Category: News
-
ရန်ကုန်မှာ ရောက်ရှိနေတဲ့ မင်အောင်လှိုင် အစည်းအဝေးတစ်ခုအပြီး မူးလဲလို့ ဆေးကုလိုက်ရ
ရန်ကုန်မှာ ရောက်ရှိနေတဲ့ မင်အောင်လှိုင် အစည်းအဝေးတစ်ခုအပြီး မူးလဲလို့ ဆေးကုလိုက်ရ ဒီဇင်ဘာ ၁ ရန်ကုန်တိုင်းကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခု အပြီးမှာ မူးလဲသွားခဲ့တာကြောင့် ခေတ္တခဏ အနားယူခဲ့ရပြီး ဆေးကုသခဲ့ရတယ်လို့ ခိုင်မာတဲ့အရင်းအမြစ်ထံက သိရပါတယ်။ မင်းအောင်လှိုင်ဟာ ဖိအားများနေပြီး အိပ်မပျော်တာကြောင့် ယခင်ကတည်းက အိပ်ဆေးသောက်ပြီး အိပ်နေရတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်ထံက သိရပါတယ်။ မင်းအောင်လှိုင်ဟာ အသက်အားဖြင့် ၆၈ နှစ်အရွယ် ရောက်ရှိနေပြီ ဖြစ်တာကြောင့် ခန္ဓာကိုယ်ကျန်းမာရေးဟာ တစ်နေ့တစ်ခြား ယုတ်လျော့လာတာဖြစ်သလို တနိုင်ငံလုံးမှာလည်း စစ်ရေးရှုုံးနိမ့်နေတာကြောင့် ဖိအားတွေ များနေတဲ့အပြင် ICC မှာလည်း ဖမ်းဝရမ်း ထုတ်ဖို့ လျှောက်ထားခံရတဲ့အတွက် ဖိအားတွေ ပိုမိုတိုးလာရတာကြောင့် မူးလဲတာ…
-
မန္တလေး PDF ထိန်းချုပ်ရာနယ်မြေတွေကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းကြည့်ရှုခဲ့
မန္တလေး PDF ထိန်းချုပ်ရာနယ်မြေတွေကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းကြည့်ရှုခဲ့ ဒီဇင်ဘာ ၁၊ ၂၀၂၄ မန္တလေး PDF ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုယ်တိုင် သွားရောက်ကွင်းဆင်းတွေ့ဆုံခဲ့တယ်လို့ စစ်အာဏာရှင်သပိတ်တွေကို စဉ်ဆက်မပြတ် လှုပ်ရှားဦးဆောင်နေတဲ့ ဒေါက်တာတေဇာဆန်းက သူရဲ့လူမှုကွန်ယက်ကတဆင့် ဖော်ပြလာပါတယ်။ တွေ့ဆုံခဲ့ချိန်က မန္တလေး PDF ခေါင်းဆောင်တွေ၊ မန္တလေးတော်လှန်ရေး နိုင်ငံရေးခေါင်းဆောင်တွေ၊ NUG-MOD နဲ့ စစ်ရုံးချုပ်ခေါင်းဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ ဓတ်ပုံမှတ်တမ်းတွေကို ဒေါက်တာတေဇာဆန်းက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာပါ။ အဆိုပါဓတ်ပုံတွေကို မန္တလေးတိုင်းဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ထိန်းချုပ်ရာဒေသတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့စဉ်က ရိုက်ကူးထားခဲ့ခြင်းဖြစ်ပြီး၊ ရိုက်ကူးခဲ့တဲ့ နေ့ရက်နဲ့ နေရာအတိအကျတွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ “တော်လှန်ရေးဆိုတာ လိုတာထက်ပိုပြီး…
-
ဆီဆိုင်မြို့နယ်၊ အောင်ကလပ်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က သံဃာတော်များလိုက်ပါသော ကားကို ပစ်ခတ်မှု ထီးစဲခါး ရေတံခွန်ကျောင်းဆရာတော် ပျံလွန်တော်မူပြီး ဆရာတော် ၂ ပါး ဒဏ်ရာရ
ဆီဆိုင်မြို့နယ်၊ အောင်ကလပ်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က သံဃာတော်များလိုက်ပါသော ကားကို ပစ်ခတ်မှု ထီးစဲခါး ရေတံခွန်ကျောင်းဆရာတော် ပျံလွန်တော်မူပြီး ဆရာတော် ၂ ပါး ဒဏ်ရာရ ရန်ကုန်၊ ဒီဇင်ဘာ ၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ်၊ အောင်ကလပ်ကျေးရွာ တွင် တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်က ထီးစဲခါးရေတံခွန်ကျောင်း ဆရာတော်၏ ကားကို ပစ်ခတ်ခဲ့ရာထီးစဲခါး ရေတံခွန် ကျောင်းဆရာ တော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ ပါး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန် ကြားရေးဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွိင်ကော်လမ်းမကြီး ပေါ် အောင်ကလပ်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက ထီးစဲခါးရေတံခွန်…
