ကျူးလွန်သူနှစ်ဦးစလုံးသည် ပြစ်မှုထင်ရှားပါက သေဒဏ် သို့မဟုတ် တနည်းအားဖြင့် ထောင်ဒဏ် အနှစ် ၃၀ မှ ၄၀ အထိနှင့် ကြိမ်ဒဏ် ၁၂ ချက်ထက်မနည်း ကျခံရနိုင်သည်။
SCMP မှ Missing Myanmar undergrad found dead in Malaysia: ‘one too many deaths’အား သောမတ် ဘာသာပြန်သည်။