စစ်ကိုင်းငလျင်ကြောင့် ပြည်သူ ထောင်ချီသေဆုံးခဲ့သော်လည်း နေပြည်တော်တွင် မင်းအောင်လှိုင်က သင်္ကြန်ပွဲလုပ် ပျော်ပါး၊ စိုးဝင်းနှင့်စစ်ဗိုလ်ချုပ်များအားလုံး သနပ်ခါး အလိမ်းခံခဲ့ကြပြီး ဓာတ်ပုံနှင့်ဗီဒီယိုများ ပြင်ပသို့ မပြန့်စေရန် တားမြစ်

by

in

စစ်ကိုင်းငလျင်ကြောင့် ပြည်သူ ထောင်ချီသေဆုံးခဲ့သော်လည်း နေပြည်တော်တွင် မင်းအောင်လှိုင်က သင်္ကြန်ပွဲလုပ် ပျော်ပါး၊ စိုးဝင်းနှင့်စစ်ဗိုလ်ချုပ်များအားလုံး သနပ်ခါး အလိမ်းခံခဲ့ကြပြီး ဓာတ်ပုံနှင့်ဗီဒီယိုများ ပြင်ပသို့ မပြန့်စေရန် တားမြစ်
ရန်ကုန်၊ ဧပြီ ၁၄

စစ်ကိုင်းငလျင်ကြီးကြောင့် ပြည်သူ ထောင်ချီသေဆုံးခဲ့ပြီး အပျက်အစီးကြီးမားခဲ့သော်လည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အရာရှိကြီးများမှာ နေပြည်တော်တွင် သင်္ကြန်ပွဲ ပြုလုပ် ပျော်ပါးကြကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
မင်းအောင်လှိုင်၊ စိုးဝင်း၊ အောင်လင်းဒွေး အပါအဝင် ထိပ်တန်း စစ်အရာရှိကြီးများမှာ ဧပြီလ ၁၃ ရက်နေ့ နေပြည်တော်မြို့တော် ဝန်မဏ္ဍပ်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်တို့ကို သွား ရောက်ဖွင့်လှစ်ပြီး ရေပက်ခံခြင်း၊ အလှပြကားများဖြင့် လှည့်လည်ပြသမှုကို ကြည့် ရှုခြင်း၊ ရေပက်ကစားခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်တွင် သနပ်ခါးလိမ်းသရုပ်ဖော်မှုများ ပြုလုပ်ခဲ့ရာတွင် မင်းအောင် လှိုင်မှ အပ ဒုစစ်ခေါင်းဆောင် စိုးဝင်း အပါအဝင် ဗိုလ်ချုပ်များအားလုံး၏ ပါးများတွင် သနပ်ခါး အလိမ်းခံခဲ့ကြပြီး ယင်းသနပ်ခါး အလိမ်းခံထားရသည့် စိုးဝင်းနှင့် ဗိုလ်ချုပ်များ၏ ဓာတ်ပုံများကို ပြန့်နှံ့ခြင်းမပြုစေရန် စစ်ကောင်စီက တားမြစ်ခဲ့ကြောင်း သိရှိရသည်။
“တပ်ချုပ်ကလွဲရင် ကျန်တဲ့ ဗိုလ်ချုပ်တွေအားလုံးက မျက်နှာမှာ သနပ်ခါးတွေ အလိမ်းခံခဲ့ကြပါတယ်။ အဲဒီဓာတ်ပုံတွေကိုတော့ ပြင်ပကို ပီပီပြင်ပြင်ကြီး ဓာတ်ပုံ တွေ ထွက်သွားတာမျိုး မလုပ်ဖို့ တားမြစ်ထားပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်မှာ ယခုသင်္ကြန်ကာလအတွင်း နေပြည်တော်နှင့် ပြင်ဦးလွင်တို့တွင် သွားလာနေထိုင်မည်ဖြစ် ကြောင်း သိရှိရသည်။