Category: News
-
ဖာပွန်မြို့တောင်ဘက်ခြမ်းက မထောတပ်စခန်းကို KNU စတင်တိုက်ခိုက်
ဖာပွန်မြို့တောင်ဘက်ခြမ်းက မထောတပ်စခန်းကို KNU စတင်တိုက်ခိုက် နိုင်ပကောင်း/People’s Spring ကရင်ပြည်နယ်၊ ဖာပွန်မြို့က ကူးဆိပ်စခန်းကို သိမ်းယူပြီး ရက်ပိုင်းအကြာမှာပဲ မြို့ တောင်ဘက်မှာ ရှိတဲ့ မထောတပ်စခန်းကို KNU တပ်မဟာ (၅)ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ကူးဆိပ်စခန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မထောတပ်စခန်းမှာ သွားရောက် ပူးပေါင်းနေကြပြီး လက်ရှိ အဲဒီစခန်းမှာ စုစုပေါင်းအင်အား ၈၀ ခန့် ရှိနေတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။ “မထောစခန်းကို စတင်ပစ်ပြီလို့တော့ကြားတယ်” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။ မထောတပ်စခန်းက ဖာပွန် – ကတိုင်တိ – ကမမောင်း ကားလမ်းမှာ တည်ရှိပြီး ဖာပွန်မြို့နဲ့တော့ ၁၀ မိုင့်ခန် ဝေးပါတယ်။…
-
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လေဆိပ်တွင် သွားကြိုသည့် စစ်တပ်ထောက်ခံသူ မင်းသားရန်အောင်၏ ရန်ကင်း နေအိမ်ကို ပြင်းအားပျော့မိုင်းဖြင့် သတိပေး ဖောက်ခွဲ
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လေဆိပ်တွင် သွားကြိုသည့် စစ်တပ်ထောက်ခံသူ မင်းသားရန်အောင်၏ ရန်ကင်း နေအိမ်ကို ပြင်းအားပျော့မိုင်းဖြင့် သတိပေး ဖောက်ခွဲ ရန်ကုန်၊ နိုဝင်ဘာ ၁၄ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လေဆိပ်တွင် သွားကြိုသည့် မင်းသားရန်အောင်၏ ရန်ကင်း နေအိမ်ကို ပြင်းအားပျော့မိုင်းဖြင့် သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow က သတင်းထုတ်ပြန်သည်။ ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ ရန်ကင်းမြိုနယ် ဘောက်ထော် မြရတနာလမ်းနေ စစ်ကောင်စီထောက်ခံအားပေးသော အနုပညာရှင်အမည်ခံ မင်းသား ရန်အောင်၏နေအိမ် ကို Dark Shadow တပ်ဖွဲ့က ပြင်းအားပျော့မိုင်းအသုံးပြု၍ သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အနုပညာရှင် အမည်ခံ ရန်အောင်အနေဖြင့်…
-
မြို့တော်ဟားခါးအနီး CDF နှင့် တိုက်ပွဲတွင် စကစတပ်ဖွဲ့ဝင် ၅၀ ကျော်သေ၊ ရဟတ်ယာဉ်ကို ပစ်ခတ်နိုင်ခဲ့ဟုဆို
မြို့တော်ဟားခါးအနီး CDF နှင့် တိုက်ပွဲတွင် စကစတပ်ဖွဲ့ဝင် ၅၀ ကျော်သေ၊ ရဟတ်ယာဉ်ကို ပစ်ခတ်နိုင်ခဲ့ဟုဆို ပါခွီး (မဇ္ဈိမ) ။ ။ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့နယ်အတွင်း ဇူလိုင်လ ၁၂ရက်နေ့မှ နိုဝင်ဘာလ ၁၂ အထိ လေးလကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ဦးသေဆုံးပြီး ရဟတ်ယာဉ်တစီးကိုလည်း ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း CDF ဟားခါး တာဝန်ရှိသူ မဇ္ဈိမကို ပြောသည်။ ထို့ပြင် စစ်ကောာင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို အရှင်ဖမ်းမိနိုင်ခဲ့ပြီး ဒဏ်ရာရသူ ၁၄ ဦးထက်ရှိကြောင်းလည်း ဆိုသည်။ အဆိုပါ စစ်ဆင်ရေးကာလအတွင်း ရဲ ၁၃ ဦးနှင့် စစ်သားလေးဦး လက်နက်ချ အလင်းဝင်လာခဲ့ပြီး ၎င်းတို့ယူဆောင်လာသည့် လက်နက်များနှင့် တိုက်ပွဲများအတွင်းသိမ်း ဆည်း ရရှိခဲ့သော…
-
ပုလဲမြို့သိမ်းတိုက်ပွဲမှာ အေအေက တပ်ရင်းတစ်ရင်းစာ ပူးပေါင်းပါဝင်
