ရွှေပြည်သာရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်
သတိုး/People’s Spring
ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။
“မိုင်း ၂လုံးနဲ့ ပင်မဂိတ်အနီးဆုံး ကပ်လျက် ဖောက်ခွဲနိုင်ခဲ့ပါတယ်။ဂိတ်ကင်း အစောင့်တွေ ထိခိုက်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါစစ်ဆင်ရေးကို မတ်လ ၃ရက် ည ၇နာရီခွဲခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်အားလုံး ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
OFအဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၂၃ ရက်ကလည်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။
Operation Flame (OF)အဖွဲ့အနေဖြင့် ရန်ကုန် တော်လှန်ရေးမဟာမိတ်များအားလုံးနှင့် အတူလက်တွဲ၍ စစ်ကောင်စီကို အရှိန်မြင့်တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။
