-
အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသူများ ပါဝင်မည့် အမည်ခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နေပြည်တော်မှာ ပြုလုပ်မည်
အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသူများ ပါဝင်မည့် အမည်ခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နေပြည်တော်မှာ ပြုလုပ်မည် မတ် ၂၃၊ ၂၀၂၅ စစ်အာဏာသိမ်းစဉ်ကပင် လက်ရှိအချိန်အထိ စစ်ကောင်စီကို ထောက်ခံအားပေးသူတွေနဲ့ စစ်ကောင်စီ အဓိက ထိန်းချုပ်ထားသူတွေသာ ပါဝင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့ အမည်တပ်ထားတဲ့ပွဲကို နေပြည်တော်မှာ ၃ ရက်တာ ကျင်းပမယ်လို့ သိရပါတယ်။ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို “ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍအလိုက် တတ်သိပညာရှင်တွေ ပါဝင်ဆွေးနွေးမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ NSPNC ၊ EAO တွေနဲ့ နိုင်ငံရေးပါတီတွေ သုံးပွင့်ဆိုင် ပါဝင်တဲ့ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို မတ် ၂၄…
-
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောင်နေစဉ် ပြည်ပနိုင်ငံများ၏ စွက်ဖက်မှုကြောင့် တိုင်းပြည် တည်ငြိမ်ဖို့ ခက်ခဲနေသည်ဟု မင်းအောင်လှိုင်ပြော
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောင်နေစဉ် ပြည်ပနိုင်ငံများ၏ စွက်ဖက်မှုကြောင့် တိုင်းပြည် တည်ငြိမ်ဖို့ ခက်ခဲနေသည်ဟု မင်းအောင်လှိုင်ပြော မတ် ၂၃၊ ၂၀၂၅ ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေစဉ် ပြည်ပရဲ့ စွက်ဖက်မှုတွေကြောင့် တိုင်းပြည်က တည်ငြိမ်အေးချမ်းဖို့ ခက်ခဲနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေက ပြည်ပရဲ့ ဖိအားပေးမှုတွေကြောင့် ဆက်ပြီးရှိနေတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။ နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၅ အလွန် မြန်မာနိုင်ငံ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေအကြောင်း ဆွေးနွေးပွဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီပဋိပက္ခတွေကြောင့် နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသလို စည်းလုံးမှုမရှိရင် ဘယ်နိုင်ငံရေးစနစ်ကမှ စိတ်ချမ်းသာမှု ပေးနိုင်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။ ဗဟုဝင်ရိုးခေတ်ကြီးမှာ ပါဝါအရွေ့တွေ ဖြစ်ပေါ်ပြောင်းလဲမှု မြန်ဆန်လာတဲ့အတွက် ပြည်တွင်းတည်ငြိမ်ရေးဟာ အဓိကကျပြီး သတင်းတု…
-
ဂန့်ဂေါ၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး
ဂန့်ဂေါ၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး ရန်ကုန်၊ မတ် ၂၃ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မတ်လ ၂၂ ရက် နံနက် ၈ နာရီ ၃၈ မိနစ်အချိန် ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးပေးခန်း ကို အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁…
-
ကျောက်ဖြူတိုက်ပွဲ ဓညဝတီရေတပ်စခန်းအနီးရောက်လာ ■စစ်တွေမြို့ကို AA ဝင်မလာနိုင်ရန် စစ်တပ်ကလေကြောင်း၊လက်နက်ကြီးသုံးအဓိကသုံးခုခံ
ကျောက်ဖြူတိုက်ပွဲ ဓညဝတီရေတပ်စခန်းအနီးရောက်လာ ■စစ်တွေမြို့ကို AA ဝင်မလာနိုင်ရန် စစ်တပ်ကလေကြောင်း၊လက်နက်ကြီးသုံးအဓိကသုံးခုခံ မတ်-၂၀၊၂၀၂၅။ကဖေး/People’s Spring အာရက္ခတပ်တော် (AA) ကစစ်တွေနှင့်ကျောက် ဖြူမြို့ရှိ စစ်တပ်စခန်းများ၊ တပ်ရင်းများကိုဆက် လက်ထိုးစစ်ဆင်တိုက်လိုက်လျက်ရှိရာတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်းမြို့အနီးဝန်းကျင်နေရာများကိုပါလေကြောင်း၊ လက်နက် ကြီး နှင့် ဒရုန်းအသုံးပြု၍တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များကပြောသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ AAက စစ်တွေ နှင့် ကျောက်ဖြူမြို့ရှိစစ်တပ်စခန်းများ၊တပ် ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ မတ်လ ၂၂ရက်အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေ သည်။ “စစ်တွေမှာဆိုAA မြို့အနားကပ်မလာနိုင်အောင် စစ်ကောင်စီက မြို့ပတ်ချာလည်ကို ပစ်ခတ်နေတဲ့အနေအထားပါ။ AAကလည်း လက်နက်ကြီးတွေ အားသုံးပြီး ပြန်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်။ စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းမထိုးနိုင်တော့ဘူး။ AAတက်မလာအောင်ကာပစ်နေရတဲ့အနေအထားပါ” ဟုစစ်ရေးသတင်းရင်း မြစ်ကပြောသည်။ တိုက်ပွဲပြင်းထန်နေစဉ် စစ်တွေမြို့နှင့်ဆက်စပ်နေသော ပုဏ္ဏားကျွန်းမြို့နယ် ၊ ကျော်ဇံရွာနှင့် ပေါက်တောမြို့နယ်…
-
ဂန့်ဂေါမြို့နယ်၊နှမ်းခါးရွာရှိ ပြည်သူ့ကျန်းမာရေး ဆေးခန်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်၊ဆရာဝန်နှင့်ကလေးငယ် ၅ ဦးအပါအဝင် ၁၁ ဦးသေဆုံး
Photo News ဂန့်ဂေါမြို့နယ်၊နှမ်းခါးရွာရှိ ပြည်သူ့ကျန်းမာရေး ဆေးခန်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်၊ဆရာဝန်နှင့်ကလေးငယ် ၅ ဦးအပါအဝင် ၁၁ ဦးသေဆုံး မတ်လ ၂၂ ရက်။ ချင်းပြည်နယ်နဲ့နယ်နမိတ်ထိစပ် နေတဲ့ မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်၊နှမ်းခါးရွာကို မတ်လ၂၂ နံနက် ၉နာရီခန့်အချိန်မှာ စစ်ကောင်စီကလေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် နှင်းခါးရွာက ပြည်သူ့ကျန်းမာရေးအတွက် ဖွင့်လှစ်ထားတဲ့ ဆေးခန်း အ ပေါ်ကို ဗုံးများကျရောက်ခဲ့ကာ ဆရာဝန်နဲ့ဆေးဝါးကုသမှုခံယူလျက်ရှိတဲ့ ကလေးငယ် ၅ ဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာဖြစ်တဲ့ Yaw Media မှ ဖော်ပြထားပါတယ်။ Photo By Yaw Media ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်၊…
-
KNDF ဒုစစ်ဦးစီးချုပ်က ဘောလခဲမြို့သိမ်းတိုက်ပွဲ မြင်ကွင်းတချို့ထုတ်ပြန်၊ စစ်တပ်ဘက်မှ ဗိုလ်မှူး မျိုးမင်းသူ အပါအဝင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီး သိမ်းပိုက်ရရှိ (ရုပ်/သံ)
KNDF ဒုစစ်ဦးစီးချုပ်က ဘောလခဲမြို့သိမ်းတိုက်ပွဲ မြင်ကွင်းတချို့ထုတ်ပြန်၊ စစ်တပ်ဘက်မှ ဗိုလ်မှူး မျိုးမင်းသူ အပါအဝင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီး သိမ်းပိုက်ရရှိ (ရုပ်/သံ) ရန်ကုန်၊ မတ် ၂၂ ကရင်နီပြည်မှ တော်လှန်ရေးတပ်တစ်ခုဖြစ်သော KNDF ၏ ဒုစစ်ဦးစီးချုပ်မာဝီက ဘောလခဲမြို့သိမ်းတိုက်ပွဲ မြင်ကွင်းတချို့သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ နံနက်ပိုင်းထုတ်ပြန်လာသည်။ ကရင်နီပြည်၊ ဘောလခဲမြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်မှ ဗိုလ်မှူး မျိုးမင်းသူအပါအဝင် စစ်သားအများပြားသေဆုံးကာ စစ်သုံ့ပန်း၊ လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိထားကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ အတည်ပြုပြောကြားသည်။ မတ်လ ၁၉ ရက်နေ့မှစ၍ ဘောခဲမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်ရင်းစခန်း ၃ ခုကို အပြီးသတ်သိမ်းပိုက်နိုင်ရေး အတွက် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက…
-
အင်းတော်ကို လာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်း ပျက်တဲ့အထိ ချေမှုန်းနိုင်ခဲ့သည့် တိုက်ပွဲ NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…
အင်းတော်ကို လာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်း ပျက်တဲ့အထိ ချေမှုန်းနိုင်ခဲ့သည့် တိုက်ပွဲ NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်… မတ် ၂၂ ၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကသာမြို့ ခမရ-၃၀၉ ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။ ဗိုလ်မှူး လင်းထက် ဦးစီးပြီး ခမရ (၁၀၆၊ ၃၀၉)၊ ခလရ-၆ ပူးပေါင်းအင်အား (၁၅၀) ခန့်ပါတဲ့ အကြမ်းဖက် စစ်ကြောင်းကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုနဲ့ EROs (KIA)၊ KPDF၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖ နဲ့ ကသာမြို့နယ်…
