ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာရှိ အမှတ်(၃၄၄) အမြောက်တပ် (အမတ -၃၄၄) အနီးရှိ လယ်ကွင်းထဲသို့ လက်နက်ခဲယမ်းများလွှင့်ပစ်ထားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထွက်ပြေးသွားကြကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သားများသည် ယခုရက်ပိုင်းအတွင်းက ငါးသိုင်းချောင်းမြို့နှင့် ၁၂ မိုင်သာ ဝေးကွာ သည့် မြောက်စမ်းအမြောက်တပ် ၃၄၄ အနီးရှိ ကျေးရွာအချို့၏ လယ်ကွင်းထဲတွင် လက်နက် ခဲယမ်းအမြောက်အများကို စွန့်ပစ်ကာ ထွက်ပြေးသွားကြောင်း ဒေသခံများထံက သိရသည်။
“ကျွန်တော်တို့ လယ်ထဲသွားရင်း သေနတ်တွေရော ကျည်ဆံတွေပါ အများကြီးတွေ့ရတယ်။ စစ်မတိုက်ချင်လို့ လက်နက်တွေကို လွှင့်ပစ်ပြီး ထားခဲ့ကြတာနေမယ်။ ဒါတွေတွေ့လို့ လယ်ကွင်းထဲ သိပ်မသွားရဲဘူး။ လောလောဆယ်တော့ အသံငြိမ်နေတယ်။ ပစ်ခတ်သံမကြားရဘူး”ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ဆက်သွယ်ပြောကြားသည်။