Author: admin
-
မြ၀တီမြို့ကို ပြန်သိမ်းမည်ဟု ကြွေးကြော်ထားသော အောင်ဇေယျစစ်ကြောင်းတွင် စစ်တပ်က ပို့ပေးသော ရိက္ခာခြောက်များကို အရာရှိများသာ စားကြပြီး စစ်သားများမှာ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် ၃ ဦး မျှစားရဟု အလင်းဝင်လာသူများပြော
မြ၀တီမြို့ကို ပြန်သိမ်းမည်ဟု ကြွေးကြော်ထားသော အောင်ဇေယျစစ်ကြောင်းတွင် စစ်တပ်က ပို့ပေးသော ရိက္ခာခြောက်များကို အရာရှိများသာ စားကြပြီး စစ်သားများမှာ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် ၃ ဦး မျှစားရဟု အလင်းဝင်လာသူများပြော ရန်ကုန်၊ ဇန်နဝါရီ ၂ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် အာရှလမ်းမကြီးကို ပြန်လည် သိမ်းပိုက်မည်ဟု ကြွေးကြော်ထားသော အောင်ဇေယျစစ် ကြောင်းတွင် အကြမ်းဖက် စစ်တပ်က ပို့ပေးသော ရိက္ခာခြောက်များကို အရာရှိများသာ စားသောက်ခွင့်ရပြီး အောက်ခြေစစ်သားများမှာ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် ၃ ဦး မျှစားနေရကြောင်း အလင်းဝင်လာသူ စစ်သားများက ထုတ်ဖော်ပြောဆိုသည်။ KNU တပ်မဟာ ၆ နယ်မြေကို အကြမ်းဖက် စစ်ကောင်စီတပ်က ၎င်းတို့၏ အသက်သွေးကြောအတွက် အဓိကကျသော မြဝတီမြို့ နှင့် ကုန်သွယ်ရေး လမ်းကြောင်း…
-
စစ်သားနှင့်ဝန်ထမ်းများအားလုံး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့်အတူ ဘ၀ကို ပေးဆပ်မည်လား၊ ရုန်းထွက်မည်လား နောက်ဆုံး ရွေးရမည့် အချိန်ရောက်နေပြီး ပြည်သူကို ဆန့်ကျင်သူ မှန်သမျှ နိဂုံးမကောင်းနိုင်ဟု NUG ဝန်ကြီးချုပ် သတိပေး
စစ်သားနှင့်ဝန်ထမ်းများအားလုံး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့်အတူ ဘ၀ကို ပေးဆပ်မည်လား၊ ရုန်းထွက်မည်လား နောက်ဆုံး ရွေးရမည့် အချိန်ရောက်နေပြီး ပြည်သူကို ဆန့်ကျင်သူ မှန်သမျှ နိဂုံးမကောင်းနိုင်ဟု NUG ဝန်ကြီးချုပ် သတိပေး ရန်ကုန်၊ ဇန်နဝါရီ ၂ . အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ဝန်ထမ်းများအားလုုံး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့်အတူ ဘ၀ ကို ပေးဆပ်မည်လား၊ ရုန်းထွက်မည်လား နောက်ဆုံး ရွေးချယ်ရမည့် အချိန်ရောက်ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်၏ နှစ်သစ်ကူး ဆုတောင်းစကားတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်သည်များနှင့် ဝန်ထမ်းများအနေဖြင့် လက်ရှိ နိုင်ငံ၏ အခြေအနေကို လေ့လာသုံးသပ်ပြီး သေချာစဉ်းစားရမည့်အချိန် ရောက်ရှိပြီဖြစ်ကြောင်း ၎င်းက…
-
ဗန်းမော်တိုက်ပွဲ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ခုခံ