-
စစ်ခေါင်းဆောင်၏ ခရီးစဉ်ပြီးနောက် ရုရှားသံအမတ် လာရောက်တွေ့ဆုံမှု အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ရေးဖြစ်လာနိုင်
စစ်ခေါင်းဆောင်၏ ခရီးစဉ်ပြီးနောက် ရုရှားသံအမတ် လာရောက်တွေ့ဆုံမှု အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ရေးဖြစ်လာနိုင် နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် မတ် ၂၂ ရက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်ပြီးနောက် မြန်မာနိုင်ငံသို့ ရုရှားသံအမတ် လာရောက်တွေ့ဆုံမှုသည် အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ရန် ကိစ္စရပ်များ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း CDM အရာရှိနှင့် လေ့လာသူတို့က ထောက်ပြသည်။ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov သည် နေပြည်တော်သို့ ယခုရက်ပိုင်းက လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံကြား ကာကွယ်ရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းအခြေအနေအရ မြန်မာ-ရုရှားဆက်ဆံရေး ဘက်စုံပိုမို ပူးပေါင်းလာနိုင်ပြီး ကမ္ဘာ့အခင်းအကျင်း မတည်ငြိမ်ချိန် ရွေးချယ်စရာ များများမရှိသည့် စစ်ခေါင်းဆောင်အနေဖြင့်…
-
NUG လူသားစာနာဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင်တို့က ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ ၂ ဦးနှင့် တွေ့ဆုံခဲ့…
NUG လူသားစာနာဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင်တို့က ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ ၂ ဦးနှင့် တွေ့ဆုံခဲ့… မတ် ၂၂ ၊ ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနဲ့ နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင်တို့က ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာနမှူး Ms. Mathilde Teruya နဲ့ မြန်မာ၊ ထိုင်း တာဝန်ခံ Mr. Frédéric Inza တို့ကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံမှုအတွင်း လူသားစာနာအကူအညီတွေနဲ့ ပတ်သက်လို့ မြေပြင်လိုအပ်ချက်တွေ၊ အလိုအပ်ဆုံးပြည်သူတွေဆီ အကူအညီတွေ ရောက်ရှိရေးကြိုးပမ်းမှုတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မိတ်ဆွေနိုင်ငံတွေက ပြည်သူတွေဆီ အကူအညီတွေ တိုက်ရိုက်ရောက်ရှိအောင် ပြောင်းလဲဆောင်ရွက်ပေးဖို့ နည်းလမ်းတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်…
-
ဖလမ်းမြို့သိမ်းတိုက်ပွဲ လေကြောင်းအပြင်းအထန်ခုခံနေသော်လည်း အောင်ပွဲများရထားဟု CNO/CNDF ပြော ▪️ချင်းမြောက်ပိုင်းရှိ စစ်ကောင်စီတပ်ရင်းစခန်းကို မကြာမီ ပထမဆုံးသိမ်းယူနိုင်မည်ဟု မျှော်လင့်ကြောင်း အသိပေး
ဖလမ်းမြို့သိမ်းတိုက်ပွဲ လေကြောင်းအပြင်းအထန်ခုခံနေသော်လည်း အောင်ပွဲများရထားဟု CNO/CNDF ပြော ▪️ချင်းမြောက်ပိုင်းရှိ စစ်ကောင်စီတပ်ရင်းစခန်းကို မကြာမီ ပထမဆုံးသိမ်းယူနိုင်မည်ဟု မျှော်လင့်ကြောင်း အသိပေး မတ်-၂၂၊၂၀၁၅။ဟန်နွေ/People’s Spring ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့် မဟာမိတ်များက ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်နေသလို ချင်းညီနောင် မဟာမိတ် များဘက်ကလည်း အောင်မြင်မှုများရှေ့တိုးရရှိထားဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောသည်။ ယနေ့(မတ်လ ၂၂ရက်)ကျင်းပသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် ချင်းညီနောင်၏ ရန်ပုံငွေ ရှာဖွေရေးအစီအစဉ်တွင် ဖလမ်းတိုက်ပွဲ အခြေအနေကို အသိပေးပြောကြားလာခြင်းဖြစ်သည်။ စစ်ကောင်စီက ဝေဟင်မှ တောက်လျှောက် အပြင်းအထန် တိုက်ခိုက်လျက်ရှိနေသော်လည်း ဆုတ်ခွာခြင်းမရှိဘဲ စစ်ကောင်စီတပ်ကုန်းများကို သိမ်းယူထားနိုင်ကြောင်း CNO/CNDF တာဝန်ရှိသူက ပြောသည်။ ” စစ်ရေးအခြေအနေအရ ဘယ်ပွိုင့်တွေ သိမ်းထားတယ်၊ ဘယ်မှာ…