Category: News
-
ရခိုင်ပြည်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း လုံခြုံရေးအတွက် တရုတ် လက်နက်ကိုင်တပ်ဖွဲ့ ခေါ်ယူမည်ဖြစ်ပြီး Jammer များ တပ်ဆင်ခြင်း၊ ထောက်လှမ်းရေး ဒရုန်းများ ချထားခြင်းနှင့် မိုင်းများ တပ်ဆင်ခြင်းများလည်း ပါဝင်မည်
ရခိုင်ပြည်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း လုံခြုံရေးအတွက် တရုတ် လက်နက်ကိုင်တပ်ဖွဲ့ ခေါ်ယူမည်ဖြစ်ပြီး Jammer များ တပ်ဆင်ခြင်း၊ ထောက်လှမ်းရေး ဒရုန်းများ ချထားခြင်းနှင့် မိုင်းများ တပ်ဆင်ခြင်းများလည်း ပါဝင်မည် ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် တရုတ်နှင့် စစ်ကောင်စီ လုံခြုံရေး ပူးတွဲအဖွဲ့က ဆောင်ရွက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း လုံခြုံရေးအတွက် တရုတ်လက်နက်ကိုင်တပ်ဖွဲ့ကို ခေါ်ယူမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန် စီမံကိန်း ပတ်ဝန်းကျင်တွင် အဆင်မြင့် Jammer များ တပ်ဆင်ခြင်း၊ ထောက်လှမ်းရေး ဒရုန်းများ ချထားခြင်းနှင့် မိုင်းများ တပ်ဆင်ခြင်းများ လုပ်ဆောင်ရန်ရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ရခိုင်ပြည်တွင် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံထားသော ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရေးအတွက်…
-
NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို “ဘယ်သူနဲ့ ဆက်ဆံပါ။ ဘယ်သူနဲ့ မဆက်ဆံပါ” ဟု တရုတ် အပါအဝင် မည်သည့်နိုင်ငံကမှ ပြောဆိုပိုင်ခွင့်မရှိဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် သတိပေး
NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို “ဘယ်သူနဲ့ ဆက်ဆံပါ။ ဘယ်သူနဲ့ မဆက်ဆံပါ” ဟု တရုတ် အပါအဝင် မည်သည့်နိုင်ငံကမှ ပြောဆိုပိုင်ခွင့်မရှိဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် သတိပေး ရန်ကုန်၊ နိုဝင်ဘာ ၂၃ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များကို “”ဘယ်သူနဲ့ ဆက်ဆံပါ။ ဘယ်သူနဲ့ မဆက်ဆံပါ” ဟု တရုတ် အပါအဝင် မည်သည့်နိုင်ငံကမှ ပြောဆိုပိုင်ခွင့်မရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သတိပေးပြောဆိုလိုက်သည်။ နိုဝင်ဘာလ ၂၁ ရက်နေ့ “လူထုလှုပ်ရှားမှု ရက်သတ္တပတ်” အစီအစဉ် ပထမဆုံးနေ့ အမေးအဖြေများကို ဖြေကြားစဉ် NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က အထက်ပါအတိုင်း သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော စစ်အာဏာသိမ်းမှုများသည် တရုတ် အပါအဝင်…
-
ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ၏ မထောအခြေစိုက် တပ်စခန်းကြီးကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ
ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ၏ မထောအခြေစိုက် တပ်စခန်းကြီးကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ ရန်ကုန်၊ နိုဝင်ဘာ ၂၂ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ မထောအခြေစိုက် တပ်စခန်းကြီးကို သိမ်းပိုက်ရရှိကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၄၈ မိနစ်အချိန် ဖာပွန်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင် စီ၏ မထော အခြေစိုက် တပ်စခန်းကို KNLA တပ် မဟာ ၅ ဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ မထောအခြေစိုက် တပ်စခန်းတွင် စကခ ၈ လက် အောက် ခံ ခမရ-၄၀၇၊ ခမရ-၄၀၈နှင့် ခမရ-၄၀၄ တပ်များ စုပေါင်းထားကြောင်း ၊…
-
မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးကို စစ်တပ်က လေယာဉ်ဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ဗုံး ၁၁ လုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်နေ
မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးကို စစ်တပ်က လေယာဉ်ဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ဗုံး ၁၁ လုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်နေ ရန်ကုန်၊ နိုဝင်ဘာ ၂၂ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ဗုံး ၁၁ လုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်နေကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်…
-
တရုတ်က မြန်မာပြည်တွင်းရေးအပေါ် စွက်ဖက်ပိုင်ခွင့် မရှိဟု NUG ပြော
တရုတ်က မြန်မာပြည်တွင်းရေးအပေါ် စွက်ဖက်ပိုင်ခွင့် မရှိဟု NUG ပြော YT . (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အိမ်နီးချင်း တရုတ်နိုင်ငံအနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့်မရှိဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။ အွန်လိုင်းမှ ပြုလုပ်သည့် “လူထုလှုပ်ရှားမှု ရက်သတ္တပတ်” အစီအစဉ် ပထမဆုံးနေ့ နိုဝင်ဘာ ၂၁ ရက် သုံးသပ်ဆွေးနွေးခန်းအတွင်း အမေးအဖြေကဏ္ဍ၌ တက်ရောက်လာသူတဦး၏ မေးခွန်းကို ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြန်လည်ဖြေကြားရာတွင် ထိုသို့ထည့်ပြောခဲ့ခြင်း ဖြစ်သည်။ တရုတ်အစိုးရသည် ကိုးကန့်တပ် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကို တိုက်ပွဲများရပ်ရန် သတိပေးပြီးနောက် နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့သည်။…
-
တိုက်ပွဲအသစ်တွေ ဆက်လက်ဖော်ဆောင်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချဖို့ MDY-PDF တပ်သားသစ်တွေခေါ်ယူနေ
တိုက်ပွဲအသစ်တွေ ဆက်လက်ဖော်ဆောင်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချဖို့ MDY-PDF တပ်သားသစ်တွေခေါ်ယူနေ နို၀င်ဘာ ၂၂၊ ၂၀၂၄ မန္တလေးဒေသမှာ နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MDY-PDF က တပ်သားအသစ်တွေ လက်ခံခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာ ၂၂ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။ မြေပြန့်ဒေသ လွတ်မြောက်ရေးအတွက် ရည်ရွယ်ကာ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်လို့ MDY PDFက တပ်သားသစ်တွေကို ခေါ်ယူလိုက်တာပါ။ ကျန်းမာကြံ့ခိုင်ပြီး အာဏာရှင်ကို တိုက်ခိုက်လိုတဲ့ လူငယ်လူရွယ်တွေအနေနဲ့ MDY-PDF နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ထားပါတယ်။ MDY-PDF အနေနဲ့ “စုဆောင်း ၊ လေ့ကျင့် ၊ စုဖွဲ့ ၊ တိုက်ပွဲဝင် ‘’ ဆိုတဲ့ လုပ်ငန်းစဉ် အဆင့်တိုင်းကို သက်ဆိုင်ရာ ဌာနတွေအလိုက် စနစ်တကျ အကောင်အထည်ဖော်…
-
တိုင်းရင်းသားများ သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ဂိတ်များကို တည်ငြိမ်အေးချမ်းမှ ပြန်ဖွင့်မည်ဟု တရုတ်ပြော
တိုင်းရင်းသားများ သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ဂိတ်များကို တည်ငြိမ်အေးချမ်းမှ ပြန်ဖွင့်မည်ဟု တရုတ်ပြော 🟥ကချင်ပြည်သူတချို့က တရုတ်ပိတ်ဆို့မှုကို ကြံ့ကြံ့ခံမည်ဟုဆို ရန်ကုန်၊ နိုဝင်ဘာ ၂၂ တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ဂိတ်များကို အစိုးရချင်း အပြန်အလှန် ပူးပေါင်းညှိနှိုင်းပြီးမှ လိုအပ်သလို ခွင့်ပြုဆောင်ရွက်မည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်သည်။ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး မြင့်ကြိုင်နှင့်တွေ့ဆုံစဉ် တရုတ်၊ ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး၊ ရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှူးနှင့် ဒုညွှန်ကြားရေးမှူးချုပ်တို့က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများက သတင်းဖော်ပြထားသည်။ “EAO များ ထိန်းသိမ်းထားသည့် နယ်စပ်ဒေသများရှိ နယ်စပ်စစ်ဆေးရေးဂိတ်များကို လက်ရှိအခြေအနေတွင် ဝင်/ထွက်မှုများ ရပ်ဆိုင်းကာ ပိတ်သိမ်းထားရှိမှု၊ အစိုးရအချင်းချင်း အပြန်အလှန် ပူးပေါင်းညှိနှိုင်းပြီးမှသာ ပိတ်သိမ်းထားသည့် နယ်စပ်ဂိတ်များကို လိုအပ်သလို…
