Author: admin

  • တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်လိုက်သည့် တရုတ်စီမံကိန်းကြီးများ

    တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်လိုက်သည့် တရုတ်စီမံကိန်းကြီးများ

    by

    in

    တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်လိုက်သည့် တရုတ်စီမံကိန်းကြီးများ …….. ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်မြို့တွေကနေ နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထဲအထိ စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်နယ်မြေတွေ ဆုတ်ယုတ်လာပြီး၊ အဲ့ဒီဒေသတွေက တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အများအပြားဟာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်က ရောက်ရှိလာပါတယ်။ မြန်မာ-တရုတ် နယ်စပ်မျဉ်းကနေ မန္တလေးမြို့အနီးထိ လက်လွှတ်လိုက်ရတဲ့ စစ်ရှုံးစစ်ကောင်စီဟာ မြန်မာရဲ့ အကြီးဆုံးကုန်သွယ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံသူ စီးပွားဖက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို အပြည့်အဝကာကွယ်နိုင်စွမ်း ကင်းမဲ့သွားပြီလို့ စစ်ရေးနဲ့ စီးပွားရေးလေ့လာသူတွေက ပြောပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရင်းနှီးမြှုပ်နှံထားတဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲက တရုတ်နိုင်ငံပိုင်စီမံကိန်းတစ်ခုဖြစ်တဲ့ တကောင်းနီကယ်စက်ရုံကို အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ပြည်သူကာကွယ်ရေးတပ်တွေက ဇူလိုင်လကုန်မှာ သိမ်းပိုက်ထားပါတယ်။ စစ်ကောင်စီတပ်စွဲခဲ့တဲ့ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက တရုတ်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့ အယ်လ်ဖာဘိလပ်မြေစက်ရုံဧရိယာထဲမှာလည်း အခုဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေက တပ်စွဲထားနိုင်ပါပြီ။…

  • သာယာဝတီခရိုင်တွင် စစ်တပ်က ၅ ရက်တာအတွင်း ပြည်သူ ၁၄၅ ဦးကို ပေါ်တာဆွဲဖမ်းဆီး၊ ငွေကျပ်သိန်း ၅၀ ဖြင့် လိုက်ရွေးသူများကို ပြန်လွှတ်ပေး

    သာယာဝတီခရိုင်တွင် စစ်တပ်က ၅ ရက်တာအတွင်း ပြည်သူ ၁၄၅ ဦးကို ပေါ်တာဆွဲဖမ်းဆီး၊ ငွေကျပ်သိန်း ၅၀ ဖြင့် လိုက်ရွေးသူများကို ပြန်လွှတ်ပေး

    by

    in

    သာယာဝတီခရိုင်တွင် စစ်တပ်က ၅ ရက်တာအတွင်း ပြည်သူ ၁၄၅ ဦးကို ပေါ်တာဆွဲဖမ်းဆီး၊ ငွေကျပ်သိန်း ၅၀ ဖြင့် လိုက်ရွေးသူများကို ပြန်လွှတ်ပေး ရန်ကုန်၊ ဩဂုတ် ၂၀ ပဲခူးတိုင်း၊ သာယာဝတီခရိုင်တွင် အကြမ်းဖက် စစ်တပ်က ၅ ရက်တာအတွင်း ပြည်သူ ၁၄၅ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေကျပ်သိန်း ၅၀ ဖြင့် လိုက်ရွေးသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က သာယာဝတီခရိုင်အတွင်းရှိ လက်ပံတန်းမြို့နယ်မှ ပြည်သူ ၃၀ ကျော်၊ မင်းလှမြို့နယ်မှ ပြည်သူ ၅၀ ကျော်၊ အုတ်ဖိုမြို့နယ်မှ ပြည်သူ ၃၀ကျော်၊ ကြို့ပင်ကောက်မြို့နယ်မှ ပြည်သူ…

  • ဒုချုပ်စိုးဝင်း၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကြီး ဖွဲ့စည်းပုံပျက်ကာ တပ်ဆုတ်ခဲ့ပြီးနောက် ‌ဆင်ဖြူရှင်စစ်ကြောင်းကို  ထပ်မံဖွဲ့စည်းပြန်