ပုလဲမြို့သိမ်းတိုက်ပွဲမှာ အေအေက တပ်ရင်းတစ်ရင်းစာ ပူးပေါင်းပါဝင် BVJ/KNT _ နိုဝင်ဘာ ၁၃၊ ၂၀၂၄ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းဖြစ်ပွားနေတဲ့ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးအတွင်း အာရက္ခတပ်တော် (AA) က တပ်ရင်းတစ်ရင်းစာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ပုလဲမြို့နယ်၊ BNRA တိုက်ပွဲဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ပုလဲမြို့သိမ်းတိုက်ပွဲမှာ AA က တပ်ရင်းတစ်ရင်းစာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန်လုပ်နေတယ်၊ ဒါပေမဲ့ ကျွန်တော်တို့တွေဘက်က စစ်ရေးအရ အသာစီးရနေတယ်” လို့ပြောပါတယ်။ ပုလဲမြို့ကို နိုဝင်ဘာ ၁၁ ရက်ကစတင်ကာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆင်နွဲနေပြီး ဒီနေ့ဆိုရင် ၃ ရက်ရှိပြီဖြစ်ကာ နှစ်ဘက်အပြင်းအထန်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
-
မြန်မာ့အရေး ဆွေးနွေးဖြေရှင်းဖို့ အမေရိကန်နဲ့ အင်ဒိုနီးရှားသမ္မတတို့ တိုက်တွန်း
အမေရိကန် သမ္မတ Joe Biden နဲ့ အင်ဒိုနီးရှား သမ္မတ Prabowo Subianto တို့ မနေ့က ဝါရှင်တန်မြို့တော် သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေကို ဆွေးနွေးကြပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်မလာခင် ရက်ပိုင်းကပဲ အင်ဒိုနီးရှား သမ္မတဟာ တရုတ်နဲ့ တောင်တရုပ်ပင်လယ်အတွင်း ရေကြောင်း ဖွံဖြိုးရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ VOA အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။ မြန်မာ့အရေး ဆွေးနွေးဖြေရှင်းဖို့ အမေရိကန်နဲ့ အင်ဒိုနီးရှားသမ္မတတို့ တိုက်တွန်း မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက တွေ့ဆုံ ဆွေးနွေးမှုဖြစ်ပေါ်ရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတ Joe…
-
ရန်ကုန်နှင့်မန္တလေးတွင် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူငယ်အရေအတွက် ရာချီ စစ်တပ်က တောင်းခံနေပြီး လိုအပ်ချက်မပြည့်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ
ရန်ကုန်နှင့်မန္တလေးတွင် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူငယ်အရေအတွက် ရာချီ စစ်တပ်က တောင်းခံနေပြီး လိုအပ်ချက်မပြည့်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရန်ကုန်နှင့်မန္တလေးတွင် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူငယ်အရေအတွက် ရာချီ စစ်တပ်က တောင်းခံနေပြီး လိုအပ်ချက်မပြည့်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူငယ် ၂၀၀ ဦး ရှာဖွေပေးရန် စစ်တပ်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များထံသို့ တောင်းခံလာကြောင်း၊ ယခုနိုဝင်ဘာလ ၁၄ ရက်နေ့အထိ စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လိုအပ်သော တပ်သားသစ်အရေအတွက် ပြည့်မီခြင်းမရှိသေး၍…
-
ပေါက်ခေါင်းတွင် စစ်မှုထမ်းအဖြစ် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းနေသူ ဒွကျေးရွာအုပ်ချုပ်ရေးမှူး သန်းအောင် ပစ်ခတ်ခံရပြီး သေဆုံး
ပေါက်ခေါင်းတွင် စစ်မှုထမ်းအဖြစ် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းနေသူ ဒွကျေးရွာအုပ်ချုပ်ရေးမှူး သန်းအောင် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၁၄ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဒွကျေးရွာအုပ်ချုပ်ရေးမှူးသန်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်း ပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်အချိန် ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ ဒွကျေးရွာနေ အုပ်ချုပ်ရေးမှူးသန်းအောင်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ က ဦးဆောင်ပြီး ပေါက်ခေါင်းမြို့နယ် – ပကဖ တပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်သို့ သွား ရောက် ပစ်ခတ်ရှင်းလင်းရာ ဦးခေါင်းနှင့်…
-
“နာမည်ကြီးပျူခေါင်းဆောင်ကြီးအတီးခံရပြီဟေ့အရေးပေါ်ခန်းမှာ အသက်လုနေရပြီ”
“နာမည်ကြီးပျူခေါင်းဆောင်ကြီးအတီးခံရပြီဟေ့အရေးပေါ်ခန်းမှာ အသက်လုနေရပြီ”
-
စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန် ▪️အမ်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်စခန်း ၈ခု သိမ်းထားပြီး နပခဌာနချုပ်အပါအဝင် လက်ကျန် တပ် ၁၀နေရာထိုးစစ်ဆင်နေဟု အသိပေး ▪️အာရက္ခပြည်သူ့တော်လှန်ရေးကာလတွင် ပုံစံမျိုးစုံဖြင့် အားပေးထောက်ခံကူညီသူအားလုံးကို ကျေးဇူးတင်ကြောင်းဖော်ပြ
စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန် ▪️အမ်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်စခန်း ၈ခု သိမ်းထားပြီး နပခဌာနချုပ်အပါအဝင် လက်ကျန် တပ် ၁၀နေရာထိုးစစ်ဆင်နေဟု အသိပေး ▪️အာရက္ခပြည်သူ့တော်လှန်ရေးကာလတွင် ပုံစံမျိုးစုံဖြင့် အားပေးထောက်ခံကူညီသူအားလုံးကို ကျေးဇူးတင်ကြောင်းဖော်ပြ ရှိုင်း/People’s Spring အာရက္ခနှင့် ပလက်ဝဒေသစစ်ဆင်ရေး (၁)နှစ် ပြည့်အတွင်း အာရက္ခတပ်တော်(AA)က မြို့ ၁၂မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံ ချုပ်ငြိမ်းစေရေး ဆက်လုပ်နေကြောင်း AAက သတင်းထုတ်ပြန်သည်။ AAသည် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှစတင်ပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နှစ်ပြည်သည်အထိ တိုက်ပွဲအရှိန်သည် လျော့ကျ သွားခြင်းမရှိဘဲ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း အသိပေးသည်။ ထိုးစစ်စတင်သည့်ရက်မှ တစ်နှစ်ပြည့်သည်အထိ တစ်ရက်မှ…
-
လှော်ကားနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့တိုက်ခိုက်
ရွှေပြည်သာ၊ လှော်ကားနယ်မြေရဲစခန်းမှ ရဲများ အရက်ဝိုင်းဖွဲ့သောက်နေစဉ် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိ ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းမှ ရဲများ အရက်ဝိုင်းဖွဲ့သောက်နေစဉ် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ရာ ရဲများ ထိခိုက်မှုရှိကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၁၄ မိနစ်ခန့်အချိန် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းရှိ ကင်းဂိတ်တွင် အရပ်ဝတ်ဖြင့် ရဲများ အရပ်ဝိုင်းဖွဲ့သောက်နေစဉ် မြို့ပြ UG ရဲဘော်များက လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း…