-
EAO များ ကိုယ်ဖြစ်ချင်တာတွေ မပြောဘဲ ဖြစ်သင့်တာနှင့်ဖြစ်နိုင်တာကို ပြောရန် မင်းအောင်လှိုင် ပြောပြန် 🟥 မင်းအောင်လှိုင်နှင့်စစ်တပ်မှာ တရားမဝင် ဖက်ဆစ် အဖွဲ့အစည်း ဖြစ်၍ တိုင်းရင်းသားများအရေး ပြောဆိုပိုင်ခွင့်မရှိဟု KNU တုံ့ပြန်
EAO များ ကိုယ်ဖြစ်ချင်တာတွေ မပြောဘဲ ဖြစ်သင့်တာနှင့်ဖြစ်နိုင်တာကို ပြောရန် မင်းအောင်လှိုင် ပြောပြန် 🟥 မင်းအောင်လှိုင်နှင့်စစ်တပ်မှာ တရားမဝင် ဖက်ဆစ် အဖွဲ့အစည်း ဖြစ်၍ တိုင်းရင်းသားများအရေး ပြောဆိုပိုင်ခွင့်မရှိဟု KNU တုံ့ပြန် ရန်ကုန်၊ မတ် ၁၁ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAO များအနေဖြင့် ကိုယ်ဖြစ်ချင်တာတွေ မပြောဘဲ ဖြစ်သင့်တာနှင့်ဖြစ်နိုင်တာကို ပြောရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။ မတ်လ ၉ ရက်နေ့ ရုရှားခရီးစဉ်မှ အပြန် လေယာဉ်ပေါ်တွင် စစ်တပ်လက်အောက်ခံ မီဒီယာများနှင့်တွေ့စဉ် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းပြောဆိုချက်ကို ယနေ့ မတ်လ ၁၁ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် အကျယ်တဝင့်ဖော်ပြထားသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က…
-
မြန်မာ့အရေး အမေရိကန်၏ လျစ်လျူရှုမှုဟာ တရုတ်လွှမ်းမိုးမှုချဲ့ထွင်ဖို့ တံခါးဖွင့်ပေးခြင်း ဟု SAC-M ပြော
မြန်မာ့အရေး အမေရိကန်၏ လျစ်လျူရှုမှုဟာ တရုတ်လွှမ်းမိုးမှုချဲ့ထွင်ဖို့ တံခါးဖွင့်ပေးခြင်း ဟု SAC-M ပြော မတ် ၁၀၊ ၂၀၂၅ အမေရိကန်က မြန်မာပြည်နဲ့ သိသိသာသာ ထိတွေ့ဆက်ဆံမှု ဖြတ်တောက်လိုက်ခြင်းဟာ တရုတ်အတွက်တော့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ တံခါးဖွင့်ပေးသလို ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။ “ထရမ့်မှာ မြန်မာပြည်အတွက် မူဝါဒ ရှိမရှိတော့ မသိရသေးပေမယ့် မြန်မာပြည်ကို လျစ်လျူရှုလိုက်သလို ဖြစ်နေတာတော့ ရှင်းပါတယ်၊ ဒါက သဘောသဘာဝအရ မြန်မာကို တရုတ်ဆီကို လက်လွှတ်လိုက်တာဖြစ်ပြီး တရုတ်အနေနဲ့ လေဟာနယ်တည်ဆောက်ဖို့ ဝင်ရောက်လာမှာဖြစ်တယ်” လို့ SAC-M တည်ထောင်သူ အဖွဲ့ဝင် Yanghee Lee က ကုလသမဂ္ဂ…
-
ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများ စစ်ကောင်စီထံမှ ခွင့်ပြုချက် ယူရမည်ဖြစ်ပြီး ခွင့်ပြုစာရင်းကို လေဆိပ်သို့ ကြိုတင်ပေးပို့မည်
ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများ စစ်ကောင်စီထံမှ ခွင့်ပြုချက် ယူရမည်ဖြစ်ပြီး ခွင့်ပြုစာရင်းကို လေဆိပ်သို့ ကြိုတင်ပေးပို့မည် 🟥စစ်ကောင်စီ၏ အတည်ပြုအလုပ်ခေါ်စာများနှင့် ကျွမ်းကျင်အလုပ်များအတွက် OWIC ကတ် ပြန်ထုတ်ပေးပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်အမျိုးသားများကို ပြည်ပအလုပ် လုပ်ခွင့် ဆက်ပိတ် ရန်ကုန်၊ မတ် ၁၁ မြန်မာနိုင်ငံမှ အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများအားလုံးအနေဖြင့် အလုပ် သမားဝန်ကြီးဌာန၏ ခွင့် ပြုချက် ရယူရမည်ဖြစ်ပြီး ခွင့်ပြုသည့် အလုပ်သမားစာရင်းကိုလည်း လေဆိပ်သို့ ကြိုတင်ပေးပို့ထားမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ကြေညာသည်။ PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပအလုပ်အကိုင် သွားရောက်မည့်သူများသည် OWIC ပြည်ပအလုပ်အကိုင် သက်သေခံကတ် လက်ဝယ်ရရှိပြီးနောက်…
-
စစ်တပ်အတွင်း ပုန်ကန်မှု မဖြစ်ရေး မင်းအောင်လှိုင်၏ သွေးခွဲအုပ်ချုပ်ရာထူးပေးသည့် စနစ်ကြောင့် ဗိုလ်ချုပ်များအကြား အုပ်စုကွဲများစွာ ဖြစ်နေပြီး ညီညွတ်မှုမရှိဘဲ အားပြိုင်နေ