    ဒုချုပ်စိုးဝင်း၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကြီး ဖွဲ့စည်းပုံပျက်ကာ တပ်ဆုတ်ခဲ့ပြီးနောက် ‌ဆင်ဖြူရှင်စစ်ကြောင်းကို ထပ်မံဖွဲ့စည်းပြန်

    by

    in

    ဒုချုပ်စိုးဝင်း၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကြီး ဖွဲ့စည်းပုံပျက်ကာ တပ်ဆုတ်ခဲ့ပြီးနောက် ‌ဆင်ဖြူရှင်စစ်ကြောင်းကို ထပ်မံဖွဲ့စည်းပြန် ဧရာဝတီတိုင်းမ် ဩဂုတ် ၂၀ ရက် ရှမ်းမြောက်တစ်ခုလုံးနီးပါး ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ရန် ဆင်ဖြူရှင် စစ်ဆင်ရေးဟုဆိုကာ ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သည့် စစ်ဆင် ရေးတစ်ခု ဖော်ဆောင်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၃ ရက်နေ့က ဆင်ဖြူရှင်စစ်ဆင်ရေးကို ဖွဲ့စည်းခဲ့ပြီး အဆိုပါစစ်ဆင်ရေးကို ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ဦးဆောင်မည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရသည်။ ဒုချုပ်စိုးဝင်းကိုယ်တိုင် ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ခန်းမတွင် စစ်ဆင်ရေးအထူး တပ်ဖွဲ့မှူး (ကစထမှူး)များ၊ တိုင်းမှူးများ၊ ကာကွယ်ရေးဦးစီးချုပ်(လေ)မှ ဗိုလ်ချုပ်များ၊ ဒရုန်းနည်းပညာ တပ်ဖွဲ့မှ ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်များ ပါဝင်သည့် အစည်း အဝေးတွင် ဆင်ဖြူရှင်စစ်ဆင်ရေး ဖွဲ့စည်းခဲ့သည်ဟု…

  • တောင်ငူမြို့နယ်၊ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင်ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက အိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သား သစ် စုဆောင်း

    တောင်ငူမြို့နယ်၊ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင်ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက အိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သား သစ် စုဆောင်း

    by

    in

    တောင်ငူမြို့နယ်၊ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင်ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက အိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သား သစ် စုဆောင်း ရန်ကုန်၊ ဩဂုတ် ၂၀ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင်ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက အိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလတွင် ဖွင့်လှစ်မည့် စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ်များ စုဆောင်းမရသဖြင့် စစ်တပ်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ကျေးရွာများတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို နေ့ရော ညပါ လုပ်ဆောင်လာကြောင်း၊ ယခင်က လမ်းဆုံနှင့် ရွာအဝင်အထွက်များတွင်သာ လူငယ်များကို ဖမ်းဆီးခဲ့ကြသော်လည်း ယခုအခါ ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များအပေါ်ထိ တက်ရောက်၍ လူငယ်များကို ဖမ်းဆီးနေကြောင်း…

  • မန္တလေးမှာ စျေးဝယ်ဟန်ပြုပြီး အိမ်ထဲဝင် လူသတ်၊ ပစ္စည်းလု၊ ကျူးလွန်သူတွေထဲ အမျိုးသမီးတွေ ပါဝင်ဟုဆို၊

    မန္တလေးမှာ စျေးဝယ်ဟန်ပြုပြီး အိမ်ထဲဝင် လူသတ်၊ ပစ္စည်းလု၊ ကျူးလွန်သူတွေထဲ အမျိုးသမီးတွေ ပါဝင်ဟုဆို၊

    by

    in

    မန္တလေးမှာ စျေးဝယ်ဟန်ပြုပြီး အိမ်ထဲဝင် လူသတ်၊ ပစ္စည်းလု၊ ကျူးလွန်သူတွေထဲ အမျိုးသမီးတွေ ပါဝင်ဟုဆို၊ ဒေါ်လာ/MFP ၊ ဩဂုတ် – ၂၀ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၈)လမ်းနဲ့ (၁၉)လမ်းကြား၊ (၈၆)လမ်း၊ ရွှေတချောင်းမြောင်းပေါ်၊ ညောင်ပင်စျေး အနီးက တံဆိပ်ခေါင်းရောင်းတဲ့ နေအိမ်ကို ဩဂုတ်(၁၉)ရက် ညနေပိုင်း လူတစ်စုက စျေးဝယ်ဟန်ပြုကာ နေအိမ်ထဲ ဝင်ရောက်ပြီး အိမ်ရှင်အမျိုးသမီးကြီးကို သတ်ကာ ကိုယ်မှာ ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ လုယက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ညနေ(၅)နာရီလောက် ဖြစ်သွားတာ။ အသတ်ခံရတဲ့ အဖွားက အသက်(၆၀)ဝန်းကျင်လောက် ရှိမယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၈)လမ်းနဲ့ (၁၉)လမ်းကြား၊ (၈၆-F)လမ်းရှိ ဒေါ်ခင်မာကြည်ရဲ့ နေအိမ်ကို…

