မဲပလီဗျူဟာစခန်းကြီးကို မဟာမိတ်တပ်တွေကသိမ်းပိုက်ပြီး အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့မှာ
ပြည်သူ့အတွက်လက်ဆောင်ပေး
-People’s Spring
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကြီးကို ဒီကနေ့ (ဖေဖော်ဝါရီ ၁ ရက်နေ့)မှာ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်ပါတယ် ။
“အာဏာသိမ်းမှု(၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်” လို့ BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခကဖေစ်ဘွခ်လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့ ဟောင်ဝစ်ဇာ အမြောက် နဲ့ မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေအောင်ပွဲခံနေတဲ့ ဓါတ်ပုံ နဲ့ “ငါတို့ခေတ်မှာ အာ
ဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ်”လို့လည်းရေးသားထားပါတယ် ။
ဗျူဟာစခန်းကို စစ်ကောင်စီတပ်ရဲ့ အမှတ် ၄၀၅ခြေမြန်တပ်ရင်(၄၀၅) ကနေ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူပေးနေတဲ့ကြားကနေ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ရရှိခဲ့တာလို့ စုံစမ်းသိရပါတယ်။
(မဲပလီဗျူဟာစခန်းသိမ်းပြီးနောက် စစ်တပ်ထံကသိမ်းရတဲ့ ဟောင်ဝစ်ဇာနဲ့အောင်ပွဲခံနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ။ဓါတ်ပုံ-Maung Saung Kha’s FB)