စစ်‌ကိုင်းနှင့် မကွေးတို့တွင်ပါ စစ်ရေးအရှိန်မြှင့်မည်ဟု ယောကာကွယ်ရေး YDF ပြော

by

in

စစ်‌ကိုင်းနှင့် မကွေးတို့တွင်ပါ စစ်ရေးအရှိန်မြှင့်မည်ဟု ယောကာကွယ်ရေး YDF ပြော
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်

ယောကာကွယ်ရေးတပ် (YDF) အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်ပြီး မကြာမီတိုက်ပွဲများ ဖော်ဆောင်တော့မည်ဖြစ်၍ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင်ပါ စစ်ရေး အရှိန်မြှင့်မည်ဖြစ်ကြောင်း တပ်ဖွဲ့ထံက သိရသည်။
စစ်ကောင်စီတပ်စခန်းနှင့် မြို့သိမ်းတိုက်ပွဲများဖော် ဆောင်ခဲ့သည့် YDF အနေဖြင့် မကြာမီ စစ်ရေးအရှိန်မြှင့်တင်ပြီး တိုက်ပွဲများဖော်ဆောင်မည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် စစ်ဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ထားကြရန် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က အသိပေးထုတ်ပြန်ထား သည်။
“ယောနယ်အပြင် စစ်ကိုင်းနဲ့ မကွေးကတော့ အဓိကဖြစ်ပါလိမ့်မယ်ဗျ”ဟု ယောကာကွယ်ရေးတပ် YDF မှ ပြောဆိုခွင့်ရှိသူ ကိုစိုးဝေက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၎င်းတို့အနေဖြင့် ယောနယ်တစ်ခုတည်းတွင်သာမက မကွေးတိုင်းတွင်အဓိက စစ်ရေးအရှိန်မြှင့်တင် မည်ဖြစ်ပြီး ချင်းတပ်ဖွဲ့များအပြင် ဒေသတွင်းရှိ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဖော်ဆောင် မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒေသတွင်ဖြစ်ပွားနေသည့် ဆက်ကြေး ကောက်ယူမှုများနှင့်ပတ်သက်၍လည်း YDF အနေ ဖြင့် မှန်ကန်သည့်လမ်းကြောင်းပေါ်မှ စစ်ဆေးဖော် ထုတ်အရေးယူပြီး ပြည်သူလူထုကို အသိပေး ကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
ယောကာကွယ်ရေးတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မင်းတပ်မြို့သိမ်း တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့်တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ယောကာကွယ်ရေးတပ်(YDF)