ပေါက်ခေါင်းတွင် စစ်မှုထမ်းအဖြစ် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းနေသူ ဒွကျေးရွာအုပ်ချုပ်ရေးမှူး သန်းအောင် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၄
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဒွကျေးရွာအုပ်ချုပ်ရေးမှူးသန်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်း ပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်အချိန် ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ ဒွကျေးရွာနေ အုပ်ချုပ်ရေးမှူးသန်းအောင်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ က ဦးဆောင်ပြီး ပေါက်ခေါင်းမြို့နယ် – ပကဖ တပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်သို့ သွား ရောက် ပစ်ခတ်ရှင်းလင်းရာ ဦးခေါင်းနှင့် ဝမ်းဗိုက်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွား ကြောင်း သိရသည်။
ပစ်ခတ်ရှင်းလင်းခံရသူ အုပ်ချုပ်ရေးမှူးသန်းအောင်သည် အကြမ်းဖပ်စစ်ကောင်စီအတွက် စစ်မှု ထမ်း စုဆောင်းခြင်းနှင့် ပေါ်တာဆွဲရာတွင် အားတက်သရောလုပ်ဆောင်ပေးခြင်း၊ စစ်မှုမထမ်းလိုလျှင် လူစားထိုး ထည့်ရမည်ဟု ဆိုကာ ကျေးရွာအုပ်စုအတွင်း တစ်အိမ်ထောင်လျှင် ငွေကျပ် ၃ သောင်းမှ ၅ သောင်း အထိကောက်ခံ၍ စစ်ကောင်စီအတွက် ငွေကြေးထောက်ပံ့ခြင်း၊ တော်လှန်ရေးထောက်ပို့ရဲဘော်များ ၏ သတင်းကို လိုက်လံစုံစမ်း၍ စစ်ကောင်စီထံသတင်းပေးပို့နေခြင်း တို့ကြောင့် ယခုကဲ့သို့ ပြတ် သားစွာ အရေးယူရှင်းလင်းလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ အခါအခွင့်သင့် လျှင် သင့်သလို အကြမ်းဖက်စစ်ကောင် စီ ဒေါက်တိုင်များ ဖြစ်ကြသောရပ်/ကျေး ထွေအုပ်စာရေးများ၊ အုပ်ချုပ်ရေးမှူးများနှင့်စစ်တပ် ဒေါက်တိုင်များကို ပြတ်သားစွာအရေး ယူ ဆောင် ရွက်သွားမည်ဖြစ် ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက်စစ်သားများ၊ ရဲ၊ ထောက်တိုင်များရှိရာ နေရာ များသို့ သွား ရောက်နေထိုင်ခြင်းမပြုလုပ်ကြရန် အသိပေးထားသည်။