ကြံခင်းမြို့နယ်မှာ သမက်ဖြစ်သူကသတ်လို့ ယောက္ခမ ၂ယောက်သေဆုံး
မေ ၊ ၂၆ ၊ ၂၀၂၅
SP(VOM)
ဧရာ၀တီတိုင်း မြန်အောင်ခရိုင်၊ကြံခင်းမြို့နယ် ၊ဆုံလဲကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာမှာ မေ၂၅ရက် မနေ့ ၁၁ နာရီခွဲ၀န်းကျင်က နှစ်လောင်းပြိုင်လူသတ်မှုတခုဖြစ်ပွားခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
” ဖြစ်စဥ်မှာ သမက်ဖြစ်သူက သူ့မိန်းမရဲ့ မိဘနှစ်ပါးကို ပြန်သတ်လိုက်တာပါ ၊ ဘာအတွက်ကြောင့် အခုလို သတ်လိုက်တာဖြစ်တယ်လို့ မသိရသေးဘူး ၊ သေဆုံးတဲ့သူတွေကတော့ ဦးဌေးမြင့်နဲ့ သူ့မိန်းမ ဒေါ်ယဥ်ရွှေတို့ဖြစ်တယ် ” လို့ ကြံခင်းမြို့မရဲစခန်းက တာ၀န်ရှိသူ တယောက်က ပြောပါတယ်။
“သူတို့သမက်က ကားနဲ့ရောက်လာပြီး ယောက္ခထီးနဲ့ ယောက္ခမဖြစ်သူကိုသတ်သွားတာဖြစ်တယ် ၊ သူ့ယောက္ခမကတော့ နေရာတင် ပွဲချင်းပြီးသေတယ်၊ သူ့ယောက္ခထီးဖြစ်သူက ဆိပ်သာဆေးရုံမှာရောက်မှသေတယ်၊ ပြစ်မှုကျူးလွန်သူက ဘက်ရဲမြို့ ၊ အမှတ် ၂ ရက်ကွက်မှာနေတဲ့ သူတို့ သမက် တင်မောင်အေးဆိုသူဖြစ်တယ်၊ မနေ့က ညနေပိုင်း ၅ နာရီ ၅၅မိနစ်အချိန်က ဖမ်းဆီးရမိတယ် ” လို့ ကြံခင်းမြို့မရဲစခန်းက တာ၀န်ရှိသူတယောက်က ပြောပါတယ်။
မိန်းမဖြစ်သူရဲ့ မိဘနှစ်ပါးကို ပြန်သတ်မိတဲ့ ပြစ်မှုကျူးလွန်ခဲ့သူကို ကြံခင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
#VoiceOfMyanmar #VOM #ကြံခင်းနယ် #နှစ်လောင်းပြိုင်လူသတ်မှု