-
မင်းအောင်လှိုင်နှင့် ပတ်သက်ဆက်စပ်သူအားလုံး ပျက်စီးဆုံးရှုံးမှုများကိုသာ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရမည်ဟု NUG နှင့် K2C ပူးတွဲကြေညာ ▪︎ဖမ်းဝရမ်းထုတ်ခံရမည့် တရားခံအား နိုင်ငံ တကာက ဖမ်းဆီးအရေးယူနိုင်ရေး အစွမ်းကုန်အရှိန်မြှင့်ကြိုးပမ်းမည်ဟု ကတိပြု
မင်းအောင်လှိုင်နှင့် ပတ်သက်ဆက်စပ်သူအားလုံး ပျက်စီးဆုံးရှုံးမှုများကိုသာ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရမည်ဟု NUG နှင့် K2C ပူးတွဲကြေညာ ▪︎ဖမ်းဝရမ်းထုတ်ခံရမည့် တရားခံအား နိုင်ငံ တကာက ဖမ်းဆီးအရေးယူနိုင်ရေး အစွမ်းကုန်အရှိန်မြှင့်ကြိုးပမ်းမည်ဟု ကတိပြု အီယိုရီ/People’s Spring အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ပတ်သက်ဆက်စပ်သူအားလုံး ပျက်စီးဆုံးရှုံးမှုများကိုသာ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရမည်ဖြစ်ပြီး စစ်တပ်အတွင်းရှိ တပ်မတော်သားများအားလုံး လုံခြုံရေးကဏ္ဍအသစ်ကို ဆောင်ရွက်ကြရန် NUG နှင့် K2C(KNU၊ KNPP၊ CNF)တို့က နိုဝင်ဘာ ၃၀ရက်တွင် ပူးတွဲထုတ်ပြန်သည်။ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်အား နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ရန် ICC တရားလိုရှေ့နေ၏ လျှောက်ထားမှုနှင့်ပတ်သက်၍အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့က ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ICC ရှေ့နေချုပ်၏ ဆောင်ရွက်ချက်ကို ကြိုဆိုကြောင်းနှင့်…
-
ICC က ဖမ်း၀ရမ်းထုတ်မည့် မင်းအောင်လှိုင်ကို ဖမ်းဆီးတရားစီရင်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းမည်ဟု NUG ၊ KNU ၊ KNPP နှင့် CNF တို့က ပူးတွဲ ကြေညာ 🟥မင်းအောင်လှိုင်နှင့်ပတ်သက်သူအားလုံး ပျက်စီးဆုံးရှုံးမှုများသာ မလွဲမသွေရင်ဆိုင်ကြုံတွေ့ရမည်ဟု သတိပေး
ICC က ဖမ်း၀ရမ်းထုတ်မည့် မင်းအောင်လှိုင်ကို ဖမ်းဆီးတရားစီရင်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းမည်ဟု NUG ၊ KNU ၊ KNPP နှင့် CNF တို့က ပူးတွဲ ကြေညာ 🟥မင်းအောင်လှိုင်နှင့်ပတ်သက်သူအားလုံး ပျက်စီးဆုံးရှုံးမှုများသာ မလွဲမသွေရင်ဆိုင်ကြုံတွေ့ရမည်ဟု သတိပေး ရန်ကုန်၊ ဒီဇင်ဘာ ၁ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်း၀ရမ်းထုတ်တော့မည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေးနှင့် တရားစီရင်နိုင်ရေးအတွက် အစွမ်းကုန် အရှိန်မြှင့် ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း အမျိုးသာညီ ညွတ်ရေးအစိုးရ-NUG ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့က ပူးတွဲကြေ ညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ် ခံရမည့် တရားခံ မင်းအောင်လှိုင်ကို…
-
“ဝင်းနိမိတာရုံဆရာတော်ကြီးလိုနောက်ထပ်နာမည်ကျော်ဆရာတော်ကြီးတပါးပစ်သ-တ်ခံရပြန်ပြီ”
