သံတောင်ကြီးနှင့် ရေတာရှည်တို့တွင် ၃၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး ဒုတပ်ရင်းမှူး သိန်းသန်း အပါအဝင် စစ်သား ၇၈ ဦးသေဆုံးပြီး ၃ ဦးအလင်းဝင်၊ တိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်းဖြင့် မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးသူများပြားခဲ့
ရန်ကုန်၊ ဧပြီ ၁၃
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် နှင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ်တို့တွင် ၃၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး ဒုတပ်ရင်းမှူး သိန်းသန်း အပါအဝင် စစ်သား ၇၈ ဦးသေဆုံးပြီး စစ်သား ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင် စစ်ကောင်စီ တပ်စခန်းကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ ပိတ်ဆို့ခဲ့ထားခဲ့ရာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျေးကတော စစ်ကောင်စီ တပ် စခန်းမှ ရှမ်းလယ်ပြင် တပ်စခန်းသို့ အင်အား ၃၀ ကျော်ပါ စစ်ကူစစ်ကြောင်းထွက်လာသဖြင့် နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း ၈၀၆ ၊ KNLA တပ်မဟာ ၂ အထူးတပ်ရင်း KNDO တပ်ခွဲ ၄ တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း ခလရ ၂၉ တပ်ရင်းမှ ဒုတပ်ရင်းမှူး သိန်းသန်း အပါအဝင် စစ်ကောင်စီ တပ်သား ၁၆ ဦး သေဆုံးခဲ့ပြီး လက်နက်ငယ်အချို့နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်မြင့်ရွာမ ကျေး ရွာသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နေပြည်တော်တိုင်းစစ်ဌာန တပ် ရင်း ၉၀၁ ၊ တပ်ရင်း ၈၀၄ ၊ တပ်ရင်း ၈၀၇ ၊ တပ်ရင်း ၈၀၈ RTC စစ်ကြောင်း၊ သံတောင်မြောက်ပိုင်း အထူးဒေသတပ်ဖွဲ့ နှင့် KNDO တပ်တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီအထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၃ ရက် ညနေ ၅ နာရီတွင် နေပြည်တော်မှ စေလွှတ်သည့် စစ်ကောင်စီ၏ တပ်မ ၈၈ လက် အောက်ခံတပ် အင်အား ၃၀၀ ခန့် သည် အင်အား ၁၀၀ ခန့်စီပါ စစ်ကြောင်း ၃ ကြောင်းဖြန့်ကာ ရေနီ မြို့နယ်၊ မိအိကလေး ကျေးရွာ အနီးသို့ ဝင်ရောက်လာသဖြင့် နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း ၉၀၁ ၊ တပ်ရင်း ၈၀၄ ၊ တပ်ရင်း ၈၀၇ ၊ တပ်ရင်း ၈၀၈ RTC စစ်ကြောင်း ၊ သံတောင်မြောက်ပိုင်း အထူးဒေသတပ်ဖွဲ့ နှင့် KNDO တပ် တို့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီအချိန်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၄ ရက် နံနက် ၈ နာရီမှ ၁၁ နာရီ အထိ ရေတာရှည်မြို့နယ်၊ ဘောဓိကုန်းကျေးရွာ အနီး၌ အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ်က အင်အား ၁၀၀ ပါ စစ်ကြောင်း ၃ ကြောင်းဖြန့်ခွဲ၍ ရှေ့တိုး လာခဲ့ရာ ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲ ဆက် လက် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၁ စီး၊ MI-35 ၁ စီး အ သုံး ပြုကာ ဗုံးကျဲခြင်း၊ ပွိုင့် ၈ မော်တာသေနတ် များဖြင့် ပစ်ကူခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချိန်သည် တောင်ယာမီးခိုးများ ထူပြောနေချိန်ဖြစ်၍ စစ်ကောင်စီတပ်သား များအပေါ် ဂျက်ဖိုက်တာက မှားယွင်းကာ တစ်ကြိမ်ဗုံးကျဲခဲ့သည်ဟုဆိုသည်။
မတ်လ ၂၅ ရက် နံနက် ၉ နာရီမှ ၁၀ နာရီအထိ အချိန်အထိ ရေနီမြို့နယ်၊ ကြို့ချောင်းကျေးရွာအနီး စစ်ကောင်စီတပ်သား အင်အား ၆၀၀ ခန့်ဖြင့် ထပ်မံ စစ်ကြောင်းထိုးလာသောကြောင့် အသင့်ရောက် ရှိနေသော ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မတ်လ ၃၀ ရက် ညနေ ၄ နာရီမှ ၆ နာရီအထိ သံတောင်မြောက်ပိုင်း မြောက်နန်းချိုကျေးရွာအနီး သို့ အင်အား ၈၀၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပူးပေါင်း တပ်ဖွဲ့ များ က အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၂ ရက် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်အထိ သံတောင်မြောက်ပိုင်း ရွာ တန်း ရှည်ကျေးရွာမှ မြောက်နန်းချိုကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။
နေပြည်တော်မှ စေလွှတ်လိုက်သော တပ်မ ၈၈ လက်အောက်ခံ စစ်တပ်စစ်ကြောင်းနှင့် နေပြည် တော်တိုင်းစစ်ဌာန တပ်ရင်း ၉၀၁ ၊ တပ်ရင်း ၈၀၄ ၊ တပ်ရင်း ၈၀၇ ၊ တပ်ရင်း ၈၀၈ RTC စစ်ကြောင်း၊ သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့၊ KNDO တပ်တို့အကြား ၃၃ ရက်အတွင်း ပြင်းထန်တိုက်ပွဲ ၆ ကြိမ်နှင့် ကာကင်းအတွင်း အသေးစားတိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာအား နယ်မြေရှင်းလင်းစဉ် စစ်သား အလောင်း ၆၂ နှင့် လက်နက်ခဲယ်းအချို့ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်သား ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သား ၃ ဦး လည်း လက်နက် ၂ လက်၊ ခဲယမ်း အချို့တို့ဖြင့် အလင်းဝင် လာခဲ့ကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှလည်း တပ်ရင်း ၈၀၄ မှ ရဲဘော်ကျားလေး ပေါင်နှစ်ချောင်း ကျည် ဖောက်ဝင် ဒဏ်ရာ၊ KNDO ရဲဘော် ၁ ဦး လက်မောင်းရိုးကျိုး ဒဏ်ရာ၊ KNDO ရဲဘော် ၁ ဦး ၆၀ မမ ကျည်စ ဖောက်ဝင်ဒဏ်ရာ၊ KNDO ရဲဘော် ၁ ဦး ၄၀ မမ ၇၉ ကျည်ထိ နှုတ်ခမ်းပြတ်ရှ ဒဏ်ရာ၊ တပ် ရင်း ၈၀၇ မှ ရဲဘော် အားသယ် ခြေကျင်းဝတ် ကျည်ထိမှန် အရိုးကျေဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ယခုအချိန်တွင် ရန်သူစစ်ကောင်စီမှ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း မြေပြင် တွင်မူ စစ်ကြောင်းများ အင်အား ဖြည့်တင်းခြင်း၊ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်ခြင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကျဲခြင်း၊ လေယာဉ်များဖြင့် ဗုံးကျဲခြင်းတို့ နေ့စဉ်နှင့်အမျှ အမြဲမပျက် လုပ်ဆောင်လျက် ရှိကြောင်း နေပြည်တော်တိုင်းစစ်ဌာန ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် က ထုတ်ပြန်ထားသည်။