လှိုင်သာယာကို သွားရောက်ပြီးတဲ့နောက် စစ်ခေါင်းဆောင် နေမကောင်းဖြစ်နေလို့ ဆေးကုသမှုခံယူနေရ
မတ် ၁၆
ရန်ကုန်ကို ရောက်နေတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ ၁၄ ရက်နေ့မှာ လှိုင်သာယာမြို့နယ်ဘက်နဲ့ မတ်လ ၁၅ ရက်နေ့မှာ အလုံမြို့နယ်ထဲက အေးရှားဝေါလ် ဆိပ်ကမ်းတွေကို သွား ရောက်ခဲ့ပြီးတဲ့နောက် အဖျားတက်လာလို့ ရန်ကုန်မှာဆေးကုနေရတယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်ဟာ မတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်က သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နဲ့ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်တွေကိုသွားရောက် စစ်ဆေးခဲ့ပြီးတဲ့နောက်မှာ လှိုင်သာယာမြို့ကို သွားရောက်စစ်ဆေးခဲ့တာပါ။
“လှိုင်သာယာက ပြန်လာပြီးကတည်းက နည်းနည်းနေမကောင်းတာဗျ။ မနေ့က အလုံဘက်က အေးရှားဝေါလ် ဆိပ်ကမ်းစစ်ပြီးတော့ အဖျားတက်လာလို့ နားပြီး ဆေးကုနေရတယ်” လို့ စစ်တပ်သတင်းအရင်းအမြစ် တစ်ခု က မြို့တော်ကို ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ သူ့နာမည် နောက်ဆုံး စာ လုံး “လှိုင်” နဲ့ တူတဲ့ “လှိုင်သာယာ” ကို Smart City အဖြစ် အကောင်အထည် ဖော်ခိုင်းထားပါတယ်။
စစ်တပ်အတွင်းမှာတော့ အာဏာသိမ်းလိုက်တာ တပ်ချုပ်တစ်ယောက်ပဲ သာယာပြီး အကုန်ဒုက္ခရောက်နေကြလို့ နောက်ကွယ်မှာ လှိုင်သာယာလို့ သရော်ပြီး ခေါ်ဆိုနေကြတာတွေရှိတယ်လို့ တပ်တွင် သတင်းရင်းမြစ်က ပြောပါတယ်။
ဆေးကုသမှုခံယူနေရတဲ့ စစ်ခေါင်းဆောင်ဟာနေပြည်တော်ကို လေယာဉ်နဲ့ ပြန်ဖို့ရှိနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel