နတ်ရေကန်ဗျူဟာကုန်းကထွက်​ပြေး စစ်သား ၂၃ဦးကို CDF-အရှိုဖမ်းဆီး ■နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေဆက်

by

in

နတ်ရေကန်ဗျူဟာကုန်းကထွက်​ပြေး စစ်သား ၂၃ဦးကို CDF-အရှိုဖမ်းဆီး
■နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေဆက်
တိုက်ဖြစ်နေဟု CDF-အရှိုပြော

ဇွန်-၁၃၊၂၀၂၅။ဘီဂျီ၊က​ဖေး/ People’s Spring
မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်ကောင်စီ​ရဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း)က စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်
(CDF) -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက လူထုနွေဦးကို ပြောပါတယ်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းအနီးကိုဇွန် ၈ ရက်က​နေ ၁၂
ရက်​နေ့အတွင်း ဖြတ်တောက်တိုက်ခိုက်ရှင်းလင်းရေးလုပ်နေစဉ်မှာ နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
“ပြေးလာကြတယ်ဆိုတာက တာဝန်မထမ်းဆောင်ချင်တာရယ်၊စစ်မှုထမ်းကြောင့်ပါလာပြီးထွက်ပြေး
ချင်တာရယ်ပေါ့။ တချို့ကလည်း နှစ်ခါ၊သုံးခါ ထွက်ပြေးဖို့ ကြိုးစားနေတဲ့သူတွေပါတယ်”လို့ CDF -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။
ဇွန် ၈ ရက်​နောက်ပိုင်း ငါးရက်အတွင်း ထွက်ပြေးလာတဲ့သူတွေလို့ CDF -အရှို က ထုတ်ပြန်ထားပါတယ်။MA – 1 ငါးလက်၊ MA – 3 သုံးလက်နဲ့ ခဲယမ်းအချို့လည်း သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ တော်
လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြဖို့လည်း တိုက်
တွန်းထားပါတယ်။
ဒါ့အပြင် နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတယ်လို့လည်း ဆလိုင်းရိုးချင်းက ပြောပါတယ်။
” နေ့တိုင်းမဟုတ်တောင် နှစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါတော့ အမြဲဖြစ်နေပါတယ်”လို့ ၎င်းကပြောပါတယ်။
အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ဖို့၊ နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေးတိုက်ခိုက်နေတဲ့ စစ်ဆင်
ရေးတွေကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစတင်ခဲ့ပါတယ်။
မတ်လအစောပိုင်းကလည်း နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်က အရေးပါတဲ့ စစ်ကောင်စီရဲ့တောင်ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီ တိုက်ပွဲတွေအတွင်းမှာ တပ်မ (၉၉)ရဲ့ ယာယီနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို AAနဲ့ ပူးပေါင်းတပ်တွေက ဖမ်းမိခဲ့ပါတယ်။ မေလနှောင်းပိုင်းက တိုက်ပွဲတွေမှာလည်း နတ်ရေကန်ဗျူဟာအနီးက အဓိက ကာကင်းစခန်းဖြစ်‌တဲ့ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို AAက သိမ်းယူခဲ့ပါတယ်။
နတ်ရေကန်ဗျူဟာကုန်းနဲ့ အမ်း-ပဒါန်းလမ်းတိုက်
ပွဲမှာ အရာရှိအချို့အပါအတင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီသေဆုံးပြီး ၈၀ ထက်မနည်း ပျောက်ဆုံးနေတယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီ စစ်ဆင်ရေးတွေမှာ တာဝန်အရှိဆုံး တပ်မ(၉၉) တပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလကုန်မှာ ဖမ်းဆီးပြီး ရာထူးကဖြုတ်ချ စစ်ဆေးနေပါတယ်။
(နတ်ရေကန်ဗျူဟာကုန်းကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းမိထားစဉ်။
ဓာတ်ပုံ − CDF- Asho)