စစ်တပ်အတွင်း ပုန်ကန်မှု မဖြစ်ရေး မင်းအောင်လှိုင်၏ သွေးခွဲအုပ်ချုပ်ရာထူးပေးသည့် စနစ်ကြောင့် ဗိုလ်ချုပ်များအကြား အုပ်စုကွဲများစွာ ဖြစ်နေပြီး ညီညွတ်မှုမရှိဘဲ အားပြိုင်နေ ရန်ကုန်၊ မတ် ၁၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်အတွင်း ပုန်ကန်မှုများ မဖြစ်စေရေးအတွက် စီနီယာ၊ ဂျူနီယာအစဉ် အတိုင်းမဟုတ်ဘဲ ၎င်းယုံကြည်စိတ်ချရသူများကို ရာထူးနှင့်တာဝန်များ တိုးမြှင့် ပေးအပ်နေခြင်းကြောင့် ထိပ်တန်းစစ်ဗိုလ်ချုပ်များအကြား မတူညီသော အုပ်စုကွဲများစွာဖြစ်ပေါ်နေကာ အားပြိုင်ဆိုင်နေကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ မင်းအောင်လှိုင်က ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားချိန် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ပြီး ရာထူးနှင့်တာဝန်ပေးအပ်မှုများ ကို စီနီယာ၊ ဂျူနီယာအစဉ်အတိုင်းမဟုတ်တော့ဘဲ ၎င်း၏ စိတ်တိုင်းကျ အပြောင်းအရွှေ့များ လုပ်ဆောင်လာကြောင်း၊ အထူးသဖြင့် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ စစ်ဘက်ရာထူးနှင့်အရပ်ဘက်တာဝန်များကို ၎င်းကို သစ္စာခံသည့်…
-
ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ
ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ မတ် ၁၀၊ ၂၀၂၅ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ Spring UAV Force – G3 Fixed-wing ဒရုန်းအဖွဲ့က ဒရုန်း (၂) စင်းနဲ့ မနေ့က မတ်လ ၉ ရက် မနက်ပိုင်းမှာ အချိန်ခြားပြီး ဗုံး (၃) လုံး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့…
-
စစ်ခေါင်းဆောင်၏သားပိုငိဆိုင်သည့် ဟိုတယ်များနှင့် ခရိုနီးများ၏ ဟိုတယ်များကို ULA/AA ချိပ်ပိတ် သိမ်းဆည်း
စစ်ခေါင်းဆောင်၏သားပိုငိဆိုင်သည့် ဟိုတယ်များနှင့် ခရိုနီးများ၏ ဟိုတယ်များကို ULA/AA ချိပ်ပိတ် သိမ်းဆည်း ဧရာဝတီတိုင်းမ် မတ် ၁၀ ရက် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် စိုးမိုးနယ်မြေများမှ စစ်ခေါင်းဆောင်နှင့် ခရိုနီများပိုင်ဆိုင်သည့် ဟိုတယ်နှင့် လုပ်ငန်းများကို AA က ချိပ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေမှ စစ်ခေါင်းဆောင်နှင့် ခရိုနီများပိုင်ဆိုင်သည့် ဟိုတယ်များအပြင် စစ်အုပ်စုက သိမ်းပိုက်ထားသည့် မြေဧကများကိုပါ AA က ချိပ် ပိတ်လိုက်ကြောင်း သိရသည်။ “စစ်ခေါင်းဆောင်ရယ်၊ ဒုစစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုနဲ့ လက်ဝါးရိုက်ကြီးပွားနေတဲ့ ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုတွေကို အခုရက်ပိုင်းမှာ AA က ချိပ်ပိတ်နေတယ်။ မြောက်ဦးနဲ့ မင်းပြားက လုပ်ငန်းတွေလည်း ချိပ်ပိတ်ခံရတဲ့အထဲပါတယ်လို့ သိရပါတယ်”ဟု ရခိုင်သတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။…
-
တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် အနုကြမ်းစီးမှုဖြစ်
တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် အနုကြမ်းစီးမှုဖြစ် ရဲခေါင်၊ ကဖေး /People’s Spring ရန်ကုန်မြို့၊ တာမွေမြို့နယ်၊မေတ္တာညွန့်ရပ်ကွက်ရှိ ဝဏ္ဏသိင်္ဂီလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် အမျိုးသ မီး အား လူတစ်စုကကြိုးတုပ်ပြီး ဓားဖြင့်ထိုးကာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်။ ယနေ့(မတ်လ ၁၀ ရက်) မွန်းလွဲ ၃ နာရီခန့်ကဖြစ် ပွားခဲ့သည့် အဆိုပါဖြစ်စဥ်ကြောင့် အဆိုပါလမ်း နေထိုင်သူများ တုန်လှုပ်ခဲ့ရသည်ဟု ဒေသခံအချို့က ပြောသည်။ “တိုက်ရဲ့ပထမထပ်မှာ ဖြစ်တာ။အိမ်ရှင် အမျိုး သမီးကို ကြိုးတွေတုပ် ဓားတွေနဲ့ မွှန်းထိုးထားပြီး ပစ္စည်းတွေယူသွားကြတယ်”ဟု ဖြစ်စဥ်ကို သိရှိသည့် မေတ္တာညွန့်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ အိမ်ရှင်အမျိုးသမီး၏ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ်မရှိတော့ဘဲ အနုကြမ်းစီးသူများလည်း လွတ် မြောက်နေကြောင်း ၎င်းက ပြောသည်။ ကျူးလွန်မှုတွင် လူဦးရေမည်မျှပါဝင်သည်ကိုမှု မသိရသေးပေ။…
