-
ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာရှိ ကွမ်းသီးတောဘုရားကုန်း နှင့် ကွမ်းသီးခြံတစ်ခုတွင် အခြေစိုက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် စစ်ဆေးရေး ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကို ရေးဘီဘူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…
-
အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ
အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၁၈ ရက်မှာ ငဖဲမြို့နယ်အပိုင်၊ နတ်ရေကန်ဗျူဟာကုန်းစခန်း အနီးဝန်းကျင်မှာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ နတ်ရေကန် ခံစစ်စခန်း အနီးဝန်းကျင်မှာ ထိတွေ့မှု အနည်းငယ်ရှိတာကလွဲရင် တိုက်စစ်ကြီးကြီးမားမား မရှိသေးပေမယ့် မကွေးလေတပ်ကတော့ ရဟတ်ယာဉ် တစ်လှည့် လေယာဉ်ပျံ တစ်လှည့်နဲ့ ကင်းထောက်နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေးထားပါတယ်။ “နတ်ရေကန်စခန်းက အမ်းမကျခင်ကတုန်းကတော့ ရေတာစခန်းပေါ့နော်၊ အမ်းကျပြီးနောက်ပိုင်းမှ…
-
ပေါက်ခေါင်းတွင် စစ်တပ်အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ စစ်ကားများနှင့်ခဲယမ်းများ မီးလောင်ပျက်စီး (ရုပ်/သံ)
ပေါက်ခေါင်းတွင် စစ်တပ်အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ စစ်ကားများနှင့်ခဲယမ်းများ မီးလောင်ပျက်စီး (ရုပ်/သံ) ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadowက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၊ ပြည်-ပေါင်းတလည်အကြား၊ တောင်ဆင်းဝဂွေအနီး စစ်တပ်၏ ရိက္ခာနှင့်ခဲယမ်းပို့ဆောင်နေသော…
-
ရန်ကုန်တွင် ပြည်ပအလုပ်ကိုင်ရှာဖွေးရေး လုပ်ငန်းရှင်တစ်ဦး ကြိုးဆွဲချ သတ်သေ
ရန်ကုန်တွင် ပြည်ပအလုပ်ကိုင်ရှာဖွေးရေး လုပ်ငန်းရှင်တစ်ဦး ကြိုးဆွဲချ သတ်သေ AAMIJ / ဖေဖော်ဝါရီ ၁၈ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၃ ရပ်ကွက်၊ သုခလမ်းမှာ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးဟာ ၄င်းနေအိမ်မှာ ကြိုးဆွဲချပြီးသေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါသတ်သေသူဟာ ယမန်နေ့ ဖေဖော်ဝါရီလ၊ ၁၇ ရက်နေ့၊ မနက် ၉နာရီကျော်မှာ ဘေးတွဲမောင်းသူကို လက်ဖက်ရည်ဆိုင် လိုက်ပို့ဖို့အတွက် ပြောဆိုထားတာကြောင့် ဘေးတွဲမောင်သူဟာ သူနေထိုင်တဲ့ သုခလမ်းက နေအိမ်ကို သွားရောက်ခေါ်ဆောင်ရာ နေအိမ်ရဲ့ လှေကားအဆင်းမှာ ကြိုးဆွဲချပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း စစ်တပ်မီဒီယာတွေက သတင်းဖော်ပြထားပါတယ်။ ကြိုးဆွဲချသတ်သေတဲ့ အမျိုးသားဟာ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး သူ့ရဲ့နေအိမ်မှာ ပတ်စပိုစ့်စာအုပ် ၇၀တွေ့ခဲ့ရပါတယ်။ ၄င်းအမျိုးသားရဲ့ အသက်အရွယ်မှာ ၄၇ နှစ်ရှိပြီဖြစ်ပါတယ်။…
-
ရေကြည်မြို့နယ် မြောက်စမ်း အမြောက်တပ် ၃၄၄ အနီးရှိ လယ်ကွင်းထဲသို့ လက်နက်ခဲယမ်းများ လွှင့်ပစ်၍ စစ်ကောင်စီတပ်သားအချို့ ထွက်ပြေး
ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁၈ ရက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာရှိ အမှတ်(၃၄၄) အမြောက်တပ် (အမတ -၃၄၄) အနီးရှိ လယ်ကွင်းထဲသို့ လက်နက်ခဲယမ်းများလွှင့်ပစ်ထားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထွက်ပြေးသွားကြကြောင်း ဒေသခံများထံက သိရသည်။ စစ်ကောင်စီတပ်သားများသည် ယခုရက်ပိုင်းအတွင်းက ငါးသိုင်းချောင်းမြို့နှင့် ၁၂ မိုင်သာ ဝေးကွာ သည့် မြောက်စမ်းအမြောက်တပ် ၃၄၄ အနီးရှိ ကျေးရွာအချို့၏ လယ်ကွင်းထဲတွင် လက်နက် ခဲယမ်းအမြောက်အများကို စွန့်ပစ်ကာ ထွက်ပြေးသွားကြောင်း ဒေသခံများထံက သိရသည်။ “ကျွန်တော်တို့ လယ်ထဲသွားရင်း သေနတ်တွေရော ကျည်ဆံတွေပါ အများကြီးတွေ့ရတယ်။ စစ်မတိုက်ချင်လို့ လက်နက်တွေကို လွှင့်ပစ်ပြီး ထားခဲ့ကြတာနေမယ်။ ဒါတွေတွေ့လို့ လယ်ကွင်းထဲ သိပ်မသွားရဲဘူး။ လောလောဆယ်တော့ အသံငြိမ်နေတယ်။ ပစ်ခတ်သံမကြားရဘူး”ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို…
-
ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်… စကခ ၂၁ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ…
ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်… စကခ ၂၁ သိမ်းပိုက်နိုင်ရေး ဆ က်လက်ထိုးစစ်ဆင်နေ… ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက် မနေ့က KIA ပူးပေါင်း တပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက သိမ်းပိုက်နိုင်ခဲ့တဲ့ အမတ ၃၆၆ တပ်ရင်းကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်…
-