  • သန်လျင်နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေတဲ့ တပ်မိသားစုဝင် အယောက် ၂၀ ကို စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရ

    by

    in

    သန်လျင်နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေတဲ့ တပ်မိသားစုဝင် အယောက် ၂၀ ကို စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရ CJ Platform ရန်ကုန်တိုင်း၊ သန်လျင်နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေတဲ့ တပ်မိသားစုဝင် အယောက် ၅၀ အနက် ၂၀ ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဆင့်ခေါ်ထားတယ်လို့ သန်လျင်နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများထံမှ သိရပါတယ်။ “မိန်းကလေးတွေပါ ပါတယ်။ သူတို့ တပ်မိသားစု စာရင်းကို ကျောင်းမှာ လာကောက်တာ စုစုပေါင်း ၅၀ ရှိတယ်။ အဲဒီထဲကနေ အခု ၂၀ ကို အရင်ခေါ်တာ။ ကျန်သူတွေကိုလည်း ဆက်ခေါ်မယ်ထင်တယ်” လို့ သန်လျင်နည်းပညာ ကျောင်းသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ စစ်မှုထမ်းဥပဒေကို ပြဌာန်းစဉ်မှာ ကျောင်းတက်ရောက်နေဆဲ ကျောင်းသား၊ ကျောင်းသူတွေကို ယာယီကင်းလွတ်ခွင့်…

  • “ပရိတ်သတ်အချစ်တောိအနုပညာရှင်ထောင်ကပြန်လွတ်လွတ်ခြင်းကွယ်လွန်”

    “ပရိတ်သတ်အချစ်တောိအနုပညာရှင်ထောင်ကပြန်လွတ်လွတ်ခြင်းကွယ်လွန်”

    by

    in

    “ပရိတ်သတ်အချစ်တောိအနုပညာရှင်ထောင်ကပြန်လွတ်လွတ်ခြင်းကွယ်လွန်”

  • မိုးမောက်၊ ခမရ ၄၃၇ တပ်သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀၀ ကျော်သေဆုံးခဲ့ဟု ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်အရာရှိ ဝန်ခံထွက်ဆို (ရုပ်/သံ)

    by

    in

    မိုးမောက်၊ ခမရ ၄၃၇ တပ်သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀၀ ကျော်သေဆုံးခဲ့ဟု ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်အရာရှိ ဝန်ခံထွက်ဆို (ရုပ်/သံ) ရန်ကုန်၊ ဩဂုတ် ၂၀ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ခမရ ၄၃၇ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀၀ ကျော်သေဆုံးခဲ့ကြောင်း အဆိုပါ တိုက်ပွဲတွင် ဖမ်းဆီးခံလိုက်ရသည့် စစ်သုံ့ပန်း အရာရှိက ဝန်ခံထွက်ဆိုလိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် ကချင်ပြည်နယ်၊ မိုးမောက်မြို့ပြင်ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက် ကျန်စခန်းဖြစ်သော ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ မိုးမောက်မြို့ပြင်ရှိ…

  • စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးစာရင်းများ စစ်တပ်က ကောက် ယူနေပြီး အမျိုးသမီးများ စစ်မှုထမ်းရန် ခေါ်ယူလျှင် စက်ရုံ၊ အလုပ်ရုံများ မထိ ခိုက်စေရေး UMFCCI က ကြိုတင်ပြင်ဆင် ■ စစ်မှုထမ်းမည့် အမျိုးသားလူငယ်အရေအတွက် လုံလောက်စွာမရတော့၍ အမျိုးသမီးများကို ခေါ်ယူရန် ပြင်ဆင်လာ

    စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးစာရင်းများ စစ်တပ်က ကောက် ယူနေပြီး အမျိုးသမီးများ စစ်မှုထမ်းရန် ခေါ်ယူလျှင် စက်ရုံ၊ အလုပ်ရုံများ မထိ ခိုက်စေရေး UMFCCI က ကြိုတင်ပြင်ဆင် ■ စစ်မှုထမ်းမည့် အမျိုးသားလူငယ်အရေအတွက် လုံလောက်စွာမရတော့၍ အမျိုးသမီးများကို ခေါ်ယူရန် ပြင်ဆင်လာ

    by

    in

    စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးစာရင်းများ စစ်တပ်က ကောက် ယူနေပြီး အမျိုးသမီးများ စစ်မှုထမ်းရန် ခေါ်ယူလျှင် စက်ရုံ၊ အလုပ်ရုံများ မထိ ခိုက်စေရေး UMFCCI က ကြိုတင်ပြင်ဆင် ■ စစ်မှုထမ်းမည့် အမျိုးသားလူငယ်အရေအတွက် လုံလောက်စွာမရတော့၍ အမျိုးသမီးများကို ခေါ်ယူရန် ပြင်ဆင်လာ ရန်ကုန်၊ ဩဂုတ် ၂၀ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များအပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများစာရင်းများကို ကောက် ယူနေကြောင်း တပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ယခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်းဥပဒေဖြင့် အမျိုးသားလူငယ်များကို တပ်သားသစ်များအဖြစ် စုဆောင်း၍ စစ်သင်တန်းများ ပေးကာ ရှေ့တန်းသို့ ပို့ဆောင်လျက်ရှိကြောင်း၊ အမျိုးသမီးများကို လတ်တလော မခေါ်ယူသေးဟု စစ်ကောင်စီက ကြေညာခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက စစ်မှုထမ်းရန်…

  • ရန်ကုန်အဝင် တိုးဂိတ်နှင့် စစ်ဆေးရေးဂိတ်များတွင် ဘန်ကာများအသစ် ပြင်ဆင်

    ရန်ကုန်အဝင် တိုးဂိတ်နှင့် စစ်ဆေးရေးဂိတ်များတွင် ဘန်ကာများအသစ် ပြင်ဆင်

    by

    in

    ပဲခူးကနေ ရန်ကုန်မြို့အဝင် တိုးဂိတ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဘန်ကာအသစ်တွေ ပြင်ဆင် ဆောက်လုပ်နေသလို စစ်သားတွေ အင်အားသုံး ပြန်ချထားတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေဆီက သိရပါတယ်။ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ အင်းတကော်က စစ်ဆေးရေးဂိတ်၊ ဇီရိုးမိုင်စစ်ဆေးရေးဂိတ်နဲ့ လေးထောင့်ကန်လမ်းက ရွာသာကြီးတိုးဂိတ်တို့မှာ ဘန်ကာအသစ်တွေ ပြင်ဆင်တာ၊ အင်အားတိုးချထားတာတွေ လုပ်နေတာလို့ ဆိုပါတယ်။ ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ ခရီးသွားတယောက်က “သဲအိတ်တွေနဲ့ ဘန်ကာအသစ်တွေ လုပ်နေတာလည်း တွေ့တယ်။ အုတ်ဘန်ကာတွေကိုလည်း ပြန်ပြင်ဆင်နေတယ်။ ရွာသာကြီးတိုးဂိတ်နဲ့ အင်းတကော် ရန်ကုန်ဘက် စစ်ဆေးရေးဂိတ်တွေမှာဆို လုံခြုံရေးရုပ်ထားတာ ကြာပြီ။ အခု လုံခြုံရေးစစ်သားတွေ ပြန်ချထားတယ်။ ရန်ကုန်အဝင် စစ်ဆေးတာတွေလည်း ပြန်လုပ်နေတယ်” လို့ ပြောပါတယ်။ အရင်က အင်းတကော်ဂိတ်မှာ ခရီးသည်တင်ကားပေါ်က မသင်္ကာတဲ့ လူငယ်တွေကို ခေါ်ယူစစ်ဆေးတာ၊ မှတ်ပုံတင်စစ်ပြီး မပါတဲ့သူတွေကို ငွေညှစ်တာတွေ ရှိခဲ့တယ်လို့…