Category: News
-
ပုလဲမြို့ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗိုလ်နဂါး ဆို ◾️မြို့သိမ်းတိုက်ပွဲသုံးရက်မြောက်နေ့တွင် စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန်တိုက်ခိုက်
ပုလဲမြို့ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗိုလ်နဂါး ဆို ◾️မြို့သိမ်းတိုက်ပွဲသုံးရက်မြောက်နေ့တွင် စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန်တိုက်ခိုက် ဒီးဒီ/People’s Spring အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မိုင်(၄၀)နီးပါးကွာဝေးသော ပုလဲမြို့ကို မြို့သိမ်း တိုက်ပွဲဆင်နွှဲနေရာ မြို့အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။ “အတိုင်အတာတစ်ခုအထိတော့ ကျနော်တို့မြို့ကို ထိန်းချုပ်ထားပြီးပါပြီ”ဟု ဗိုလ်နဂါးက လူထုနွေဦးသို့ ပြောသည်။ ပုလဲမြို့သိမ်းတိုက်ပွဲကို BNRA ဦးဆောင်ပြီး ဂျန်ဇီလူငယ်မျိုးဆက်တပ်တော်(GZA)နှင့် YSOတပ် ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် တနင်္လာနေ့ နံနက်တွင် အပြင်းအထန် စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုဝင်ဘာ ၁၁ရက်တွင် စတင်တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ အစောပိုင်းကတည်းက တိုက်ခိုက်နေပြီး ထိုနေ့မှသာ အပြင်အထန်စတင်ခဲ့ခြငးဟု ဗိုလ်နဂါးက ရှင်းပြသည်။ တိုက်ပွဲ သုံးရက်မြောက်နေ့ ယနေ့(နိုဝင်ဘာ ၁၃ရက်)တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက…
-
TNLA တပ်ဖွဲ့ဝင် ၁၂၀၀ ကျော် အထူးတိုက်ခိုက်ရေးနှင့် စစ်သင်တန်းဆင်းပြီး သိမ်းပိုက်ထားသော မြို့နယ် ၁၂ ခုကို ဆက်လက်ကာကွယ်စောင့်ရှောက်ရန် TNLA ဗိုလ်မှူးချုပ် ညွှန်ကြား
TNLA တပ်ဖွဲ့ဝင် ၁၂၀၀ ကျော် အထူးတိုက်ခိုက်ရေးနှင့် စစ်သင်တန်းဆင်းပြီး သိမ်းပိုက်ထားသော မြို့နယ် ၁၂ ခုကို ဆက်လက်ကာကွယ်စောင့်ရှောက်ရန် TNLA ဗိုလ်မှူးချုပ် ညွှန်ကြား ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နယ် ၁၂ ခု သိမ်းပိုက်ထားသော TNLA က တပ်ဖွဲ့ဝင် ၁၂၀၀ ကျော်ကို အထူးတိုက်ခိုက်ရေးနှင့် စစ်သင်တန်း ၃ လကျော်ကြာ သင်ကြားပေးပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စစ်သင်တန်းဆင်းသွားပြီဖြစ်ကြောင်း TNLA က သတင်းထုတ် ပြန်သည်။ အမျိုးသား အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့ နယ်…
-
မိတ္ထီလာလေတပ်စခန်းတိုက်ခိုက်မှု စစ်သုံးလေယာဉ် ၆စီးပျက်စီးပြီး စစ်ဆင်ရေးထပ်ဖော်ဆောင်မည်ဟု ပကဖ သတိပေး
မိတ္ထီလာလေတပ်စခန်းတိုက်ခိုက်မှု စစ်သုံးလေယာဉ် ၆စီးပျက်စီးပြီး စစ်ဆင်ရေးထပ်ဖော်ဆောင်မည်ဟု ပကဖ သတိပေး MTO မန္တလေးတိုင်း၊မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်ကို ဒရုန်း၂၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်သုံးလေယာဉ်ခြောက်စီးပျက်စီးကြောင်း မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ဦးနောင်ချိုက မဇ္ဈိမကို ပြောသည်။ “အစောပိုင်းကရတဲ့ သတင်းတွေအရတော့ Y-12 လေယာဉ်နှစ်စီး အသေးစားပျက်စီးမှုတွေဖြစ်သွားတယ်လို့သိရပြီး အခုနောက်ပိုင်းသတင်းတွေအရ နောက်ထပ်လေ့ကျင့်ရေးလေယာဉ်သုံးစီး၊တိုက်ခိုက်ရေးလေယာဉ်တစီးပျက်စီးတယ်လို့ အတည်ပြုချက်ရတယ်” ဟု ဦးနောင်ချိုက ယနေ့(နိုဝင်ဘာလ ၁၃ရက်) ပြောသည်။ ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ(၉၉)က်ို ၁၁၁၁ရွှေလင်းယုန်ဒရုန်းအထူးစစ်ဆင်ရေးဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့ မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟု မိတ္ထီလာမြို့နယ်ပကဖ(Meiktila Revolution Force)က သတင်းထုတ်ပြန်ထားသည်။ ရှမ်းတဲလေတပ်စခန်းရှိ လေယာဉ်ထုတ်လုပ်ထိန်းသိမ်းရေးနေရာမှ လေယာဉ်ထားသည့်နေရာများ၊ အရာရှိရိပ်သာနှင့် တပ်မ(၉၉)ဌာနချုပ်ဝင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စစ်သုံးလေယာဉ်များအပြင် အဆောက်အအုံနှင့် အခြား ပျက်စီးမှုများလည်းရှိကြောင်း ဦးနောင်ချိုကပြောသည်။…
-
မိုးကုတ်နှင့် နောင်ချို လေကြောင်းတိုက်ခိုက်ခံရမှု အမျိုးသမီး ၄ ဦးအပါအဝင် ၃၀ ကျော်သေဆုံး
မိုးကုတ်နှင့် နောင်ချို လေကြောင်းတိုက်ခိုက်ခံရမှု အမျိုးသမီး ၄ ဦးအပါအဝင် ၃၀ ကျော်သေဆုံး ရွှေနွယ် မဇ္ဈိမ။ ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တို့တွင် နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့်၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ အမျိုးသမီး ၄ ဦးအပါအဝင် ၃၁ ဦး ရှိလာပြီဖြစ်ကြောင်း ဒေသခံများနှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)တို့၏ ပြောဆိုချက်အရ သိရသည်။ မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်နှင့် အနောက်ပိုင်း ကြပ်ပြင်ရပ်တို့ကို နိုဝင်ဘာ ၁၁ ရက် ည ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးသူ အရပ်သားပြည်သူအရေအတွက်မှာ ယနေ့ (နိုဝင်ဘာ ၁၃ ရက်)…
-
လိုင်ဇာနယ်စပ်ဂိတ် အပါအဝင် လွယ်ဂျယ်နှင့် ကံပိုင်တည်ဂိတ်ကို KIA ဘက်က ပြန်ပိတ်
တရုတ် – မြန်မာနယ်စပ်၊ KIA ထိန်းချုပ်ရာ လိုင်ဇာနယ်စပ်ဂိတ် အပါအဝင် လွယ်ဂျယ်နဲ့ ကံပိုင်တည်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က ပြန်ပိတ်ထားတယ်လို့ KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ လွယ်ဂျယ်ဂိတ်ကိုရော ကံပိုင်တည်နဲ့ လိုင်ဇာကိုပါ ကချင်ဘက်က ပိတ်လိုက်တာလို့ KIA နဲ့ နီးစပ်သူယောက်က ပြောပါတယ်။ “တရုတ်ဘက်က လွယ်ဂျယ်နဲ့ ကံပိုင်တည် ဖွင့်မယ်လို့ ပြောပေမဲ့ KIA ဘက်က ဖွင့်မယ်ဆိုရင် အကုန်ဖွင့်၊ မဖွင့်ဘူးဆိုရင် လုံးဝတဂိတ်မှ မဖွင့်ဘူးလို့ဆိုပြီး အကုန်ပိတ်ထားတယ်။” နယ်စပ်နေ ဒေသခံတယောက်ကလည်း “လိုင်ဇာ နယ်စပ်ဂိတ်က မဖွင့်ဘူး။ KIA ဘက်က ပိတ်လိုက်တာ။ တရုတ်တွေက တံခါးဖွင့်ထားတယ်” လို့ ပြောပါတယ်။ တရုတ်ဘက်ကတော့ မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်က ထုတ်လိုက်ပြီး…
-
မြေပြန့်မဟာဗျူဟာထိုးစစ် အားကောင်းရေး စစ်ရေးပူးပေါင်းမှုမပြုရသေးသည့် တော်လှန်ရေးတပ်ဖွဲ့များအား NUG ဖိတ်ခေါ်