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြား အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေအတွက် သဘောတူညီမှု ရရှိထားပြီဖြစ်
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြား အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေအတွက် သဘောတူညီမှု ရရှိထားပြီဖြစ် ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅ ကြားကာလ အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်မယ့် သဘောထားတွေကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောပါတယ်။ ပြည်နယ်အားကောင်းရေးကို ရှေးရှုတဲ့ Bottom-up federalism approach နဲ. တော်လှန်ရေးကာလ ကြားကာလမှ စတင်ပြီးတော့ အတူတကွ နိုင်ငံကို တည်ဆောက်သွားနိုင်ဖို့ သဘောတူညီချက် ရရှိထားပြီလို့ ဦးကျော်ဇော်က ဆိုပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်တဲ“ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing)အစီအစဉ်မှာ ဦးကျော်ဇော်က ထည့်သွင်းပြောကြား လိုက်တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက…
-
ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA နှင့် PDF တပ်က အပြီးသတ် သိမ်းပိုက်လိုက်ပြီး စကခ ၂၁ ကို အပြင်းအထန် ထိုးစစ်ဆင်နေ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြား
ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA နှင့် PDF တပ်က အပြီးသတ် သိမ်းပိုက်လိုက်ပြီး စကခ ၂၁ ကို အပြင်းအထန် ထိုးစစ်ဆင်နေ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြား ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ခလရ ၂၃၆ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီး စကခ ၂၁ ကို အပြင်းအထန် ထိုးစစ်ဆင်နေကာ အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် KIA ပူးပေါင်း တပ်ဖွဲ့များက ဗန်းမော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃၆ တပ်ရင်း နှင့် အမတ ၃၆၆…
-
တော်လှန်ရေးတပ်များ မတိုက်ရသေးသည့် တပ်ရင်းများကို ပြန်လည်ရရှိပြီဟုဆိုကာ စစ်တပ်ထောက်ခံသူများက ပုံများဖြင့်ဝါဒဖြန့်
တော်လှန်ရေးတပ်များ မတိုက်ရသေးသည့် တပ်ရင်းများကို ပြန်လည်ရရှိပြီဟုဆိုကာ စစ်တပ်ထောက်ခံသူများက ပုံများဖြင့်ဝါဒဖြန့် ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁၈ ရက် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၌ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲ ပြင်းထန်နေပြီး KIA ဝင်ရောက်တိုက်ခိုက်ခြင်းပင် ပြုရသေးသည့် တပ်ရင်းများကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဝါဒဖြန့်လျက်ရှိသည်။ စစ်ကောင်စီတပ် ထောက်ခံဝါဒဖြန့်သူများက ဗန်းမော် မြို့ရှိ KIA သိမ်းပိုက်ထားသည့်နယ်မြေများကို ပြန် လည်ရယူပြီးဖြစ်ကြောင်းနှင့် တပ်ရင်းများကို ပြန် လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တိုက်ပွဲပင်မရှိသည့် တပ်ရင်းများ၏ ဓာတ်ပုံကိုလူမှုကွန်ရက်တွင် ဖြန့်ဝေဝါဒဖြန့်လျက်ရှိသည်။ “တိုက်ပွဲမရှိသေးတဲ့ တပ်ရင်းတွေကို ဓာတ်ပုံရိုက်ပြီး ဗန်းမော်မြို့တစ်ခုလုံး စစ်တပ်က ပြန်ထိန်း ထားတယ် ဆိုပြီး ဝါဒဖြန့်နေကြတာ။ သူတို့ဝါဒဖြန့်တဲ့ တပ်တွေက KIA က သွားကိုမတိုက်ရသေးတာ”ဟု…
-
ရန်ကုန်လေဆိပ်တွင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပအလုပ်အကိုင်အတွက် သွားရောက်မည့် မြန်မာနိုင်ငံသား အားလုံးကို ထွက် ခွာခွင့် စစ်ကောင်စီက ယာယီ ရပ်ဆိုင်းလိုက်၍ အလုပ်သမား ၁၀၀၀ ကျော် လေဆိပ်မှ လှည့်ပြန်ရ 🟥 ပြည်ပသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာမှု အလွန်များပြားနေ၍ စစ်ကောင်စီက အရေအတွက်လျှော့ချမည်ဟု ကြေညာထား
ရန်ကုန်လေဆိပ်တွင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပအလုပ်အကိုင်အတွက် သွားရောက်မည့် မြန်မာနိုင်ငံသား အားလုံးကို ထွက် ခွာခွင့် စစ်ကောင်စီက ယာယီ ရပ်ဆိုင်းလိုက်၍ အလုပ်သမား ၁၀၀၀ ကျော် လေဆိပ်မှ လှည့်ပြန်ရ 🟥 ပြည်ပသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာမှု အလွန်များပြားနေ၍ စစ်ကောင်စီက အရေအတွက်လျှော့ချမည်ဟု ကြေညာထား ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံခြားသို့ သွားရောက်ကြမည့် အမျိုးသမီးနှင့် အမျိုး သားများအားလုံးကို မြန်မာနိုင်ငံမှ ထွက်ခွာခွင့် စစ်ကောင်စီက ယာယီရပ်ဆိုင်းထားကြောင်း အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ပ အလုပ်အကိုင်အေဂျင်စီများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်ပြီး စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ပြည်ပသို့ အလုပ်အလုပ်အကိုင်အတွက် PJ…