Category: News
-
ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအများစုသိမ်းထားပြီး လက်ကျန် စကခ(၂၁)ဌာနချုပ် သိမ်းနိုင်ရေးကြိုးပမ်းနေဟု KIAပြော ▪️KIAနယ်မြေကို စစ်ကောင်စီက တစ်ပတ်အတွင်း လေကြောင်း၊လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှု အကြိမ် ၅၀၀နီးပါး ပြုလုပ်
ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအများစုသိမ်းထားပြီး လက်ကျန် စကခ(၂၁)ဌာနချုပ် သိမ်းနိုင်ရေးကြိုးပမ်းနေဟု KIAပြော ▪️KIAနယ်မြေကို စစ်ကောင်စီက တစ်ပတ်အတွင်း လေကြောင်း၊လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှု အကြိမ် ၅၀၀နီးပါး ပြုလုပ် ဧပြီ ၁၄၊၂၀၂၅။ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဆက်လက်ဆင်နွှဲနေဆဲဖြစ်ကြောင်း KIO/KIAသတင်းပြန်ကြားရေးဌာနက ဧပြီ ၁၃ရက် ညပိုင်းတွင် သတင်းဖော်ပြသည်။ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေး ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် မြို့သိမ်းစစ်ဆင်ရေးစတင်ခဲ့ရာ တိုက်ပွဲ ၄လကျော်ကြာပြီဖြစ်ပြီး စစ်ကောင်စီက လေကြောင်း အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိသည်။ KIA ပူးပေါင်းတပ်က ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီ စခန်းအများစုကို တိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပြီး ကျန်နေသည့် စကခ(၂၁)ဌာနချုပ် အပါအဝင် ဗန်းမော်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက် ကြိုးပမ်းနေဆဲဖြစ်ကြောင်း KIAက လက်ရှိ စစ်ရေးအခြေအနေကို…
-
စစ်ကိုင်းငလျင်ကြောင့် ပြည်သူ ထောင်ချီသေဆုံးခဲ့သော်လည်း နေပြည်တော်တွင် မင်းအောင်လှိုင်က သင်္ကြန်ပွဲလုပ် ပျော်ပါး၊ စိုးဝင်းနှင့်စစ်ဗိုလ်ချုပ်များအားလုံး သနပ်ခါး အလိမ်းခံခဲ့ကြပြီး ဓာတ်ပုံနှင့်ဗီဒီယိုများ ပြင်ပသို့ မပြန့်စေရန် တားမြစ်
စစ်ကိုင်းငလျင်ကြောင့် ပြည်သူ ထောင်ချီသေဆုံးခဲ့သော်လည်း နေပြည်တော်တွင် မင်းအောင်လှိုင်က သင်္ကြန်ပွဲလုပ် ပျော်ပါး၊ စိုးဝင်းနှင့်စစ်ဗိုလ်ချုပ်များအားလုံး သနပ်ခါး အလိမ်းခံခဲ့ကြပြီး ဓာတ်ပုံနှင့်ဗီဒီယိုများ ပြင်ပသို့ မပြန့်စေရန် တားမြစ် ရန်ကုန်၊ ဧပြီ ၁၄ စစ်ကိုင်းငလျင်ကြီးကြောင့် ပြည်သူ ထောင်ချီသေဆုံးခဲ့ပြီး အပျက်အစီးကြီးမားခဲ့သော်လည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အရာရှိကြီးများမှာ နေပြည်တော်တွင် သင်္ကြန်ပွဲ ပြုလုပ် ပျော်ပါးကြကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ မင်းအောင်လှိုင်၊ စိုးဝင်း၊ အောင်လင်းဒွေး အပါအဝင် ထိပ်တန်း စစ်အရာရှိကြီးများမှာ ဧပြီလ ၁၃ ရက်နေ့ နေပြည်တော်မြို့တော် ဝန်မဏ္ဍပ်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်တို့ကို သွား ရောက်ဖွင့်လှစ်ပြီး ရေပက်ခံခြင်း၊ အလှပြကားများဖြင့် လှည့်လည်ပြသမှုကို ကြည့် ရှုခြင်း၊ ရေပက်ကစားခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ နေပြည်တော်တွင် သနပ်ခါးလိမ်းသရုပ်ဖော်မှုများ ပြုလုပ်ခဲ့ရာတွင်…
-
