တောင်းခမ်း နှင့် အုမ္မသီးတွင်တိုက်ပွဲပြင်းထန်နေ
ဒီးဒီ၊သတိုး/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်၌ အ
မြောက်တပ်များရှိသော တောင်းခမ်းနှင့် ပြင်ဦးလွင်မြို့နယ်အစပ်အုမ္မသီးကျေးရွာအနီးတွင် တိုက်
ပွဲများပြင်းထန်နေကြောင်း မြေပြင်ရှိ တော်လှန်
ရေးရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။
မတ်လ ၁၄ရက်နှင့် ယနေ့(မတ်လ ၁၅ရက်)တွင် ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီးနှင့် ဂန့်ဂေါရွာအနီးတွင်လည်း တိုက်ပွဲများဆက်
လက်ဖြစ်ပွားနေသည်။ မတ်လ ၁၄ရက်က အုမ္မသီးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီက ဓာတုဗုံးအသုံးပြုပြီး လေကြောင်းမှတိုက်ခိုက်၍ တော်
လှန်ရေးရဲဘော်အချို့ မူးဝေအော့အန်မှုဖြစ်ခဲ့သည်ဟု မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ထို့အပြင်မတ်လ ၁၅ရက်နံနက်တွင်လည်း အုမ္မသီးကျေးရွာလမ်းဆုံအနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
“စစ်ကောင်စီက ဒရုန်းဗုံးသုံးပြီးပိုပြီးတော့ တိုက်
ခိုက်တာတွေရှိတယ်။ပြီးတော့ အရင်တစ်နေ့ကလည်း အဆိပ်ငွေ့တွေသုံးပြီးတိုက်ခိုက်တာတွေ တော့ရှိတယ်။ ပြီးတော့ အုမ္မသီးမှာလည်း အရင်လထဲမှာ ပြည်သူလူထုအိမ်ကိုတော့ မီးရှို့သွားတာရှိတယ်”ဟု အုမ္မသီးကျေးရွာ စစ်မြေပြင်ရှိ တော်
လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်က တအာင်းတပ်
မတော်(TNLA) နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသောနောင်ချိုမြို့နယ်အတွင်း ၂၀၂၄ အောက်
တိုဘာ ၂၂ရက်ကစတင် စစ်ကြောင်းထိုးဝင်ရောက်လာသည်။ ထို့နောက် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များရှိနေသော ဂန့်ဂေါရွာသို့ ရောက်ရှိလာ၍တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ထို့အပြင် နောင်ချိုမြို့နှင့် မိုင်(၂၀)ခန့်ဝေးသော စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ရှိရာ တောင်ခမ်းကျေးရွာ၌ တိုက်ပွဲဆက်လက်
ပြင်းထန်နေပြီး တအာင်းတပ်မတော်(TNLA)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်း ဖြစ်သည်။
တောင်းခမ်းဒေသရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် အမတ
(၃၅၄)တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်အချို့က ပြောသည်။
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်ခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်
မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ရင်းရှိသည်။
” တောင်းခမ်းဘက်မှာလည်း တိုက်ပွဲဖြစ်တာရှိတယ်။ ၁၄ရက်နေ့တုန်းက စစ်ကောင်စီကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ အရပ်သားပြည်သူလူထုသေဆုံးတာ လေးဦးတောင် ရှိတယ်။အဲဒါက တောင်ခမ်းဘက်။ တပ်အနေနဲ့ပြောရင်တော့ ၃၅၄ ရော ၉၀၂ ပတ်ပတ်လည်မှာတော့ တိုက်ပွဲတွေဖြစ်နေတာတွေတော့ရှိတယ်”ဟု အ
ဆိုပါ ရဲဘော်က ပြောသည်။
လက်တလောတိုက်ပွဲဖြစ်ပွားမှုတွင် မည်သည့်ဘက်မှ အသာရမှုမရှိသေးကြောင်း ၎င်းကဆက်ပြောသည်။
အစောပိုင်းကာလတွင် စစ်ကောင်စီက ရှမ်းပြည်
နယ်တောင်ပိုင်း ရပ်စောက်ဒေသမှ တောင်းခမ်းသို့ စစ်ကူများ စေလွှတ်နိုင်သော်လည်း လက်တလောတွင် စစ်ကောင်စီတပ်အနေဖြင့် စစ်ကူမပို့နိုင်ရန် ဓနုတပ်(DPLA)က ဖြတ်တောက်တားဆီးတိုက်ခိုက်ထားသည်ဟု ဓနုတပ်နှင့် နီးစပ်သူက ပြောသည်။