-
တောင်ကုတ်တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်း နှင့် တောင်ကုတ်မြို့တစ်ဝက်ခန့်ကို AA က တိုက်ခိုက်သိမ်းပိုက်ဟုဆို
တောင်ကုတ်တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်း နှင့် တောင်ကုတ်မြို့တစ်ဝက်ခန့်ကို AA က တိုက်ခိုက်သိမ်းပိုက်ဟုဆို ရန်ကုန်| နိုဝင်ဘာ ၂၂ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ တောင်ကုတ်တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို AA က သိမ်းပိုက်လိုက်ပြီး တိုက်ပွဲများမှာ တောင်ကုတ်မြို့တွင်းတွင်ပါ ဖြစ်ပွားနေကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ရခိုင်ပြည် တောင်ကုတ်မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် တိုက်ပွဲ ပိုမိုပြင်းထန်လာကြောင်း ၊ ဇွန်လလယ်ကစပြီး တောင်ကုတ်မြို့နယ် နေပူတောင်တိုက်ပွဲ၊ တောင်ကုတ်-သံတွဲကား လမ်းပိုင်းအချို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် တောင်ကုတ်မြို့ကို AA က ဝိုင်းရံပိတ်ဆို့ထားခြင်းကြောင့် စစ်ကောင်စီတပ်သည် တောင်ကုတ်တက္ကသိုလ်ထဲ နေရာယူတပ်စွဲခဲ့ကြောင်း၊ သို့သော်လည်း အောက်တိုဘာလ…
-
မူဆယ်နယ်စပ်ဂိတ် တစ်ဂိတ်တရုတ်ပြန်ဖွင့်
မူဆယ်နယ်စပ်ဂိတ် တစ်ဂိတ်တရုတ်ပြန်ဖွင့် အိမ်သွင်/People’s Spring ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ထိန်းချုပ်ထားသော မူဆယ်နယ်စပ်ဂိတ်ဖြစ်သည့် ကျင်စန်းကျော့ဂိတ်မှ ကုန်ကြမ်းပစ္စည်းတင်သွင်းရန် တရုတ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ ဆွေး နွေးခဲ့ပြီး ယမန်နေ့ကစ၍ ထိုနယ်စပ်ဂိတ်ကိုပြန်ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရသည်။ “တရုတ်ဘက်ကစပြီးကမ်းလှမ်းတာ။ အထူးသဖြင့် သူ့နိုင်ငံထဲကို ကုန်ကြမ်းသွင်းချင်တာ။ နယ်စပ်ပိတ်ထားတာကြာလာပြီဆိုတော့ ကြံတို့လို စိုက်ပျိုးရေးထုတ်ကုန်ကြမ်းတွေ သူလိုနေပြီ။သူ့ဆီက သကြားစက်တွေ ရပ်မသွားအောင် ကုန်ကြမ်းဖြည့်ရတော့မှာမို့လေ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကုန်သည်တဦးက People’s Sping သို့ပြောသည်။ ကျင်စန်းကျော့ဂိတ်မှ ကုန်ကြမ်းပစ္စည်းသွင်းနိုင်ရေးအတွက် တရုတ်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် ဆွေးနွေးပြီး နှစ်ဖက်သဘောတူညီမှုဖြင့် ဂိတ်ပြန်ဖွင့်လိုက်ခြင်းဟု သတင်းရရှိသည်။ “စစ်ကောင်စီက ဘာမှမတတ်နိုင်ဘူး။ မဟာမိတ်နဲ့ တရုတ်ကြားမှာ အပြင်လူမသိနိုင်တဲ့ သဘောတူညီမှုတွေ ရှိနိုင်တယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးလေ့လာသူတစ်ဦးကလည်းပြောသည်။ ကျင်စန်းကျော့ဂိတ်သည် မြန်မာတရုတ်ကုန်သွယ်…
-
နေပြည်တော် ခြောက်အိမ်စုရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးဒုဗိုလ်မှူးကြီးအပါအဝင် ၈ ယောက်သေ (ရုပ်/သံ)
ခြောက်အိမ်စုရွာမှ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို KNDO နဲ့ တော်လှန်ရေးတပ်တွေ နေပြည်တော် ခြောက်အိမ်စုရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးဒုဗိုလ်မှူးကြီးအပါအဝင် ၈ ယောက်သေ (ရုပ်/သံ) နိုဝင်ဘာ ၂၂၊ ၂၀၂၄ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ခြောက်အိမ်စုရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၉ ရက် နေ့လည်ပိုင်းက KNOD နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ ၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အပါအဝင် စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ KNDO တပ်ခွဲ ၄ထံက သိရပါတယ်။ တိုက်ပွဲ ၄၅ မိနစ်ကြာဖြစ်ပွားခဲ့ပြီး NPT-PDF တပ်ရင်း ၈၀၆ က ရဲဘော် ၁ ယောက်လည်း မစိုးရိမ်ရ…