ရန်ကုန်တွင် ပြည်ပအလုပ်ကိုင်ရှာဖွေးရေး လုပ်ငန်းရှင်တစ်ဦး ကြိုးဆွဲချ သတ်သေ
AAMIJ / ဖေဖော်ဝါရီ ၁၈
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၃ ရပ်ကွက်၊ သုခလမ်းမှာ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးဟာ ၄င်းနေအိမ်မှာ ကြိုးဆွဲချပြီးသေဆုံးခဲ့ကြောင်း သိရပါတယ်။
အဆိုပါသတ်သေသူဟာ ယမန်နေ့ ဖေဖော်ဝါရီလ၊ ၁၇ ရက်နေ့၊ မနက် ၉နာရီကျော်မှာ ဘေးတွဲမောင်းသူကို လက်ဖက်ရည်ဆိုင် လိုက်ပို့ဖို့အတွက် ပြောဆိုထားတာကြောင့် ဘေးတွဲမောင်သူဟာ သူနေထိုင်တဲ့ သုခလမ်းက နေအိမ်ကို သွားရောက်ခေါ်ဆောင်ရာ နေအိမ်ရဲ့ လှေကားအဆင်းမှာ ကြိုးဆွဲချပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း စစ်တပ်မီဒီယာတွေက သတင်းဖော်ပြထားပါတယ်။
ကြိုးဆွဲချသတ်သေတဲ့ အမျိုးသားဟာ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး သူ့ရဲ့နေအိမ်မှာ ပတ်စပိုစ့်စာအုပ် ၇၀တွေ့ခဲ့ရပါတယ်။ ၄င်းအမျိုးသားရဲ့ အသက်အရွယ်မှာ ၄၇ နှစ်ရှိပြီဖြစ်ပါတယ်။
စစ်ကောင်စီက ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့်တွေကိုဘပိတ်ပင်လိုင်တာကြောင့် ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီတွေဟာ ကြပ်တည်းမှုတွေနဲ့ရင်ဆိုင်နေကြရပြီးနောက် အခုလိုကြိုးဆွဲချ သတ်သေမှုတွေပါ ဖြစ်ပွါးလာခဲ့တာဖြစ်ပါတယ်။
#aamij #Yangon
YBS ကားသမား အရက်မူးပြီး မောင်းခဲ့တာကြောင့် ခရီးသည်များနှင့် အချေအတင်စကားများ
AAMIJ / ဖေဖော်ဝါရီ ၁၉
ဖေဖော်ဝါရီလ ၁၇ရက်နေ့က YBS ၁၁၀ယာဉ်လိုင်းကို မောင်းနှင်တဲ့ ကားသမားဟာ အရက်မူးပြီး မောင်းခဲ့တာကြောင့် မှောက်မလိုအခြေအနေတွေဖြစ်ခဲ့ပြီးခရီးသည်တွေနဲ့ အချေအတင်စကားများမှုဖြစ်ပွားခဲ့ပါတယ်။
ခရီးသည်တွေအနေနဲ့ အဆိုပါကားကို ဆက်မစီးရဲတာကြောင့် ကယားပေါ်မှဆင်းခဲ့ကြရပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ကိုလည်း လူမှုကွန်ရက်စာမျက်နှာတွေကနေ သတင်းဖြန့်ဝေခဲ့တာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီအုပ်ချုပ်တဲ့ အချိန်ကာလတွေမှာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း မလိုက်နာတဲ့ ဘက်စ်ကားတွေ များလာခဲ့ပြီး မကြာခဏဆိုသလို ဘက်စ်ကားပေါ်မှာလည်း ခါးပိုက်နှိုက်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်နေပါတယ်။
Video – ပြည်သူ
#aamij #Yangon