ဗန်းမော်တိုက်ပွဲ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ခုခံ ဟန်နွေ/People’s Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိရာ ဇန်နဝါရီ ၁ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခုခံလျက်ရှိဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ၂၀၂၄ ဒီဇင်ဘာ ၃၁ရက်က တိုက်ပွဲပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်မှု ၁၁ကြိမ်ပြုလုပ်ခဲ့သည့် စစ်ကောင်စီသည် ယမန်နေ့ (ဇန်နဝါရီ ၁ရက်) တွင်လည်း Y12 လေယာဉ်ဖြင့် ၁နာရီအတွင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ တံတားဦးလေဆိပ်မှတက်လာသည့် စစ်ကောင်စီ Y12 လေယာဉ်သည် ယမန်နေ့က လေကြောင်း တိုက်ခိုက်မှု ၁၃ကြိမ်ပြုလုပ်ကာ ဗုံးသီးအလုံး ၃၀ကြဲချတိုက်ခိုက် ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။ အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့၌ ယမန်နေ့က တိုက်ပွဲဆက်ရှိဟု လူမှုကွန်ရက်မှ တဆင့်အသိပေးထားသည်။ ဇန်နဝါရီ…
-
ဘုတလင်မှာ စစ်အုပ်စု ထွက်ပြေးလို့ ကူတော်ရွာရဲစခန်းကို သိမ်းပိုက် ရရှိ၊ နမခ တိုင်းမှူးအသစ် ပြောင်းပြီး တစ်လမပြည့်ခင် စခန်းစွန့်ခွာတာဖြစ်ပြီး ကူတော်ရွာက စစ်အုပ်စုကို စစ်ကြောင်းနဲ့ လာခေါ်ထုတ်၊
ဘုတလင်မှာ စစ်အုပ်စု ထွက်ပြေးလို့ ကူတော်ရွာရဲစခန်းကို သိမ်းပိုက် ရရှိ၊ နမခ တိုင်းမှူးအသစ် ပြောင်းပြီး တစ်လမပြည့်ခင် စခန်းစွန့်ခွာတာဖြစ်ပြီး ကူတော်ရွာက စစ်အုပ်စုကို စစ်ကြောင်းနဲ့ လာခေါ်ထုတ်၊ ဘုန်းစိုး/MFP၊ ဇန်နဝါရီ – ၂ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာရဲစခန်းက စစ်အုပ်စုနဲ့ ပျူစောထီးတွေ ဒီဇင်ဘာလ ၃၁ရက်မှာ စခန်းကို စွန့်ခွာထွက်ပြေးကြပြီလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက MFP ကို ပြောပါတယ်။ “ကူတော်စခစခန်းမှ အကြမ်းဖက် စခ/ရခ များသည် ဘုတလင်မြို့အတွင်းသို့ စစ်ကြောင်းနှင့်အတူ လိုက်ပါ ပူးပေါင်းသွားပြီ ဖြစ်ပြီး ကူတော်ရွာ အထိုင်ချစခန်းတွင် အကြမ်းဖက် စခများ လုံးဝ မရှိတော့ကြောင်း စခန်းစွန့်ခွာသွားပြီ ဖြစ်ကြောင်း နှစ်ဦး သတင်းကောင်း ရရှိထားပါသည်”…
-
ကန်ကြီးထောင့်တွင် စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို ဖမ်းဆီးနှိပ်စက်ထောင်ချခဲ့ပြီး လုပ်ငန်းရှင်များထံမှ ဆက် ကြေး တောင်း ငွေညှစ်ခဲ့သူ ဗိုလ်မှူး နိုင်လင်းအောင် ရခိုင်တိုက်ပွဲတွင် သေဆုံး
ကန်ကြီးထောင့်တွင် စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို ဖမ်းဆီးနှိပ်စက်ထောင်ချခဲ့ပြီး လုပ်ငန်းရှင်များထံမှ ဆက် ကြေး တောင်း ငွေညှစ်ခဲ့သူ ဗိုလ်မှူး နိုင်လင်းအောင် ရခိုင်တိုက်ပွဲတွင် သေဆုံး ရန်ကုန်၊ ဇန်နဝါရီ ၂ ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူများကို ဖမ်းဆီးနှိပ်စက်ထောင်ချခဲ့ပြီး လုပ်ငန်းရှင်များကို ငွေညှစ်ခဲ့သူ ဗိုလ်မှူး နိုင်လင်းအောင်သည် ရခိုင်တိုက်ပွဲတွင် သေဆုံးသွားကြောင်း အဆိုပါ ဗိုလ်မှူးနှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဂွမြို့နယ် ပြန်လည် ရရှိရေး စစ်ကောင်စီက စစ်ဆင်ရေး လုပ်နေစဉ် တိုက်ပွဲအတွင်း ဗိုလ်မှူးနိုင်လင်းအောင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဗိုလ်မှူးနိုင်လင်းအောင်သည် ဆက်သွယ်ရေးတပ်မှ ဖြစ်ပြီး ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၁…
