ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်… စကခ ၂၁ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ…

by

in

ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်…
စကခ ၂၁ သိမ်းပိုက်နိုင်ရေး ဆ

က်လက်ထိုးစစ်ဆင်နေ…
ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက် မနေ့က KIA ပူးပေါင်း တပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက သိမ်းပိုက်နိုင်ခဲ့တဲ့ အမတ ၃၆၆ တပ်ရင်းကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ​လက်အောက်ခံတပ်တွေကိုလည်း အပြီးသတ် ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ပြီး အမတ ၃၆၆ ကိုပါ မနေ့က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စကခ ၂၁ တပ်ရင်းဌာနချုပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အနီးထိ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဟာ နှစ်လခွဲကျော်အတွင်းမှာတော့ စစ်ကောင်စီရဲ့ သံချပ်ကာတပ်ရင်း၊ အမြောက်တပ်၊ လေယာဉ်ကွင်း၊ ခလရ(၂၃၆)၊ တင့်ကားတပ်ရင်း အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် စကခ ၂၁ ၊ ခလရ ၄၇ ၊ လေ့ကျင့်ရေးတပ်နဲ့ ဒုံးတပ်ရင်းအပါအဝင် စစ်ကောင်စီတပ်တွေ ကျန်ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း ဗန်းမော်မြို့ မကျရေးအတွက် တိုက်လေယာဉ်၊ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေ အသုံးပြု ခုခံနေတာဖြစ်ပါတယ်။
ပုံစာ – ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း တြွေရသည့် တော်လှန်ရေးရဲဘော်များနှင့် စစ်ကောင်စီထံက သိမ်းဆည်းရရှိသည့် သံချပ်ကာယာဥ်
ဓာတ်ပုံ – CJ