နေပြည်တော်ကို ဗဟိုပြု၍ ယနေ့ နံနက်အစောပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများနှင့် Non-CDM ဝန်ထမ်းများ ထိတ်လန့် တုန်လှုပ်
နေပြည်တော်ကို ဗဟိုပြု၍ ယနေ့ နံနက်အစောပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများနှင့် Non-CDM ဝန်ထမ်းများ ထိတ်လန့် တုန်လှုပ် ရန်ကုန်၊ ဧပြီ ၁၄ နေပြည်တော်ကို ဗဟိုပြု၍ ယနေ့ နံနက်အစောပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများနှင့် Non-CDM ဝန်ထမ်းများ ထိတ်လန့် တုန်လှုပ်ခဲ့ကြောင်း ဝန်ထမ်းများနှင့်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီလ ၁၄ ရက်နေ့ နံနက် ၂ နာရီ ၃၂ မိနစ်အချိန် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အနီး မြေအောက်အနက် ၇ ဒသ မ၆ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ “ဒီမနက်…
-
သံတောင်ကြီးနှင့် ရေတာရှည်တို့တွင် ၃၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး ဒုတပ်ရင်းမှူး သိန်းသန်း အပါအဝင် စစ်သား ၇၈ ဦးသေဆုံးပြီး ၃ ဦးအလင်းဝင်၊ တိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်းဖြင့် မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးသူများပြားခဲ့
သံတောင်ကြီးနှင့် ရေတာရှည်တို့တွင် ၃၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး ဒုတပ်ရင်းမှူး သိန်းသန်း အပါအဝင် စစ်သား ၇၈ ဦးသေဆုံးပြီး ၃ ဦးအလင်းဝင်၊ တိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်းဖြင့် မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးသူများပြားခဲ့ ရန်ကုန်၊ ဧပြီ ၁၃ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် နှင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ်တို့တွင် ၃၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး ဒုတပ်ရင်းမှူး သိန်းသန်း အပါအဝင် စစ်သား ၇၈ ဦးသေဆုံးပြီး စစ်သား ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင် စစ်ကောင်စီ တပ်စခန်းကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ ပိတ်ဆို့ခဲ့ထားခဲ့ရာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်…
-
အဆောက်အဦများပြိုကျသွား၍ နေပြည်တော်ရှိ ဝန်ကြီး ဌာနရုံးအချို့ ရန်ကုန်ကိုပြောင်းရွှေ့အခြေစိုက်မည်
အဆောက်အဦများပြိုကျသွား၍ နေပြည်တော်ရှိ ဝန်ကြီး ဌာနရုံးအချို့ ရန်ကုန်ကိုပြောင်းရွှေ့အခြေစိုက်မည် ============ စစ်ရုံးအတွင်းရှိ အရာရှိလိုင်းခန်းပြိုကျပျက်စီးသွား၍ သေဆုံးသူများပြား ဧရာဝတီတိုင်းမ် ဧပြီ ၁၃ ရက် အင်အားပြင်းငလျင်ကြီးကြောင့် နေပြည်တော်ရှိ ဝန်ကြီး ဌာနရုံးများ ပြိုကျပျက်စီးကုန်သည့်အတွက် ရုံးတချို့ကို ရန်ကုန်တွင် ယာယီပြောင်းရွှေ့အခြေစိုက်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။ အလုံးစုံပျက်စီးသွားသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဟို တယ်နှင့်ခရီးသွားလာရေးဌာနနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနတို့ကို ရန်ကုန်သို့ ခေတ္တပြောင်း ရွှေ့ ရုံးစိုက်မည်ဖြစ်ကြောင်း ဝန်ထမ်းအချို့ထံမှ သိရသည်။ “ရုံးသုံးခုကို နေရာရွှေ့မယ်ပြောတယ်။ အခုထိလိုင်းခန်းတွေမှာ ပိပြီးသေနေတဲ့အလောင်းတွေကို မထုတ်ရသေးလို့ အနံ့တွေလည်း ထွက်နေတယ်။ နေ့ခင်းဘက်ပါ သူခိုးတွေဝင်ခိုးလို့ ကိုယ့်လိုင်းခန်း ကိုယ်စောင့်ကြည့်နေရတယ်”ဟု လဝကဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီ၏ စစ်ရုံးထဲတွင်လည်း အဆောက်အဦများ ပြိုကျပျက်စီးခဲ့ရာ ငုဝါဆောင် အရာရှိငယ်နေ…