“ဝင်းနိမိတာရုံဆရာတော်ကြီးလိုနောက်ထပ်နာမည်ကျော်ဆရာတော်ကြီးတပါးပစ်သ-တ်ခံရပြန်ပြီ”
-
ဟုမ္မလင်း၊ စစ်တပ်နှင့် SNA ပူးပေါင်း တောင်ယာမော်စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားနှင့် SNA အဖွဲ့ဝင် ၁၀ ဦးကျော် အရှင်ဖမ်းမိ
ဟုမ္မလင်း၊ စစ်တပ်နှင့် SNA ပူးပေါင်း တောင်ယာမော်စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားနှင့် SNA အဖွဲ့ဝင် ၁၀ ဦးကျော် အရှင်ဖမ်းမိ ရန်ကုန်၊ နိုဝင်ဘာ ၃၀ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ရွာအနီး စစ်တပ်နှင့် SNA ပူးပေါင်းတပ်၏ တောင်ယာမော်စခန်းကြီးကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သားနှင့် SNA အဖွဲ့ဝင် ၁၀ ဦးကျော် အရှင်ဖမ်းမိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း အဆိုပါ စစ်တပ်နှင့် SNA တောင်ယာမော် စခန်းကြီးကို KIA နှင့် PDF ပူးပေါင်းတပ်များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး လက်နက် အများအပြားလည်း…
-
ဟားခါးမြို့ ကာကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ခလရ ၂၂၂ တပ်ရင်းမှူး၊ ဗိုလ်ကြီးနှင့် ရဲမှူး စုစုပေါင်း ၃ ဦးသေဆုံးပြီး စစ်သား ၁၉ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃၅ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)
ဟားခါးမြို့ ကာကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ခလရ ၂၂၂ တပ်ရင်းမှူး၊ ဗိုလ်ကြီးနှင့် ရဲမှူး စုစုပေါင်း ၃ ဦးသေဆုံးပြီး စစ်သား ၁၉ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃၅ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ) ရန်ကုန်၊ နိုဝင်ဘာ ၃၀ ချင်းပြည်နယ်၊ ဟားခါးမြို့ကို ကာကွယ်ထားသည့်စစ်တပ် တပ်စခန်းကို CNA ဦးဆောင်သော ချင်းပြည်အစိုးရတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ ခလရ ၂၂၂ တပ်ရင်းမှူး၊ ဗိုလ်ကြီးနှင့် ရဲမှူး စုစုပေါင်း ၃ ဦး သေဆုံးကာ စစ်သား ၁၉ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့…
-
“နေပြည်တော်vipထဲထိအကောင်ကြီးကိုဝင်ကြိတ်..အကြီးအကျယ်ပွဲဆူနေပြီ”
“နေပြည်တော်vipထဲထိအကောင်ကြီးကိုဝင်ကြိတ်..အကြီးအကျယ်ပွဲဆူနေပြီ”
-
မြန်မာရေပိုင်နက်သို့ ဝင်လာသော ထိုင်းငါးဖမ်းလှေ ၄ စီးကို စစ်ကောင်စီတပ်က ပစ်ခတ်မှု ထိုင်းနိုင်ငံသား ၂ ဦး သေဆုံးပြီး စက်လှေ ၂ စီးဖမ်းဆီးခံထားရ
မြန်မာရေပိုင်နက်သို့ ဝင်လာသော ထိုင်းငါးဖမ်းလှေ ၄ စီးကို စစ်ကောင်စီတပ်က ပစ်ခတ်မှု ထိုင်းနိုင်ငံသား ၂ ဦး သေဆုံးပြီး စက်လှေ ၂ စီးဖမ်းဆီးခံထားရ ရန်ကုန်၊ နိုဝင်ဘာ ၃၀ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဇာဒက်ကြီးကျွန်းအောက်ဖက်၊ သံကျွန်းအနီးတွင် မြန်မာ ရေပိုင်နက်အတွင်း ဝင်ရောက်လာ သော ထိုင်းနိုင်ငံသားပိုင် ငါးဖမ်းစက်လှေ ၄ စီးကို မြန်မာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ ထိုင်းနိုင်ငံသား ၂ ဦးသေဆုံးပြီး စက်လှေ ၂ စီး ဖမ်းဆီးခံထားရကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၁၂ နာရီ သန်းခေါင်ယံအချိန် ကော့သောင်းခရိုင်၊ ဇာဒက်ကြီး အောက်၊…