” အခုနောက်ပိုင်းတော့ တောင်းခမ်းကို အင်အားမဖြည့်နိုင်တော့ဘူး။ဘာလို့လဲဆိုတော့ ကျောက်ဂူ အင်တောဘက်မှာ DPLAက ဖြတ်တောက်ရေးတွေလုပ်တဲ့ဟာတွေရှိတော့ တောင်းခမ်းအခြေ
အနေကဝောာ့ သူတို့အတွက် ခက်ခဲလာတာပေါ့။ အဲဒါကြောင့် လူစားလဲတဲ့အချိန်မှာ ပြည်သူလူထုကို ဆိုက်ဝါးတွေထည့်တာမျိုးတွေလုပ်နေတာတော့ တွေ့နေရတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် ချန်နယ်များက တောင်းခမ်းကျေးရွာ၌ တော်လှန်ရေးတပ်များ ဆုတ်ခွာပေးရပြီး အထိနာနေကြောင်း၊ ကျေးရွာအချို့အား ပြန်လည်သိမ်းပိုက်ထားကြောင်း ရေးသားဖြန့်ဝေနေကြသည်။
ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက တောင်းခမ်းရှိ အမြောက်တပ်တွင် ကာလရှည် တပ်အပြောင်းအလဲ မလုပ်နိုင်ခဲ့သော တပ်မ ၁၁ လက်အောက်ခံတပ်ရင်းအချို့ကို ရှမ်းတောင်မှ တပ်ရင်းအချို့နှင့်အပြောင်းအလဲလုပ်ခဲ့သည်။ ထိုသို့ တပ်အပြောင်းအလဲလုပ်သည်ကို တောင်းခမ်းဒေသရှိ အမြောက်တပ်ရင်းများအားလုံးကို သိမ်းပိုက် ထိန်းချုပ်ပြီး ပြီးပြန်လာသော အောင်ပွဲရစစ်သားများဟုဝါဒဖြန့်ကာ တပ်မိသားစုဝင်များ ကြိုဆိုခဲ့ကြသည်။
“အဲဒီ့အခြေအနေက တပ်ချိန်းတဲ့ အနေအထားကတော့ ဘယ်လိုပြောမလဲ သူတို့ အဓိကဝါဒဖြန့်တာသက်သက်ပဲလို့ ကျွန်တော်တို့ အဲဒီလိုမျိုးပဲမြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တောင်းခမ်းအလုံးစုံထိန်းချုပ်နိုင်သွားတာမျိုးတွေ ရေးသား ဖော်ပြတာတွေလည်းတွေ့ နေရတယ်။ အရင်တုန်းကတော့ အရင်ပြောသလို အားလုံးက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အနေအထားရှိတယ်။ဒါပေမယ့် အခုနောက်ပိုင်းမှာကျတော့ လမ်းကြောင်းတွေပြန်ဖွင့်ပေးလိုက်တဲ့ အနေအထားမှာ တပ်ချိန်းတာမျိုးတွေ လုပ်တယ်ပေါ့။ အဲဒီ့ဟာမျိုးအပေါ်မှာပဲ သူတို့က တောင်းခမ်းသည် အလုံးစုံထိန်းချုပ်သွားတယ်ဆိုတာမျိုးတွေ တွေ့ရတာပေါ့။ အဓိကသူတို့ ဝါဒမှိုင်းတွေ သူတို့စစ်ကောင်စီ အချင်းချင်း မိုတီယူကြတာလို့ပဲမြင်တယ်။အများကြီးတော့ ထူးခြား
မှုမရှိပါဘူး”ဟု ဓနုတပ်နှင့် နီးစပ်သူက ပြောသည်။
အမြောက်တပ်များရှိသော တောင်းခမ်းကျေးရွာ၌ တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ခွာပေးရခြင်း မရှိဘဲ ဝိုင်းဝန်းပိတ်ဆို့တိုက်လိုက်နေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ပြည်သူများအနေဖြင့် တောင်းခမ်းဒေသစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး စိတ်မပူကြရန် တောင်းခမ်းဒေသစစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
” သူတို့ဝါဒဖြန့်တိုင်း ကျွန်တော်တို့က ယုံလို့မရဘူးလေ။ကျွန်တော်တို့ မြေပြင်မှာ လုပ်ဆောင်နေတာဆိုတော့ ကျွန်တော်တို့ အသိဆုံးဖြစ်တယ်။အဲဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း အရမ်းကြီးစိုးရိမ်စိတ်မကြီးကြနဲ့။ အဓိကတော့ သူတို့တောင်းခမ်းမှာ ပိတ်မိနေတာ ၇ လ ၈ လရှိပြီ။ အခုမှ သူတို့လူချိန်းရတဲ့ အပေါ်မှာ တခြားလူတွေ သူတို့အောက်လက်ငယ်သားတွေ တောင်းခမ်းကိုမသွားရဲမှာစိုးလို့ဆိုတဲ့ဟာမျိုးတွေနဲ့ ဝါဒဖြန့်တာပဲ ဖြစ်တယ်။ဝါဒဖြန့်မှုကြီးကြီးမားမားလုပ်တယ်လို့ပဲမြင်တယ်။အဲဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း အရမ်းကြီး နားတွေမယုံကြဖို့ပြောချင်တယ်။ အရမ်းကြီးတော့ ထူးခြားမှု အများကြီးတော့မရှိသေးဘူး”ဟု ၎င်းက ပြောသည်။
( စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသော DPLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-DPLA)