-
စလင်းမှာ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်း ပြန်ဆုတ်ခွာသွား…
စလင်းမှာ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်း ပြန်ဆုတ်ခွာသွား… ဧပြီ ၁၃ ၊ ၂၀၂၅ မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဧပြီလ ၁၀ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စလင်းမြို့မရဲစခန်းကနေ အင်အား ၁၀၀ ကျော်နဲ့ စုဖွဲ့မှုပြုလုပ်ပြီး စလင်းမြို့နယ်အနီးတဝိုက် ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာရာ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မွန်းလွဲပိုင်းမှာတော့ အဆိုပါစစ်ကြောင်းကို အနောက်ကနေ လိုက်ပါပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်ကြောင်းက စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းကို ပြန်လည်ဆုတ်ခွါထွက်ပြေးသွားတယ်လို့ စလင်း ပကထ က ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က…
-
အပစ်ရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းကျနေသူတွေကိုလွှတ်ပေးဖို့ OHCHR တောင်းဆို
အပစ်ရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းကျနေသူတွေကိုလွှတ်ပေးဖို့ OHCHR တောင်းဆို ဧပြီ-၁၃၊၂၀၂၅။People’s Spring လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ငလျင်ဘေးသင့် ပြည်သူတွေအပေါ် ထိရောက်တဲ့ လူ သားချင်း အကူအညီတွေ ရောက်ရှိနိုင်အောင် ခွင့်ပြုပေးဖို့၊ နိုင်ငံတော် အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ စစ်ကောင်စီကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကတောင်းဆိုလိုက်ပါတယ်။ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီးကို ဗဟိုပြု လှုပ်ခတ်သွားခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီးအပြီး စစ်ကောင်စီက အပစ်အခတ် ရပ်စဲမယ်လို့ ကြေညာခဲ့ပေမယ့် လေ ကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေတယ်လို့ OHCHRက ဧပြီ ၁၁ ရက်နေ့…
-
ဆန့်ကျင်တိုက်ခိုက်သူများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တွေ့ဆုံ တိုက်တွန်း၊ မင်းအောင်လှိုင်က သက်ဆင်၏ အကြံပြုချက်ကို နားထောင်လက်ခံဟုဆို
