-
မဲပလီဗျူဟာစခန်းကြီးကို မဟာမိတ်တပ်တွေကသိမ်းပိုက်ပြီး အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့မှာ ပြည်သူ့အတွက်လက်ဆောင်ပေး
မဲပလီဗျူဟာစခန်းကြီးကို မဟာမိတ်တပ်တွေကသိမ်းပိုက်ပြီး အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့မှာ ပြည်သူ့အတွက်လက်ဆောင်ပေး -People’s Spring မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကြီးကို ဒီကနေ့ (ဖေဖော်ဝါရီ ၁ ရက်နေ့)မှာ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်ပါတယ် ။ “အာဏာသိမ်းမှု(၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်” လို့ BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခကဖေစ်ဘွခ်လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့ ဟောင်ဝစ်ဇာ အမြောက် နဲ့ မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေအောင်ပွဲခံနေတဲ့ ဓါတ်ပုံ နဲ့ “ငါတို့ခေတ်မှာ အာ ဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ်”လို့လည်းရေးသားထားပါတယ် ။ ဗျူဟာစခန်းကို စစ်ကောင်စီတပ်ရဲ့ အမှတ် ၄၀၅ခြေမြန်တပ်ရင်(၄၀၅) ကနေ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူပေးနေတဲ့ကြားကနေ…
-
အင်းတော်မြို့ရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေ၍ ၆ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ခုခံနေ
အင်းတော်မြို့ရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေ၍ ၆ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ခုခံနေ ရန်ကုန်၊ ဖေဖော်ဝါရီ ၁ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေ၍ ၆ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ခုခံနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကုန်းရှိ စခန်း ၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက…
-
နိုင်ငံပိုင်မြေများရောင်းချနေသည့် မြောက်ဥက္ကလာ (ဌ)ရပ်ကွက်အုပ်ကြီးရုံးအား ပကဖ တိုက်ခိုက်
နိုင်ငံပိုင်မြေများရောင်းချနေသည့် မြောက်ဥက္ကလာ (ဌ)ရပ်ကွက်အုပ်ကြီးရုံးအား ပကဖ တိုက်ခိုက် သတိုး/People’s Spring နိုင်ငံပိုင်မြေများ ရောင်းချနေသည့် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း ယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “ညကတော့ ပြင်းထန်စွာဒဏ်ရာရ နှစ်ယောက်မှာ တစ်ကောင်ရှောတယ်ကြားတယ်”ဟု ၎င်းကပြောသည်။ (ဌ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဇန်နဝါရီ ၃၀ရက် ည ၁၀နာရီခန့်တွင် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီအဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ နိုင်ငံပိုင်မြေများကို ဗိုလ်မှူးထွန်းထွန်းဝင်းက ရာအိမ်မှူး၊ ဆယ်အိမ်မှုးများဖြင့် ပူးပေါင်း၍ အကွက်ရိုက်ရောင်းချနေခြင်းဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဇန်နဝါရီ ၁၆ ရက်စွဲဖြင့် နိုင်ငံပိုင်မြေများကို တရားမဝင်ရောင်းချခြင်းသည် တရားဝင်မှုမရှိသောကြောင့် ဝယ်ယူခြင်းမပြုရန်နှင့်…
-
စစ်တပ် အာဏာသိမ်း ၄ နှစ်ပြည့်တွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် သားငယ် ကိုထိန်လင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပို့
စစ်တပ် အာဏာသိမ်း ၄ နှစ်ပြည့်တွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် သားငယ် ကိုထိန်လင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပို့ ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းထားသည်မှာ လေးနှစ်ရှိလာပြီဖြစ်သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထိန်းသိမ်းထားသည်မှာလည်း လေးနှစ်ပြည့်ပြီဖြစ်သည့် အတွက် မိခင်ဖြစ်သူကို ပြန်လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်)ကင်မ်အဲရစ်က တောင်းဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်းသည် ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဗြိတိန်နိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာစစ်တပ်က နိုင်ငံလွတ်လပ်ရေးအတွက် မကြောက်မရွံ့ကြိုးစားနေသူ ၇၉ နှစ်အရွယ် အမျိုးသမီး ကြီးကို…
-
ရခိုင်-မကွေးနယ်ခြားဂိတ် နတ်ရေကန်ကို ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော်ထွက်ပြေး
ရခိုင်-မကွေးနယ်ခြားဂိတ် နတ်ရေကန်ကို ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော်ထွက်ပြေး ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၃၁ ရက် ရခိုင်-မကွေး နယ်ခြားဂိတ်စခန်းဖြစ်သည့် နတ်ရေကန် ဗျူဟာကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ရန် တပ် ဖွဲ့ဝင် ၄၀၀ ခန့် စေလွှတ်ခဲ့ရာ တပ်ဖွဲ့ဝင်အချို့မှာ လက်နက်များပစ်ထားခဲ့၍ ထွက်ပြေးသွားကြကြောင်း သိရသည်။ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမပေါ်ရှိ နတ် ရေကန်ဗျူဟာကုန်းကို စစ်ကောင်စီက လက်နက်ကြီးများ တင့်ကားများပါ ပို့ဆောင်ပြီး စစ်ကောင်စီအင်အားရာချီနှင့် ခံစစ်ပြင်နေရာမှ AA၏ထိုးစစ်ကို မခုခံနိုင်တော့သည့် အတွက် တန်ပြန်ထိုးစစ်ဆင်ရန် အင်အားရာချီပို့ ဆောင်ခဲ့ကြောင်း သိရသည်။ “စစ်တပ်က အမြောက်စခန်းနဲ့ ကပစစက်ရုံတွေဘက်ကို AAကျွံလာမှာဆိုးလို့ အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ပြန်ဆင်လာတယ်။ စစ်သားတွေ လက်နက်တွေ လွှင့်ပစ်ထားခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့တွေက…
-
လက်နက်အားကိုးဖြင့် ရှင်ဘုရင်လုပ်နိုင်ပြီဟု လက်ခံထားသော စစ်အာဏာရှင်ကို တိုင်းရင်းသားများနှင့်ပူးပေါင်း၍ တော် လှန်ရေး မဟာမိတ် တပ်ပေါင်းစု အသွင်ဖြင့် တိုက်ခိုက်မည်ဟု NUG ယာယီသမ္မတ ပြော
လက်နက်အားကိုးဖြင့် ရှင်ဘုရင်လုပ်နိုင်ပြီဟု လက်ခံထားသော စစ်အာဏာရှင်ကို တိုင်းရင်းသားများနှင့်ပူးပေါင်း၍ တော် လှန်ရေး မဟာမိတ် တပ်ပေါင်းစု အသွင်ဖြင့် တိုက်ခိုက်မည်ဟု NUG ယာယီသမ္မတ ပြော ရန်ကုန်၊ ဖေဖော်ဝါရီ ၁ မြန်မာနိုင်ငံတွင် လက်နက်အားကိုးဖြင့် သေသည်အထိ ရှင်ဘုရင်လုပ်နိုင်ပြီဟု ယူဆ လက်ခံ ထားသော စစ်အာဏာရှင်ကို တိုင်း ရင်းသားများနှင့်ပူးပေါင်း၍ တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုအသွင်ဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုလိုက်သည်။ နွေဦးတော်လှန်ရေး (၄) နှစ်ပြည့် ၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် နိုင်ငံ တော် အခြေပြမိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။ မြန်မာစစ်တပ် ခေါင်းဆောင် အဆက်ဆက်က လက်နက်အားကိုးပြီး အာဏာသိမ်းနိုင်လျှင်…
-
စစ်ကောင်စီ၏ Army Rumစက်ရုံကို ရန်ကုန်တိုင်း ပကဖ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
စစ်ကောင်စီ၏ Army Rumစက်ရုံကို ရန်ကုန်တိုင်း ပကဖ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် သတိုး/People’s Spring ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ပိုင်ဆိုင်သည့် Army Rum စက်ရုံကို ၄၀ မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ) တိုက်ခိုက်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “သေချာတော့ အထဲရောက်အောင်ပစ်နိုင်ခဲ့ပါတယ်။ အထိအခိုက်တော့ မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။ ဇန်နဝါရီ ၃၁ ရက် ည ၁၀နာရီခန့်တွင် အဝေးပစ်လောင်ချာ(79) ဖြင့် ၄၀ မမ ဗုံးသီးသုံးလုံးပစ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ အဆိုပါစစ်ဆင်ရေးကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ ဦးဆောင်မှုဖြင့် အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ) တိုက်ခိုက်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့အာဏာကို အကြမ်းဖက်သိမ်းယူသည့် လေးနှစ်ပြည့်…
-