-
ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်မဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း
ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်မဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း ~~~ ■ ဆိုက်ဘာအလွဲသုံးစားပြုတာ၊ခွင့်ပြုချက်မရှိဘဲ VPN ထူထေင်တာ ဒါမှမဟုတ် ဝန်ဆောင်မှုပေးတာနဲ့ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်တာတွေအတွက် ပစ်ဒဏ်ချမှတ်မယ့် ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၁ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ အီလက်ထရောနစ် နည်းပညာအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်တာကြောင့် နိုင်ငံအချုပ်အခြာအာဏာနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတာတို့ကနေ ကာကွယ်ဖို့၊ ဆိုက်ဘာမှုခင်းတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ် အရေးယူနိုင်ဖို့အတွက် အခုလို ပြဌာန်းတာလို့ ဆိုပါတယ်။ မရိုးမဖြောင့်သဘောနဲ့ ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြုပြီး အခြားသူရဲ့ အွန်လိုင်းငွေကြေးတစ်ရပ်ရပ်ကို ခိုးယူတာ ဒါမှမဟုတ် အခြားသူတစ်ဦးဦး ပြုလုပ်ဖို့ ခိုင်းစေတာတွေကို အနည်းဆုံး နှစ်နှစ်မှ အများဆုံး ခုနစ်နှစ်ထိ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပါတယ်။ တရားမဝင် VPN…
-
မြန်မာနိုင်ငံရှိ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်းနိုင်ရေး လုပ်ဆောင်ရန် မင်းအောင်လှိုင် ပြောပြန် 🟥 ယခင်က ပြောဆိုခဲ့ဖူးသော လျှပ်စစ်ရထား၊ မြေအောက်ရထား၊ လျှပ်စစ်ဘတ်စ်ကားများ တစ်ခုမှ ဖြစ်မလာခဲ့ဘဲ လျှပ်စစ်မီးပင် တစ်နေ့ ၄ နာရီပင် မှန်မှန် မပေးနိုင်တော့
မြန်မာနိုင်ငံရှိ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်းနိုင်ရေး လုပ်ဆောင်ရန် မင်းအောင်လှိုင် ပြောပြန် 🟥 ယခင်က ပြောဆိုခဲ့ဖူးသော လျှပ်စစ်ရထား၊ မြေအောက်ရထား၊ လျှပ်စစ်ဘတ်စ်ကားများ တစ်ခုမှ ဖြစ်မလာခဲ့ဘဲ လျှပ်စစ်မီးပင် တစ်နေ့ ၄ နာရီပင် မှန်မှန် မပေးနိုင်တော့ ရန်ကုန်၊ ဇန်နဝါရီ ၂ ယနေ့ကာလတွင် လျှပ်စစ်ကားများ အသုံးပြုလာနေပြီဖြစ်၍ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်း နိုင်ရေး သုတေသနလုပ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်သည်။ ယမန်နေ့ ဒလသင်္ဘောကျင်း နှစ် ၁၅၀ ပြည့် အခမ်းအနားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက်၍ ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ” ယနေ့ကာလအတွင် ကုန်လမ်းပို့ဆောင်ရေး ယာဉ်များတွင် လျှပ်စစ်၊ ဘက်ထရီစသည်ဖြင့် စွမ်းအားများကို အသုံးပြုနေပြီဖြစ်သည့်အတွက်…
