-
အညာဒေသစခန်းသိမ်းတိုက်ပွဲအတွင်း ရေဦး PDFမှ ရဲဘော်သုံးဦး ကျဆုံး
အညာဒေသစခန်းသိမ်းတိုက်ပွဲအတွင်း ရေဦး PDFမှ ရဲဘော်သုံးဦး ကျဆုံး အိမ်သွင်/People’s Spring စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၌ စစ်ဆင်ရေးတစ်ခုအတွင်း ရေဦးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ ရဲဘော်သုံးဦး ကျဆုံးခဲ့ရသည်။ ရဲဘော် ဟစ်တလာ၊ရဲဘော် ကတုံးနှင့် ရဲဘော်ပိုလာတို့ မြင့်မြတ်စွာကျဆုံးခဲ့သည်ဟု ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ၊ ရေဦး PDFက ယနေ့(မတ်လ ၁၅ရက်)တွင် ထုတ်ပြန်သည်။ အဆိုပါ ရဲဘော်သုံးဦးသည် တိုက်ရည်ခိုက်ရည် ၊ အမိန့်နာခံမှုကောင်းသော ရဲဘော်များ ဖြစ်သည့်အတွက် လွန်စွာဝမ်းနည်းနှမြောတသဖြစ်ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ဆင်ရေးဒေသကို အသေးစိတ်ကိုဖော်ပြမထားသော်လည်း အဆိုပါရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီ၏ စခန်းချို့ကို သိမ်းယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းတို့ကျဆုံးမှုအတွက် ကျန်ရစ်သူမိသားစုများနှင့် ထပ်တူဝမ်းနည်းကြေကွဲရပြီး စစ် အာဏာရှင် စနစ်အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေး၊ မပြီးပြတ်သေးသော တော်လှန်ရေးလုပ်ငန်းစဉ်များအတွက် ဆထက်ထပိုး ထမ်းဆောင်သွားမည်ဟု…
-
လှိုင်သာယာကို သွားရောက်ပြီးတဲ့နောက် စစ်ခေါင်းဆောင် နေမကောင်းဖြစ်နေလို့ ဆေးကုသမှုခံယူနေရ
လှိုင်သာယာကို သွားရောက်ပြီးတဲ့နောက် စစ်ခေါင်းဆောင် နေမကောင်းဖြစ်နေလို့ ဆေးကုသမှုခံယူနေရ မတ် ၁၆ ရန်ကုန်ကို ရောက်နေတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ ၁၄ ရက်နေ့မှာ လှိုင်သာယာမြို့နယ်ဘက်နဲ့ မတ်လ ၁၅ ရက်နေ့မှာ အလုံမြို့နယ်ထဲက အေးရှားဝေါလ် ဆိပ်ကမ်းတွေကို သွား ရောက်ခဲ့ပြီးတဲ့နောက် အဖျားတက်လာလို့ ရန်ကုန်မှာဆေးကုနေရတယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်ဟာ မတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်က သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နဲ့ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်တွေကိုသွားရောက် စစ်ဆေးခဲ့ပြီးတဲ့နောက်မှာ လှိုင်သာယာမြို့ကို သွားရောက်စစ်ဆေးခဲ့တာပါ။ “လှိုင်သာယာက ပြန်လာပြီးကတည်းက နည်းနည်းနေမကောင်းတာဗျ။ မနေ့က အလုံဘက်က အေးရှားဝေါလ် ဆိပ်ကမ်းစစ်ပြီးတော့ အဖျားတက်လာလို့ နားပြီး ဆေးကုနေရတယ်” လို့ စစ်တပ်သတင်းအရင်းအမြစ် တစ်ခု က မြို့တော်ကို ပြောပါတယ်။ စစ်ခေါင်းဆောင်ဟာ…
-
ဦးဝီရသူ တပည့်တွေ မင်းကွန်းကနေ စစ်ကိုင်းသွားဖို့ စစ်တပ်က လုံခြုံရေးမပေးနိုင်လို့ ကုန်းလမ်းအစား ရေလမ်းမှသွား
