စစ်ကောင်စီ​၏ Army Rumစက်ရုံကို ရန်ကုန်တိုင်း ပကဖ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

by

in

စစ်ကောင်စီ​၏ Army Rumစက်ရုံကို ရန်ကုန်တိုင်း ပကဖ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
သတိုး/People’s Spring

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီ​၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ပိုင်ဆိုင်သည့် Army Rum စက်ရုံကို ၄၀ မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ) တိုက်ခိုက်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“သေချာတော့ အထဲရောက်အောင်ပစ်နိုင်ခဲ့ပါတယ်။ အထိအခိုက်တော့ မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၃၁ ရက် ည ၁၀နာရီခန့်တွင် အဝေးပစ်လောင်ချာ(79) ဖြင့် ၄၀ မမ ဗုံးသီးသုံးလုံးပစ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါစစ်ဆင်ရေးကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ ဦးဆောင်မှုဖြင့် အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ) တိုက်ခိုက်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့အာဏာကို အကြမ်းဖက်သိမ်းယူသည့် လေးနှစ်ပြည့် အကြွေးကိုထိုက်ထိုက်တန်တန် တောင်းယူခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ရွှေပြည်သာမြို့နယ်အတွင်း၌ ည ၁၀နာရီခန့်က ပေါက်ကွဲသံ သုံးကြိမ်ကြားရကြောင်း ဒေသခံများက သတင်းပေးပို့သည်ဟု စစ်ကောင်စီနှင့် ပတ်သက်သည့် သတသ်းအချက်အလက်များ ဖော်ပြပေးနေသည့် Hlaing Info ကဖော်ပြထားသည်။