-
မင်းအောင်လှိုင် ဦးဆောင်တဲ့ ‘မုန့်ဟင်းခါး တပ်မတော်မှသည် ခေါက်ဆွဲကြော် တပ်မတော်ဆီ’
မင်းအောင်လှိုင် ဦးဆောင်တဲ့ ‘မုန့်ဟင်းခါး တပ်မတော်မှသည် ခေါက်ဆွဲကြော် တပ်မတော်ဆီ’ ဇန်နဝါရီ ၁၊ ၂၀၂၅ အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ ရှေ့တန်း စစ်စခန်းနဲ့ နောက်တန်းဌာနချုပ်တွေမှာ စတုဒီသာ ကျွေးရင် ခေါက်ဆွဲကြော်ကိုသာ ကျွေးမွေးဖို့ ညွှန်ကြားလာကြောင်း စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲဒီညွှန်ကြားချက်ဟာ မန္တလေးက ‘မုဆိုးမတို့ရွာ’ မုန့်ဟင်းခါးဆိုင်ကို စစ်တပ်က ဖျက်ဆီးပြီး ရက်ပိုင်းအတွင်းမှာတင် ထွက်လာတာဖြစ်တယ်လို့ အဆိုပါရင်းမြစ်များကဆိုပါတယ်။ “ ‘မုဆိုးမတို့ရွာ’ ဆိုင်ကို ဖွင့်ပြီး နောက်ပိုင်းမှာတင် မုန့်ဟင်းခါးကို သူတို့ အလဂျစ်ဖြစ်သွားတာ … ညွှန်ကြားချက်ကတော့ ကြေးနန်းတွေရော နှုတ်မိန့်နဲ့ပါ ထွက်တယ်… ဒါပေမယ့် ဖရဲသီးလုံခြုံရေးအရ ချပြလို့ မရပါဘူး” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ မုန့်ဟင်းခါးဆိုတဲ့ နာမည်ကို…
-
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဗုံးခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဗုံးခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ ရန်ကုန်၊ ဇန်နဝါရီ ၁ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပျဥ်းမနားမြို့နယ်၊ အဟာရသုခစျေးနှင့် ဘောဂသီရိကားကြီးကွင်း အကြား ကင်ပွန်းတန်းကျေးရွာမြောက်ဘက်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းငယ်တစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ…
-
ရန်ကုန်တိုင်း စစ်ဌာနရှိ တော်လှန်ရေး ရဲဘော်များကို NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများ သွားရောက် တွေ့ဆုံပြီး လိုအပ်သည်များကို ထောက်ပို့ပေးအပ်
ရန်ကုန်တိုင်း စစ်ဌာနရှိ တော်လှန်ရေး ရဲဘော်များကို NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများ သွားရောက် တွေ့ဆုံပြီး လိုအပ်သည်များကို ထောက်ပို့ပေးအပ် ရန်ကုန်၊ ဇန်နဝါရီ ၁ ရန်ကုန်တိုင်း စစ်ဌာနရှိ တော်လှန်ရေး ရဲဘော်များကို NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံပြီး လိုအပ်သည်များကို ထောက်ပို့ပေးအပ်ခဲ့ကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသမှ တာဝန်ရှိသူများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ရန်ကုန်တိုင်း စစ်ဌာနရှိ တပ်ရင်း ၅၁၀၁၊ တပ်ရင်း ၅၁၀၂ နှင့် ဗျူဟာ စစ်ကြောင်း ၁ မှရဲဘော်များကို လာရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခြင်း၊ လိုအပ်သော…