MYIA MM

    • Sample Page
Illustration of a bird flying.
  • ရန်ကုန်တိုင်း၊ မြို့နယ်များတွင် ပြည်ပရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူထားရန် မိဘများကို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ခေါ်ယူဖိအားပေး

    ရန်ကုန်တိုင်း၊ မြို့နယ်များတွင် ပြည်ပရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူထားရန် မိဘများကို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ခေါ်ယူဖိအားပေး

    ရန်ကုန်တိုင်း၊ မြို့နယ်များတွင် ပြည်ပရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူထားရန် မိဘများကို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ခေါ်ယူဖိအားပေး ရန်ကုန်၊ မတ် ၃ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ပြည်ပရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းရန်အတွက် ပြန်လည် ခေါ်ယူထားရန် မိဘများကို စစ်ကောင်စီက ဆင့်ခေါ် ဖိအားပေးနေပြီဖြစ်ကြောင်း သာကေတမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်မှ မိဘပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလနှောင်းပိုင်းနှင့်ယခု မတ်လဆန်းပိုင်းအတွင်း အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များကို ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် မဖြစ်မနေ…

    March 4, 2025
  • ယောတပ်တော်နဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း

    ယောတပ်တော်နဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း

    ယောတပ်တော်နဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း ~~~ ■ ယောတပ်တော် (YA) အဖွဲ့ထံကို ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ပေါင်းစည်းလာကြောင်း YA က မတ်လ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ယောဒေသမှာ တပ်တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ဖို့အတွက် ကြိုးစားခဲ့ရာမှာ YPDF က ပူးပေါင်းလာတာလို့ ယောတပ်တော်ကာကွယ်ရေးဌာနမှူးက ပြောပါတယ်။ “ယောတပ်တော်ထဲကို လာရောက်ပူးပေါင်းတဲ့ပုံစံမျိုးပါ၊ ယောဒေသတစ်ခုလုံး လွှမ်းခြုံတဲ့အဖွဲ့အစည်းဖြစ်ဖို့ စကားပြောနေတာတော့ကြာပြီ၊ တဖြည်းဖြည်းချင်း ပြန်လိုက်စုနေရတဲ့ပုံစံမျိုးပါ” YPDF က ပူးပေါင်းလာတာဟာ ယောဒေသ ညီညွတ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တဲ့အပြင် စစ်အာဏာရှင်ကို တိုက်ခိုက်ရာမှာ ပိုမိုထိရောက်တဲ့ အင်အားတစ်ခုဖြစ်လာကြောင်းလည်း YA ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။ ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ယောတပ်တော်နဲ့ ပူးပေါင်းလာတယ်လို့…

    March 4, 2025
  • စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် အဓိကကျသည့် OWIC ကတ် ထုတ်ပေးမှု ၁၈ ရက်ကြာ ဆက်လက်ရပ်နား ထားသဖြင့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရ

    စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် အဓိကကျသည့် OWIC ကတ် ထုတ်ပေးမှု  ၁၈ ရက်ကြာ ဆက်လက်ရပ်နား ထားသဖြင့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရ

    စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် အဓိကကျသည့် OWIC ကတ် ထုတ်ပေးမှု ၁၈ ရက်ကြာ ဆက်လက်ရပ်နား ထားသဖြင့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရ ရန်ကုန်၊ မတ် ၄ စစ်ကောင်စီက အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် အဓိကကျသည့် ပြည်ပအလုပ်သမားသက်သေခံကတ် (OWIC-Oversea Workers Identity Card) ထုတ်ပေးမှုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ထုတ်ပေးမှုများကို အကြောင်းပြချက်မရှိဘဲ ရပ်ဆိုင်းခဲ့ရာ ပြည်ပသို့ ထွက်ခွာမည့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရဘဲ ပိတ်မိနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ…

    March 4, 2025
  • ရွှေပြည်သာရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်

    ရွှေပြည်သာရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်

    ရွှေပြည်သာရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက် သတိုး/People’s Spring ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။ “မိုင်း ၂လုံးနဲ့ ပင်မဂိတ်အနီးဆုံး ကပ်လျက် ဖောက်ခွဲနိုင်ခဲ့ပါတယ်။ဂိတ်ကင်း အစောင့်တွေ ထိခိုက်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။ အဆိုပါစစ်ဆင်ရေးကို မတ်လ ၃ရက် ည ၇နာရီခွဲခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်အားလုံး ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ OFအဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၂၃ ရက်ကလည်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။ Operation Flame (OF)အဖွဲ့အနေဖြင့် ရန်ကုန် တော်လှန်ရေးမဟာမိတ်များအားလုံးနှင့် အတူလက်တွဲ၍ စစ်ကောင်စီကို အရှိန်မြင့်တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။

    March 4, 2025
  • BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက ထိုင်းရှေ့ချုပ်ရုံးဆီ လျှောက်ထား…

    BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက  ထိုင်းရှေ့ချုပ်ရုံးဆီ လျှောက်ထား…

    BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက ထိုင်းရှေ့ချုပ်ရုံးဆီ လျှောက်ထား… မတ် ၃၊ ၂၀၂၅ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က သက်သေတွေနဲ့အတူ ထိုင်းရှေ့နေချုပ်ရုံးကို မတ်လ ၃ ရက် ဒီနေ့မှာ တင်သွင်းလိုက်ပြီလို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။ စောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ဖို့ရာမှာ ထိုင်းနိုင်ငံက ပြည်သူတွေနဲ့ နိုင်ငံတကာပြည်သူတွေကို လူကုန်ကူးတဲ့အကြောင်းအရင်းက အဓိက ဖြစ်တယ်လို့ ထိုင်းသတင်းဌာန Khaosod English က ဆိုပါတယ်။ DSI က ထိုင်းရှေ့နေချုပ်ရုံးကို တင်သွင်းထားတဲ့ အဲ့ဒီဖမ်းဝရမ်းဟာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ လူကုန်ကူးမှုတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်လို့ ဆိုပါတယ်။…

    March 3, 2025
  • စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဥ် ဒီနေ့ စတင်

    စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဥ် ဒီနေ့ စတင်

    စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဥ် ဒီနေ့ စတင် လီလီယန်/People’s Spring အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမီယာပူတင်ရဲ့ ဖိတ်ကြားချက်အရ ဒီနေ့ မတ်လ ၃ရက် မနက်ပိုင်းမှာ နေပြည်တော်ကနေ ရုရှားကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။ အာဂျင်တီးနားတရားရုံးကနေ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပထမဆုံးပြည်ပခရီးစဥ်ဖြစ်သလို ဒီမော်စကိုခရီးစဥ်အတွင်း နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ ICC က မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်ဖို့ ICC တရားလိုရှေ့နေချုပ်က ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာမှာ ရုံးတော်ကို လျှောက်ထားထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှားသမ္မတ ပူတင်က မော်စကိုကို တရားဝင်ဖိတ်ကြားတွေ့ဆုံတာ မရှိပေမယ့် ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ အရှေ့ဖျားစီးပွားရေးဖိုရမ်…

    March 3, 2025
  • မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ စစ်ကောင်စီရော AA ပါ အခွန်ကောက်ခံနေဟု ဘင်္ဂလားဒေ့ရှ်ဆို

    မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ စစ်ကောင်စီရော AA ပါ အခွန်ကောက်ခံနေဟု ဘင်္ဂလားဒေ့ရှ်ဆို

    မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ စစ်ကောင်စီရော AA ပါ အခွန်ကောက်ခံနေဟု ဘင်္ဂလားဒေ့ရှ်ဆို မတ် ၂၊ ၂၀၂၅ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ စစ်ကောင်စီရော၊ အာရက္ခတပ်တော် (AA)ပါ အခွန်ကောက်ခံနေလို့ နှစ်ဖက်လုံးနဲ့ ထိတွေ့ဆက်ဆံနေရကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury က မတ်လ ၁ ရက်မှာ ပြောပါတယ်။ “ပထမတော့ စစ်တွေကနေ ဝင်လာတဲ့ ကုန်ပစ္စည်းတွေအတွက် မြန်မာအစိုးရက အခွန်ကောက်တယ်။ ဒါပေမယ့် နယ်စပ်ကို အာရက္ခတပ်တော်က ချုပ်ကိုင်ထားတာကြောင့် သူတို့လည်း အခွန်ကောက်တယ်။ ဒါက ကိုင်တွယ်ဖို့ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီကိစ္စကိုင်တွယ်ဖို့ အကြီးတန်း ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားပါတယ်” လို့ သူကပြောပါတယ်။ (ဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးနဲ့ ညီမျှတဲ့)…

    March 3, 2025
  • ဧရာဝတီတိုက်ပွဲအတွင်း ဒဏ်ရာရရှိလာသည့် စစ်ကောင်စီ၏ ဗျူဟာမှူးတစ်ဦး သေဆုံး၍ လုံခြုံရေးအများအပြားဖြင့် မီးသဂြိုဟ်

    ဧရာဝတီတိုက်ပွဲအတွင်း ဒဏ်ရာရရှိလာသည့် စစ်ကောင်စီ၏ ဗျူဟာမှူးတစ်ဦး သေဆုံး၍ လုံခြုံရေးအများအပြားဖြင့် မီးသဂြိုဟ် ဧရာဝတီတိုင်းမ် မတ် ၃ ရက် ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ် အနောက်တောင် တိုင်း စစ်ဌာနချုပ်ရှိ မဆရ ၄ တွင် ရှေ့တန်းမှ ဒဏ်ရာပြင်း ထန်၍ ဆေးကုသမှုခံယူနေသည့် စစ်ကောင်စီ၏ ဗျူဟာမှူးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ မတ် ၃ ရက် နံနက် ၉ နာရီ ၅၀ မိနစ် ခန့်တွင် သေဆုံးသည့် ဗျူဟာမှူး၏ အလောင်းကို ပုသိမ်၊ ရွှေမြင်တင်မီးသဂြိုဟ်စက်သို့ သယ်ဆောင်လာပြီး မီးသဂြိုဟ်ခဲ့ကြောင်း သိရသည်။ နာရေးသို့ စစ်ကောင်စီ စစ်ကားများ၊ မီနီဘတ်စ်များ၊ အိမ်စီးကားများအပါအဝင် လုံခြုံရေးယူထားသည့် ကားစုစုပေါင်း ၃၆ စီးဖြင့် ရွှေမြင်တင်သုဿာန်တွင် လာရောက်…

