ရခိုင်-မကွေးနယ်ခြားဂိတ် နတ်ရေကန်ကို ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော်ထွက်ပြေး

by

in

ရခိုင်-မကွေးနယ်ခြားဂိတ် နတ်ရေကန်ကို ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော်ထွက်ပြေး
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
ရခိုင်-မကွေး နယ်ခြားဂိတ်စခန်းဖြစ်သည့် နတ်ရေကန် ဗျူဟာကို AA က ထိုးစစ်ဆင်
တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ရန် တပ် ဖွဲ့ဝင် ၄၀၀ ခန့် စေလွှတ်ခဲ့ရာ တပ်ဖွဲ့ဝင်အချို့မှာ လက်နက်များပစ်ထားခဲ့၍ ထွက်ပြေးသွားကြကြောင်း သိရသည်။
ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမပေါ်ရှိ နတ်
ရေကန်ဗျူဟာကုန်းကို စစ်ကောင်စီက လက်နက်ကြီးများ တင့်ကားများပါ ပို့ဆောင်ပြီး စစ်ကောင်စီအင်အားရာချီနှင့် ခံစစ်ပြင်နေရာမှ AA၏ထိုးစစ်ကို မခုခံနိုင်တော့သည့် အတွက် တန်ပြန်ထိုးစစ်ဆင်ရန် အင်အားရာချီပို့ ဆောင်ခဲ့ကြောင်း သိရသည်။
“စစ်တပ်က အမြောက်စခန်းနဲ့ ကပစစက်ရုံတွေဘက်ကို AAကျွံလာမှာဆိုးလို့ အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ပြန်ဆင်လာတယ်။ စစ်သားတွေ လက်နက်တွေ လွှင့်ပစ်ထားခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်တွေကို လိုက်ကောက်ပြီး သိမ်းထားတယ်လို့ သိရ တယ်”ဟု ဧရာဝတီတိုင်းမ်သတင်းရင်းမြစ်က ပြောသည်။
ပဒါန်းမြို့အထွက် ပျဉ်းဝဂိတ်မှ နတ်ရေကန်
အထိ စစ်ကြောင်းများစေလွှတ်ပြီး လက်နက်ကြီးအသစ်များ၊ ဒရုန်းများအပြင် ခြေလျင်တပ်များနှင်ပါ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
အမ်းနှင့် မကွေးတိုင်းအစပ်ရှိ ဂုတ်စီးရိုးဂိတ်နှင့် နတ်ရေကန်ဂိတ်တို့ကို တင့်ကားများဖြင့် အင်အား ၆၀၀ ခန့်အသုံးပြု ချီတက်လာနေသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။
အမ်း-ပဒါန်းလမ်းပိုင်းရှိ ကမြင်းကန်၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းစသည့် စခန်းများအပြင် စစ်ကောင်စီ စခန်းငယ်အားလုံးကို AA က တိုက်ခိုက်သိမ်းပိုက်ထား ပြီး မကွေးတိုင်းအတွင်းရှိ နတ်ရေကန်နှင့် မထုံးဂိတ် စခန်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက် ညပိုင်းမှစတင်ပြီး AA က အဆိုပါဂိတ်စခန်းနှစ်ခုကို ထိုးစစ်ဆင်
တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက်က စစ်
ကောင်စီတပ်ဖွဲ့များ အင်အားတိုးချဲ့ပြီး နတ်
ရေကန်ဘက်သို့ ထိုးစစ်ဆင်တက်လာရာတွင် စစ်ကောင်စီတပ်ဖွဲ့များ ထွက်ပြေးကြကြောင်း သိရသည်။
ဓါတ်ပုံ- အင်တာနက်
ပုံစာ- ပုံ​ဟောင်း