ဦးဝီရသူ တပည့်​တွေ မင်းကွန်းက​နေ စစ်ကိုင်းသွားဖို့ စစ်တပ်က လုံခြုံ​ရေးမ​ပေးနိုင်လို့ ကုန်းလမ်းအစား​ ရေလမ်းမှသွား

by

in

ဦးဝီရသူ တပည့်​တွေ မင်းကွန်းက​နေ စစ်ကိုင်းသွားဖို့ စစ်တပ်က လုံခြုံ​ရေးမ​ပေးနိုင်လို့ ကုန်းလမ်းအစား​ ရေလမ်းမှသွား
ရှိန်း/ People’s Spring

နာရီပိုင်းသာကြာတဲ့စစ်ကိုင်းနဲ့ မင်းကွန်းရွာလမ်းကို စစ်ကောင်စီကလုံခြုံ ရေးမ ပေးနိုင်လို့ ဦးဝီရသူ တည်​ထောင်ထားတဲ့ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကကျောင်း စာမေးပွဲဖြေမယ့် ကျောင်းသားတွေကို မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဒေသချုပ်က လုံခြုံရေးအစီအစဥ် နဲ့ရေလမ်းနဲ့တဆင့်ခေါ်ခဲ့တယ်လို့ ဒေသခံ တွေက​ပြောပါတယ်။
မင်းကွန်းနဲ့ စစ်ကိုင်းမြို့ဟာ ၁၃ မိုင်​ကျော်ပဲကွာ​ဝေးတာဖြစ်ပြီး ကားနဲ့ မိနစ် ၄၀ ​လောက်နဲ့​ရောက်တဲ့ခရီးဖြစ်ပါတယ် ။ ဒါ​ပေမယ့် မင်းကွန်းရွာကနေ စစ်ကိုင်းမြို့ ပေါ်ကို တက္ကသိုလ်ဝန်ထမ်းစာမေးပွဲ သွား ဖြေမယ့် မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်း က​ကျောင်းသူ၊​ကျောင်းသား​တွေကို စစ်ကိုင်းမြို့ကိုတိုက်ရိုက်မပို့ရဲတဲ့အတွက်သင်္ဘောတွေ နဲ့ ဧရာဝတီမြစ်အတွင်းကတဆင့် မန္တ လေး ၊ မန္တ​လေးမြို့ကနေစစ်ကိုင်းမြို့ကိုပို့ ဆောင်ခဲ့ရတာပါ။
မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီ ကျောင်းဟာ ဦးဝီရသူတည် ထောင်ထားတာဖြစ်ပြီး အမျိုးသား​​ရေးအစွန်း​ရောက် မဘသဆရာ
တော်တွေ ဦးစီးတဲ့ကျောင်းဖြစ်ပါတယ်။
“မင်းကွန်းကနေ စစ်ကိုင်းကိုသွားဖို့အတွက် မန္တလေးကိုဖြတ်ပြီးမှ တံတားက နေပတ်သွားနေရတယ်။ဒကာတော် ကာချုပ်ကြီး ပြည်သူလူထုရဲ့အ ခြေအနေကို သိအောင်တင်ပြတာပါ နော”လို့ ဦးဝီရသူကလည်းသွားခေါ်စဉ် မိန့်ကြားတာကို ​လူမှုကွန်ယက်မှာ တင်ထားတာကိုတွေ့ရပါတယ်။
မင်းကွန်းရွာက မြသိန်းတန်စေတီမှာ စစ်​ကောင်စီတပ်စွဲထားပေမယ့် မကြာခဏ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်တာ ခံနေရပါတယ် ။ ဒါ​ကြောင့်စစ်တပ်ဟာ နာရီအနည်းငယ်သာကြာမယ့် စစ်ကိုင်း-မင်းကွန်းလမ်းကို လုံခြုံရေး မပေးနိုင်တာမို့ ရေလမ်းက နေ မန္တလေးမြို့ကတဆင့်ပို့ဆောင်ခဲ့တာဖြစ်ပါတယ် ။
အဲဒီရေ လမ်းကြောင်းကိုလည်း မန္တလေးမြို့မှာရှိတဲ့ အ လယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကအရာရှိတွေကိုယ်တိုင် ကွက်ကဲပြီး မန္တလေးမြို့က ပျူစောထီးအများအပြားနဲ့လုံခြုံ ရေး ပေးခဲ့တာလို့လည်း စစ်
တပ်နဲ့ နီးစပ်သူ တွေဆီကသိရပါတယ်။
​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလ မှာခရစ်ယာန်ဓမ္မဆရာက ခရစ်စမတ်အလှူအထိန်းအမှတ် အ​နေနဲ့အဲဒီကျောင်းမှာအလှူတခုပြုလုပ်ခဲ့ပါတယ် ။အလှူလုပ်အပြီးမှာ ဘာသာ ရေးစည်းရုံးတယ်ဆိုပြီး မဘသအဖွဲ့အစည်းက အလှူရှင်တွေကို တရားစွဲဆိုခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။
(ဦးဝီရသူ အပါအဝင် မဘသ ဆရာ​တော်​တွေနဲ့
မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီ ကျောင်းက​ကျောင်းသား၊​ကျောင်းသူ​တွေ ​ရေလမ်းဖြင့်စစ်ကိုင်းသွားစဥ်)