    March 3, 2025
  • နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး လူမှန်နေရာမှန်ရှိဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ် ထောက်ခံသူ ဒေါ်သက်သက်ခိုင် ပြော

    နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး လူမှန်နေရာမှန်ရှိဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ် ထောက်ခံသူ ဒေါ်သက်သက်ခိုင် ပြော

    နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး လူမှန်နေရာမှန်ရှိဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ် ထောက်ခံသူ ဒေါ်သက်သက်ခိုင် ပြော မတ် ၂၊ ၂၀၂၅ အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားတဲ့ နိုင်ငံသားတွေ လူမှန်နေရာမှန်ရှိဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဝန်ကြီးဌာနနှစ်ခုမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် လုပ်ဆောင်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဌ ဒေါ်သက်သက်ခိုင်ဟာ မတ်လ ၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပါတီအလုပ်ရုံဆွေးနွေးပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။ ငြိမ်းချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်စေရန်ဆိုတဲ့ အချက်ကို အမြဲနှလုံးသွင်းထားဖို့လိုတယ်လို့လည်း ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ နှုတ်ထွက်ခဲ့ပြီး ၂၀၁၉ခုနှစ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်…

    March 3, 2025
  • မတ္တရာမြို့နယ်အ​ရှေ့ခြမ်းမှာ တိုက်ပွဲ​တွေဆက်ဖြစ်

    မတ္တရာမြို့နယ်အ​ရှေ့ခြမ်းမှာ တိုက်ပွဲ​တွေဆက်ဖြစ်

    မတ္တရာမြို့နယ်အ​ရှေ့ခြမ်းမှာ တိုက်ပွဲ​တွေဆက်ဖြစ် -ရှိန်း/People’s Spring မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တလကျော်အကြာအထိတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ကလေယာဉ်ပစ်ကူသုံးပြီးထိုးစစ်ဆင် နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တချို့က​ပြောပါတယ်။ မတ္တရာမြို့နယ်၊ကျောက်တံတားကျေးရွာအနီး ကျေးရွာတွေကိုလည်းပြန်လည်ရယူဖို့စစ်တပ်ဘက်ကထိုးစစ်ဆင်တာတွေပြုလုပ်နေသလို တော်လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ် နေတယ်လို့သိရပါတယ်။ မတ်လ ၂ ရက်​​နေ့ညပိုင်းကလည်းထန်းပင်ကုန်းရွာနဲ့ကျပ်ပြင်ရွာ တွေဘက်ကနေ ပစ်ခတ်သံတချို့ကြားရပြီး မတ်လ ၃ ရက် မနက်၁၁နာရီလောက်မှာ စစ်တပ်က လေယာဉ်နဲ့သုံးကြိမ်ဗုံးကျဲခဲ့တယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုမှာထိခိုက်မှုအခြေ အနေကို တော့မသိရ သေးပါဘူး။ “အဲဒီမှာ ပွိုင့်ကုန်းတွေရှိတယ်။အဲဒီကနေ သူ့ဘက် ကိုယ့်ဘက် ခဏခဏဖြစ် နေတာပဲ။အခုရက်ပိုင်းစစ်တပ်က ပိုပြီးထိုးစစ်ဆင်လာတာတွေ့ရတယ်”လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ တိုက်ပွဲတွေရဲ့အခြေအနေကိုတော့ မသိရ​သေးပါဘူး။တိုက်ပွဲတွေဖြစ်ပြီး နာရီပိုင်းအတွင်း စစ်တပ်က လေယာဉ်ပစ်ကူလာသလို၊ဒရုန်း၊လက်နက်ကြီးပစ်ကူ‌ တွေလည်းပေး လေ့ရှိတယ်လို့သူကဆက် ပြောပါတယ်။ မတ္တရာမြို့နယ်အရှေ့ခြမ်းကိုပြည်သူ့ကာကွယ်​ရေး တပ်မ​တော်(မန္တ​လေး)MDY-PDFက ဦး ဆောင်သိမ်းယူထားပါတယ် ။ မန္တ​လေး-PDF က၂၀၂၄ ဇွန်လမှာစတင်တဲ့ ၁၀၂၇ ဒုတိယလှိုင်း (​ခေါ်)…

    March 3, 2025
←Previous Page
1 … 130 131 132 133 134 … 203
Next Page→

MYIA MM

Proudly powered by WordPress