နိုင်ငံတစ်ဝန်း တိုင်းရင်းသားအဖွဲ့များနှင့် PDF များပူးပေါင်း တိုက်ခိုက်မှုခံနေရပြီး ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ
နိုင်ငံတစ်ဝန်း တိုင်းရင်းသားအဖွဲ့များနှင့် PDF များပူးပေါင်း တိုက်ခိုက်မှုခံနေရပြီး ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ ရန်ကုန်၊ ဖေဖော်ဝါရီ ၁ မြန်မာနိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များပူးပေါင်း၍ တိုက်ခိုက်မှုခံနေရပြီး ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းအထိ တိုက်ပွဲများ ရောက်ရှိလာနေပြီဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြောဆိုလိုက်သည်။ ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ၆ လသက်တမ်းတိုးသည့် ကာ/လုံအစည်းအဝေးတွင် အကြမ်း ဖက်မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ လွန်ခဲ့သော ၆ လတာ ကာလအတွင်း ကချင်ပြည်နယ်တွင် KIA က PDF များနှင့်ပေါင်း၍ တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင်…
-
စစ်ကိုင်းနှင့် မကွေးတို့တွင်ပါ စစ်ရေးအရှိန်မြှင့်မည်ဟု ယောကာကွယ်ရေး YDF ပြော
စစ်ကိုင်းနှင့် မကွေးတို့တွင်ပါ စစ်ရေးအရှိန်မြှင့်မည်ဟု ယောကာကွယ်ရေး YDF ပြော ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၃၁ ရက် ယောကာကွယ်ရေးတပ် (YDF) အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်ပြီး မကြာမီတိုက်ပွဲများ ဖော်ဆောင်တော့မည်ဖြစ်၍ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင်ပါ စစ်ရေး အရှိန်မြှင့်မည်ဖြစ်ကြောင်း တပ်ဖွဲ့ထံက သိရသည်။ စစ်ကောင်စီတပ်စခန်းနှင့် မြို့သိမ်းတိုက်ပွဲများဖော် ဆောင်ခဲ့သည့် YDF အနေဖြင့် မကြာမီ စစ်ရေးအရှိန်မြှင့်တင်ပြီး တိုက်ပွဲများဖော်ဆောင်မည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် စစ်ဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ထားကြရန် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က အသိပေးထုတ်ပြန်ထား သည်။ “ယောနယ်အပြင် စစ်ကိုင်းနဲ့ မကွေးကတော့ အဓိကဖြစ်ပါလိမ့်မယ်ဗျ”ဟု ယောကာကွယ်ရေးတပ် YDF မှ ပြောဆိုခွင့်ရှိသူ ကိုစိုးဝေက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ၎င်းတို့အနေဖြင့် ယောနယ်တစ်ခုတည်းတွင်သာမက မကွေးတိုင်းတွင်အဓိက စစ်ရေးအရှိန်မြှင့်တင် မည်ဖြစ်ပြီး…
-
စစ်အာဏာသိမ်းမှု ၄နှစ်တာအတွင်း မြန်မာပြည်သူများအတွက် နေ့ရက်တိုင်းသည် ကြေကွဲဖွယ်အတိဖြစ်ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းပြော ■ကုလလုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများက အလွန်အမင်း စိတ်ပျက်နေဟု ရှင်းလင်း
စစ်အာဏာသိမ်းမှု ၄နှစ်တာအတွင်း မြန်မာပြည်သူများအတွက် နေ့ရက်တိုင်းသည် ကြေကွဲဖွယ်အတိဖြစ်ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းပြော ■ကုလလုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများက အလွန်အမင်း စိတ်ပျက်နေဟု ရှင်းလင်း အီယိုရီ/People’s Spring မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်တော့မည်ဖြစ်ရာ ပြီးခဲ့သော ၄နှစ်တာကာလအတွင်း မြန်မာပြည်သူများအတွက် နေ့ရက်တိုင်းသည် ကြေကွဲဖွယ်အတိဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေးကိစ္စနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားသည့် အစီအစဉ်ကို ယမန်နေ့(ဇန်နဝါရီ ၃၀ရက်)တွင် ပြုလုပ်ခဲ့ရာ သံအမတ်ကြီးဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှု ၄နှစ်အတွင်း မြန်မာပြည်သူများသည် နေ့စဉ်ရက်ဆက် အကြောက်တရားအောက်တွင် အသက်ရှင် နေထိုင်လျက်ရှိပြီး မည်သူတစ်ဦးတစ်ယောက်မျှ လုံခြုံဘေးကင်းမှုကို မခံစားရကြောင်းရှင်းလင်းပြောကြားသည်။ ၂၀၂၄ နိုဝင်ဘာက မြန်မာသံအမတ်ကြီးသည် ယခုရှင်းလင်းပြောကြားသည့်နေရာ၌ပင် နိုင်ငံတကာ အသိုက်အဝန်း၊ အထူးအားဖြင့် လုံခြုံရေးကောင်စီမှ…