ဗန်းမော်စကခ(၂၁)၏ကာကင်းအချို့ထပ်ရပြီး စစ်ကောင်စီဒရုန်းအချို့ပစ်ချနိုင်ဟု KIAထုတ်ပြန်

by

in

ဗန်းမော်စကခ(၂၁)၏ကာကင်းအချို့ထပ်ရပြီး စစ်ကောင်စီဒရုန်းအချို့ပစ်ချနိုင်ဟု KIAထုတ်ပြန်
■တနိုင်းလီဒိုလမ်းအနီးတိုက်ပွဲ စစ်တပ်လက်
အောက်ခံပြည်သူ့စစ်အထိနာ၊ SNAနှင့်စစ်ကောင်
စီ လူသစ်စုနေ
ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်ရှိ အမှတ်(၂၁) စစ်ဆင်
ရေးကွပ်ကဲမှုဌာနချုပ်ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက်နေ့စဉ်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့မတ်လ ၁၅ရက် ညပိုင်း၌ သတင်းဖော်ပြ အသိပေးသည်။
ဗန်းမော်မြို့ရှိ စကခ(၂၁)စစ်ကောင်စီတပ်စခန်းကို အပြီးသိမ်းပိုက်နိုင်ရေးအတွက်KIAပူးပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်းစစ်ကောင်စီဘက်က ထိခိုက်မှုများရှိနေ၍ စစ်ကောင်စီဘက်က ဒရုန်းအပါအဝင် တိုက်လေယာဉ်များဖြင့် အသုံးပြု ၍စခန်းမကျရေး ခုခံတိုက်ခိုက်နေသည်ဟု ဖော်ပြ
သည်။
စစ်ကောင်စီ၏ ဒရုန်းအချို့ကို KIA ပူးပေါင်းတပ်က ပစ်ချနိုင်သကဲ့သို့စကခ(၂၁)၏ကာကင်းအချို့
ကိုလည်း ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြပြီး အသေးစိတ် အချက်အလက်များ အသိပေးခြင်းမရှိပေ။
KIA ပူးပေါင်းတပ်သည် ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးစတင်ခဲ့ရာတိုက်
ပွဲ ၃လကျော်အတွင်း ဗန်းမော်ရှိ စစ်ရေးအရ အ
ရေးပါသည့် အမြောက်တပ်၊ တင့်ကားတပ်၊ သံချပ်ကာတပ် ၊ ခြေလျင်တပ် အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာအများအပြား ကို သိမ်းပိုက်ထား
သည်။ထို့အပြင် ခလရ(၄၇)၊စကခ(၂၁) အပါအ
ဝင် လက်ကျန်တပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ဆင်ရေးအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်သုံ့ပမ်းအဖြစ်ဖမ်းဆီးထားနိုင်မှုများလည်း မကြာခဏ ရှိခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးထားသည်။
KIAသည် ကချင်ပြည်နယ်အတွင်း လတ်တလော စစ်ရေး အခြေအနေနှင့် စစ်ကောင်စီတပ် နှင့်စစ်တပ်လက်​​အောက်ခံ ပြည်သူ့စစ်များ၏ စစ်ရေးလှုပ်ရှားမှု၊ လူသစ်စုဆောင်းမှုအခြေအနေများကိုလည်း မတ်လ ၁၅ ရက်​​နေ့တွင် သတင်းဖော်ပြခဲ့သည်။
စစ်ကောင်စီလက်အောက်ခံမင်းဇေသန့် ပြည်သူ့
စစ်တပ်ဖွဲ့က မတ်လ ၁၄ရက်က တနိုင်း -လီဒိုလမ်းရှိဝါရာဇွပ်နှင့်နမ်ဆန်ရွာက လူနေအိမ် ၁၇အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မတ်လ ၁၄ရက်တွင် စစ်ကောင်စီက ဝါရာဇွပ်နှင့်
နမ့်ဆန်ရွာကိုလေယာဉ်နှင့် ၂ကြိမ်၊ဒရုန်း၊ လက်
နက်ကြီးများ ပစ်ခတ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မင်းဇေသန့် ပြည်သူ့စစ်က ခြေလျင်ဖြင့် စစ်ကြောင်း ထိုးဝင်ရောက်လာ၍ KIAက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု​ဖော်ပြသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်လက်အောက်ခံ
မင်း​ဇေသန့်ပြည်သူ့စစ်ဘက်က ​သေဆုံးမှုများ၍ လူနေအိမ် များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်
ကြောင်း၊ ထို့ပြင်မင်းဇေသန့် ပြည်သူ့စစ်သည် ဒေသတွင်း လူငယ်လူရွယ်များကိုလည်း လူသစ်စုဆောင်းနေကြောင်း ဖော်ပြသည်။
ထို့ပြင် မိုးကောင်း၊ မိုးညှင်း နမ္မတီးတွင် ရှမ်းနီတပ် SNAနှင့် စစ်ကောင်စီတပ်များ သွားလာလှုပ်ရှားနေပြီး လူသစ်စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း အသိပေးသည်။စစ်ကောင်စီနှင့် SNA
သည် တအိမ်တယောက် စစ်မှုမထမ်းမနေရ ဟုဆိုကာ နေအိမ်ထဲအထိ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဖော်ပြသည်။
စစ်ကောင်စီ တပ်သည် မြစ်ကြီးနား လမုန်ဇွပ်ဘက်၌လည်း စစ်အင်အားဖြည့်တင်းခြင်းပြုလုပ်နေသကဲ့သို့ ပူတာအိုဘက်၌လည်း စစ်အင်အားဖြည့်တင်းနေကြောင်း အသိပေးသည်။
(KIA နှင့်ပူး​ပေါင်းတပ်များ သိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းများ။ ဓါတ်ပုံ-Padang Nsen)