မြေပြန့်မဟာဗျူဟာထိုးစစ် အားကောင်းရေး စစ်ရေးပူးပေါင်းမှုမပြုရသေးသည့် တော်လှန်ရေးတပ်ဖွဲ့များအား NUG ဖိတ်ခေါ် ဟန်နွေ/People’s Spring မြေပြန့်မဟာဗျူဟာထိုးစစ်တွင် ထိရောက်သည့် အားဖြစ်စေရေးအတွက် စနစ်ကျသည့် စုဖွဲ့မှုမျိုးနှင့် ပူးပေါင်းမှုများအရေးကြီး၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ရေးပူးပေါင်းရန် သဘောတူညီမှုရှိမထားသည့် တော်လှန်ရေးတပ်ဖွဲ့များ အတူတကွ ပူးပေါင်းဆောင်ရွက်လာနိုင်ရေး လမ်းဖွင့်ထားကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောကြားသည်။ NUG၏ ရပ်တည်ဆောင်ရွက်မှုနှင့် တော်လှန်ရေး အခြေအနေကို လူထုနှင့် နိုင်ငံတကာသို့ အသိပေးသည့် အစီအစဉ်တွင် ယခုကဲ့သို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဌိဉာဉ်ပါ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အရပ်သားပြည်သူ့အစိုးရ ပေါ်ထွန်းရေးစသည့် ရည်ရွယ်ချက်များ အလုံးစုံပြီးမြောက်စေရန်အတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ ပြည်သူ့နွေဦး တော်လှန်ရေးကာလအတွင်း…
-
“တပ်ရင်း ၁၃ရင်း သိမ်းလိုက်ပီတဲ့ ဘပုအိပ်လို့ပျော်ပါမလား😍😋”
“တပ်ရင်း ၁၃ရင်း သိမ်းလိုက်ပီတဲ့ ဘပုအိပ်လို့ပျော်ပါမလား😍😋”
-
သပိတ်ကျင်းရှိ အမှတ် ၁၃ တပ်မတော် တန်းမြှင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက်ကြီးစခန်း တို့ကို ပိတ်ဆို့တိုက်ခိုက်
သပိတ်ကျင်းရှိ အမှတ် ၁၃ တပ်မတော် တန်းမြှင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက်ကြီးစခန်း တို့ကို ပိတ်ဆို့တိုက်ခိုက် ရန်ကုန်၊ နိုဝင်ဘာ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၁၃ တပ်မတော် တန်းမြင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက်ကြီးစခန်းတို့ကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိ ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ အကြမ်းဖက်စစ် တပ်စခန်းကို TNLA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တို့က စတင်တိုက်ခိုက်ရာ ညနေ ၄ နာရီမှာ တွင်းငယ် တပ်စခန်းမှ အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသည့်အတွက် တွင်းငယ်ကျေးရွာတခုလုံးကို အောင်မြင်စွာ…
-
ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်…
ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်… နိုဝင်ဘာ ၁၃၊ ၂၀၂၄ ၁၀၂၇ ဒုတိယလှိုင်း ၊ စဉ့်ကူးမြို့နယ် စစ်ဆင်ရေးအတွင်း ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်းက တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ် နယ်မြေဆီ ထွက်ပြေးရောက်ရှိနေတဲ့ စဉ့်ကူးမြို့နယ် ပျူစောထီး ခေါင်းဆောင် “ရေတော်ငနိုင်” အပါအဝင် စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ပျူစောထီး လက်နက်ကိုင်တွေ၊ ဆည်သည်၊ ဒိုးပင်ကုန်း၊ ဇီးပင်ကုန်း၊ ရေတော်ဘက်က ပျူစောထီးခေါင်းဆောင်တွေ စုစုပေါင်း ပျူစောထီး အယောက် (၁၀၀)…