-
ဗန်းမော်တွင် စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA က ပစ်ချနိုင်ခဲ့ပြီး စစ်တပ်တပ်စွဲထားသော စက်သုံးဆီဆိုင် မီးလောင်နေ၊ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု မရပ်မနားလုပ်ဆောင်
ဗန်းမော်တွင် စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA က ပစ်ချနိုင်ခဲ့ပြီး စစ်တပ်တပ်စွဲထားသော စက်သုံးဆီဆိုင် မီးလောင်နေ၊ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု မရပ်မနားလုပ်ဆောင် ရန်ကုန်၊ မတ် ၁၀ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရန် KIA ဦးဆောင်သော ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျက်ရှိရာ လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ဒရုန်းများ အသုံးပြုမှု ပိုမိုများပြားလာနေပြီး ယမန်နေ့ မတ်လ…
-
မင်းအောင်လှိုင် ရုရှားတွင် ရှိနေစဉ် ရုရှားကုန်တင်လေယာဉ်တစ်စင်း နေပြည်တော်သို့ လာရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်
မင်းအောင်လှိုင် ရုရှားတွင် ရှိနေစဉ် ရုရှားကုန်တင်လေယာဉ်တစ်စင်း နေပြည်တော်သို့ လာရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင် ရန်ကုန်၊ မတ် ၁၀ အကြမ်းဖက် မင်းအောင်လှိုင် ရုရှားတွင် ရှိနေစဉ် ရုရှားကုန်တင်လေယာဉ်တစ်စင်းက နေပြည်တော်သို့ လာရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်သွားခဲ့ကြောင်း နေပြည်တော်အေလာတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၈ ရက်နေ့ ညပိုင်း နေပြည်တော်အေလာလေတပ်သို့ ရုရှားကုန်တင်လေယာဉ် IL 76-RA-76842 (ilyushin il-76TD) ရောက်ရှိလာခဲ့ကြောင်း ၊ အဓိကအားဖြင့် နေပြည်တော်အေလာလေတပ်ထဲသို့ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ နေပြည်တော်မှ ရုရှားသို့ အပြန်တွင် မည်သည့်ကုန်ပစ္စည်းမှ တင်ဆောင်သွားခြင်းမရှိကြောင်း သိရှိရသည်။ မတ်လ ၉ ရက်နေ့တွင် အဆိုပါ ရုရှားကုန်တင်လေယာဉ်သည် နေပြည်တော်အေလာလေတပ်မှ ပြန်လည်…
-
တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုဖို့ မင်းအောင်လှိုင် ပြော
တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုဖို့ မင်းအောင်လှိုင် ပြော မတ် ၁၀၊ ၂၀၂၅ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs တွေအနေနဲ့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုသင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ “EAOs တွေကို ကျနော်ပြောချင်တာက ဖြစ်ချင်တာတွေကိုမပြောပါနဲ့ ဖြစ်သင့်တာကိုပဲ ပြောဖို့ ကောင်းတယ်” လို့ မင်းအောင်လှိုင်က ရုရှားခရီးစဉ်က အပြန် လေယာဉ်ပေါ်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။ ပြည်သူလူထုရဲ့ ဆန္ဒကို ငြင်းပယ်ပြီး လက်နက်ပြ အကြမ်းဖက်ကာ အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ခြိမ်းခြောက်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထံ နယ်မြေအမြောက်အမြား ဆုံးရှုံးထားရတဲ့ မင်းအောင်လှိုင်က သူတို့အနေနဲ့ ဒီမိုကရေစီအခွင့်အရေးအပါအဝင် တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့်အရေးလည်း ပေးထားတယ်လို့ ဆိုပါတယ်။…