ဆန့်ကျင်တိုက်ခိုက်သူများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တွေ့ဆုံ တိုက်တွန်း၊ မင်းအောင်လှိုင်က သက်ဆင်၏ အကြံပြုချက်ကို နားထောင်လက်ခံဟုဆို ရန်ကုန်၊ ဧပြီ ၁၃ မြန်မာနိုင်ငံရှိ ဆန့်ကျင်တိုက်ခိုက်နေသူများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တွေ့ဆုံ တိုက်တွန်းခဲ့ကြောင်း ထိုင်း The Nation သတင်းဌာနက သတင်းဖော်ပြသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ယခုဧပြီလအစောပိုင်း ဘန်ကောက်တွင် ပြုလုပ်သည့် BIMSTEC ထိပ်သီးအစည်းအဝေး လာတက်သည့် မင်းအောင်လှိုင်ကို သီးသန့်တွေ့ဆုံခဲ့ပြီး ယင်းသို့ တွေ့ဆုံစဉ် မင်းအောင်လှိုင်ကို ဆန့်ကျင်တိုက်ခိုက်နေသော တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် သက်ဆင်က တိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ” မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့…
-
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ သိရ,ငလျင်လှုပ်ချိန်မှာ ထိတ်လန့်ခဲ့တယ်လို့ဆို
မတ်လ ၂၈ ရက် ငလျင်ကြီးလှုပ်ချိန်မှာ နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ထိတ်လန့်တကြား ဖြစ်သွားခဲ့တယ်လို့ စစ်ရုံးက ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။ ‘’ကျန်းမာရေးကောင်းမွန်ပါတယ်။ ငလျင်လှုပ်တဲ့အချိန်တော့ တော်တော်လန့်သွားတယ်’’ လို့ သူက ပြောပါတယ်။ ငလျင်လှုပ်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုအကျယ်ချုပ်ချထားတဲ့ နေပြည်တော်က နေအိမ်တစ်လုံးမှာရှိနေပြီး အကျဉ်းထောင်ထဲမှာမဟုတ်ဘူးလို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။ သူ့ကို ထားတဲ့အဆောက်အဦလည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိ အကျယ်ချုပ်ချထားတဲ့ နေအိမ်ကနေ လတ်တလော ရွှေ့ဖို့ အစီအစဉ်မရှိဘဲ အဲဒီနေရာမှာ လုံခြုံစိတ်ချရတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတဲ့နေရာကို စစ်ကောင်စီကတရားဝင်ထုတ်မပြောထားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးချိန်ကစလို့ နေပြည်တော်က နေရာသုံးခုထက်မနည်းကို ပြောင်းရွှေ့ခဲ့တယ် လို့ ဘီဘီစီရဲ့ စုံစမ်းမှုအရ သိရပါတယ်။ နေပြည်တော်အချုပ်ထောင်၊ ဒုတိယဝန်ကြီးအိမ်ရာတစ်ခုနဲ့…
-
စစ်ရေးအရ အရေးပါလှတဲ့ အင်းတော်နဲ့ဖလမ်းအောင်ပွဲ
စစ်ရေးအရ အရေးပါလှတဲ့ အင်းတော်နဲ့ဖလမ်းအောင်ပွဲ အညာသား၊ဟန်နွေ/People’s Spring စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်မှာ စစ်ရေးအရ အရေးပါလှတဲ့ မြို့ ၂ မြို့ကိုတော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်း ဒီတစ်ပါတ်ပြောပြပါမယ် ။ ၂၀၂၅ ဧပြီ ၇ ရက်နေ့ဟာ နွေဦးတော်လှန်ရေးရဲ့အရေးကြီး တဲ့နေ့တစ်နေ့အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ် ။စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်အစပ်မှာ စစ်ရေးအရ အရေးပါလှပြီး ၇ လတိုင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတဲ့ အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တွေက ငါးလကြာထိုးစစ်ဆင်ပြီး သိမ်းပိုက်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါအပြင် စစ်တပ်မှာ မာလှ ၊ကြမ်းလှပါတယ်ဆိုပြီး နာမည်းဆိုးနဲ့ကျော်ကြားတဲ့ တပ်မ ၇၇ ကိုပါ တော်လှန်ရေးတပ်တွေက အောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ●အင်းတော်မြို့သိမ်းတိုက်ပွဲ ဒုတိယကမ္ဘာစစ်လက်ကျန် လိုဏ်ဂူဖြစ်တဲ့ ဂျပန်လှိုဏ်ဂူထဲမှာ စစ်တပ်က ခံစစ်အခိုင်အမာပြင်ပြီး…