စလင်းမှာ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်း ပြန်ဆုတ်ခွာသွား…

by

in

စလင်းမှာ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်း ပြန်ဆုတ်ခွာသွား…
ဧပြီ ၁၃ ၊ ၂၀၂၅

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဧပြီလ ၁၀ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စလင်းမြို့မရဲစခန်းကနေ အင်အား ၁၀၀ ကျော်နဲ့ စုဖွဲ့မှုပြုလုပ်ပြီး စလင်းမြို့နယ်အနီးတဝိုက် ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာရာ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မွန်းလွဲပိုင်းမှာတော့ အဆိုပါစစ်ကြောင်းကို အနောက်ကနေ လိုက်ပါပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်ကြောင်းက စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းကို ပြန်လည်ဆုတ်ခွါထွက်ပြေးသွားတယ်လို့ စလင်း ပကထ က ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ထိခိုက် သေဆုံးမှု များပြားပေမယ့် အတိအကျမသိရကြောင်း စလင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

စလင်းက ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ (ရုပ်/သံ)
ဧပြီ ၁၃၊ ၂၀၂၅
စလင်းမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ စလင်းမြို့မရဲစခန်းကနေ အင်အား၁၀၀ ကျော်စုဖွဲ့မှုပြုလုပ်ပြီး စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စလင်းပကဖ က ဖြတ်တောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါစစ်ကြောင်းကို အနောက်ကနေ လိုက်လံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းဟာ စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းကို ပြန်လည်ဆုတ်ခွါထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များပြားတယ်လို့ ကနဦး သိရှိထားရပြီး အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။