ဦးဝီရသူ တပည့်တွေ မင်းကွန်းကနေ စစ်ကိုင်းသွားဖို့ စစ်တပ်က လုံခြုံရေးမပေးနိုင်လို့ ကုန်းလမ်းအစား ရေလမ်းမှသွား ရှိန်း/ People’s Spring နာရီပိုင်းသာကြာတဲ့စစ်ကိုင်းနဲ့ မင်းကွန်းရွာလမ်းကို စစ်ကောင်စီကလုံခြုံ ရေးမ ပေးနိုင်လို့ ဦးဝီရသူ တည်ထောင်ထားတဲ့ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကကျောင်း စာမေးပွဲဖြေမယ့် ကျောင်းသားတွေကို မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဒေသချုပ်က လုံခြုံရေးအစီအစဥ် နဲ့ရေလမ်းနဲ့တဆင့်ခေါ်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ မင်းကွန်းနဲ့ စစ်ကိုင်းမြို့ဟာ ၁၃ မိုင်ကျော်ပဲကွာဝေးတာဖြစ်ပြီး ကားနဲ့ မိနစ် ၄၀ လောက်နဲ့ရောက်တဲ့ခရီးဖြစ်ပါတယ် ။ ဒါပေမယ့် မင်းကွန်းရွာကနေ စစ်ကိုင်းမြို့ ပေါ်ကို တက္ကသိုလ်ဝန်ထမ်းစာမေးပွဲ သွား ဖြေမယ့် မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်း ကကျောင်းသူ၊ကျောင်းသားတွေကို စစ်ကိုင်းမြို့ကိုတိုက်ရိုက်မပို့ရဲတဲ့အတွက်သင်္ဘောတွေ နဲ့ ဧရာဝတီမြစ်အတွင်းကတဆင့် မန္တ လေး ၊ မန္တလေးမြို့ကနေစစ်ကိုင်းမြို့ကိုပို့ ဆောင်ခဲ့ရတာပါ။ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီ ကျောင်းဟာ…
-
ဗန်းမော်စကခ(၂၁)၏ကာကင်းအချို့ထပ်ရပြီး စစ်ကောင်စီဒရုန်းအချို့ပစ်ချနိုင်ဟု KIAထုတ်ပြန်
ဗန်းမော်စကခ(၂၁)၏ကာကင်းအချို့ထပ်ရပြီး စစ်ကောင်စီဒရုန်းအချို့ပစ်ချနိုင်ဟု KIAထုတ်ပြန် ■တနိုင်းလီဒိုလမ်းအနီးတိုက်ပွဲ စစ်တပ်လက် အောက်ခံပြည်သူ့စစ်အထိနာ၊ SNAနှင့်စစ်ကောင် စီ လူသစ်စုနေ ဟန်နွေ/People’s Spring ကချင်ပြည်နယ် ဗန်းမော်ရှိ အမှတ်(၂၁) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက်နေ့စဉ်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့မတ်လ ၁၅ရက် ညပိုင်း၌ သတင်းဖော်ပြ အသိပေးသည်။ ဗန်းမော်မြို့ရှိ စကခ(၂၁)စစ်ကောင်စီတပ်စခန်းကို အပြီးသိမ်းပိုက်နိုင်ရေးအတွက်KIAပူးပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်းစစ်ကောင်စီဘက်က ထိခိုက်မှုများရှိနေ၍ စစ်ကောင်စီဘက်က ဒရုန်းအပါအဝင် တိုက်လေယာဉ်များဖြင့် အသုံးပြု ၍စခန်းမကျရေး ခုခံတိုက်ခိုက်နေသည်ဟု ဖော်ပြ သည်။ စစ်ကောင်စီ၏ ဒရုန်းအချို့ကို KIA ပူးပေါင်းတပ်က ပစ်ချနိုင်သကဲ့သို့စကခ(၂၁)၏ကာကင်းအချို့ ကိုလည်း ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြပြီး အသေးစိတ် အချက်အလက်များ အသိပေးခြင်းမရှိပေ။ KIA ပူးပေါင်းတပ်သည် ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးစတင်ခဲ့ရာတိုက် ပွဲ ၃လကျော်အတွင်း ဗန်းမော်ရှိ စစ်ရေးအရ…
-
ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာ ကာကင်းစခန်းများအားလုံးကို AA နှင့် ပူးပေါင်း တပ်များက သိမ်းပိုက်ထားပြီဟု ခိုင်သုခ အတည်ပြု၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးနေ
ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာ ကာကင်းစခန်းများအားလုံးကို AA နှင့် ပူးပေါင်း တပ်များက သိမ်းပိုက်ထားပြီဟု ခိုင်သုခ အတည်ပြု၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးနေ ရန်ကုန်၊ မတ် ၁၆ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာပတ်ဝန်းကျင် ကာကင်းစခန်းများအားလုံးကို AA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီဖြစ်ကြောင်း AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဆက်စပ်လျက်ရှိသော ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုးကျေးရွာ တပ်စခန်းကို AA ဦးဆောင်သော ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျက်ရှိရာ လက်ရှိတွင် ကာကင်းစခန်းများအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆက်လက်၍ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ညောင်ကျိုးကျေးရွာတိုက်ပွဲမှ စစ်ကောင်စီတပ်များမှာ…
-
ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်
ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ် မတ် ၁၅၊ ၂၀၂၅ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးရိုးမအစပ်ကြားက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်တပ်စခန်းကို ပြီးခဲတဲ့ မတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။ အာရက္ခတပ်တော် (AA) က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေမယ့်၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ နီးပါးကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။ ညောင်ကျိုးစခန်းဟာ ပဲခူးတိုင်း၊ ပြည်မြို့တဖက်ကမ်းမှာရှိတဲ့ ဥသျှစ်ပင်မြို့နဲ့ လက်တကမ်းအကွာမှာ ရှိတာကြောင့် ဒါဟာ ပဲခူးတိုင်းကို စစ်ရေးအရ တိုက်ရိုက်ခြိမ်းခြောက်လာခြင်းဖြစ်သလို၊ အခုလို ညောင်ကျိုးစခန်းကို AA…
-
ကော့ကရိတ်တွင် စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းနှင့် စစ်ကြောင်းမှူး ဗိုလ်တောက် တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး
ကော့ကရိတ်တွင် စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းနှင့် စစ်ကြောင်းမှူး ဗိုလ်တောက် တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး ရန်ကုန်၊ မတ် ၁၅ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းနှင့် စစ်ကြောင်းမှူး ဗိုလ်တောက်တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းသည်…
-
တောင်းခမ်း နှင့် အုမ္မသီးတွင်တိုက်ပွဲပြင်းထန်နေ
တောင်းခမ်း နှင့် အုမ္မသီးတွင်တိုက်ပွဲပြင်းထန်နေ ဒီးဒီ၊သတိုး/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်၌ အ မြောက်တပ်များရှိသော တောင်းခမ်းနှင့် ပြင်ဦးလွင်မြို့နယ်အစပ်အုမ္မသီးကျေးရွာအနီးတွင် တိုက် ပွဲများပြင်းထန်နေကြောင်း မြေပြင်ရှိ တော်လှန် ရေးရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။ မတ်လ ၁၄ရက်နှင့် ယနေ့(မတ်လ ၁၅ရက်)တွင် ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီးနှင့် ဂန့်ဂေါရွာအနီးတွင်လည်း တိုက်ပွဲများဆက် လက်ဖြစ်ပွားနေသည်။ မတ်လ ၁၄ရက်က အုမ္မသီးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီက ဓာတုဗုံးအသုံးပြုပြီး လေကြောင်းမှတိုက်ခိုက်၍ တော် လှန်ရေးရဲဘော်အချို့ မူးဝေအော့အန်မှုဖြစ်ခဲ့သည်ဟု မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ ထို့အပြင်မတ်လ ၁၅ရက်နံနက်တွင်လည်း အုမ္မသီးကျေးရွာလမ်းဆုံအနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။ “စစ်ကောင်စီက ဒရုန်းဗုံးသုံးပြီးပိုပြီးတော့ တိုက် ခိုက်တာတွေရှိတယ်။ပြီးတော့ အရင်တစ်နေ့ကလည်း အဆိပ်ငွေ့တွေသုံးပြီးတိုက်ခိုက်တာတွေ တော့ရှိတယ်။ ပြီးတော့ အုမ္မသီးမှာလည်း အရင်လထဲမှာ…
-
ကချင်တွင် မြေရှားသတ္တုတွင်းတူးနေသည့် တရုတ်ကုမ္ပဏီများက KIA တောင်းသည့် အခွန် ၂၀ ရာခိုင်နှုန်း မပေးချင်၍ သတ္တုတွင်း အများစုပိတ်မည်
ဧရာဝတီတိုင်းမ် မတ် ၁၄ ရက် ကချင်ပြည်နယ်၊ ပန်ဝါဒေသတွင် မြေရှားသတ္တုတူးဖော်နေသော တရုတ်ကုမ္ပဏီများက ကချင် လွတ်လပ်ရေးတပ်မတော် (KIA) က သတ်မှတ်လိုက်သည့် သတ္တုအခွန် ၂၀ ရာခိုင်နှုန်းကို မပေးချင်သဖြင့် မြေရှားသတ္တုတွင်းများကို မတ်လကုန်တွင် ပိတ်မည်ဖြစ်ကြောင်း သတ္တုတွင်းရှိဝန်ထမ်းအချို့ထံမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ခေါင်းဆောင်ဇခုန်တိန့်ယိန်း ထိန်းချုပ်သော ကချင်အထူးဒေသ (၁) ကို ပြီးခဲ့သည့် နိုဝင်ဘာလတွင် KIA နှင့် ပူးပေါင်း PDF တပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ရာချီရှိသောမြေရှားသတ္တုလုပ်ကွက်များကို ပိုင်ဆိုင်လိုက်ခြင်း ဖြစ်သည်။ ” ပြည့်သူ့စစ်ဆီကနေ KIA က သိမ်းလိုက်ပြီးတော့ အခွန်ကောက်ဖို့ လုပ်ကွက်တွေပြန်စစ်တယ်။ KIA တောင်းတဲ့အခွန်မပေးနိုင်ရင် သတ္တုတွင်းပိတ်ရမယ်လို့ပြောထားတယ် ” ဟု သတ္တုတွင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက…
-
ပူးလူးတူစစ်ကောင်စီစခန်းသိမ်းပိုက်မှု စစ်ကောင်စီတပ်သား ၁၂ဦးသေ၊ လက်နက်များရ ■KNLAပူးပေါင်းတပ်မှ ရဲဘော် ၃ဦးကျဆုံး၊ ၆ဦး ဒဏ်ရာရ
ပူးလူးတူစစ်ကောင်စီစခန်းသိမ်းပိုက်မှု စစ်ကောင်စီတပ်သား ၁၂ဦးသေ၊ လက်နက်များရ ■KNLAပူးပေါင်းတပ်မှ ရဲဘော် ၃ဦးကျဆုံး၊ ၆ဦး ဒဏ်ရာရ ဟန်နွေ/People’s Spring3 ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ လှိုင်းဘွဲ့မြို့နယ်ရှိ ပူးလူးတူစစ်ကောင်စီစခန်း တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့(မတ်လ ၁၅ရက်) သတင်းထုတ်ပြန်သည်။ အာဏာသိမ်းစစ်ကောင်စီတပ်စွဲထားသော ခလရ(၃၁)တပ်ရင်း၏ ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇)၊ တပ်ရင်း (၂၂) ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ မတ်လ ၁၄ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ဟု ဆိုသည်။ စခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ တပ်သား ၁၂ဦး သေဆုံးပြီး ၁၁ဦးမှာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း…