Category: News

  • ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဗီဒီယို ဂင်းနစ်မှတ်တမ်းဝင်ဖို့ သေချာနေပြီ

    ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဗီဒီယို ဂင်းနစ်မှတ်တမ်းဝင်ဖို့ သေချာနေပြီ

    by

    in

    ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဗီဒီယို ဂင်းနစ်မှတ်တမ်းဝင်ဖို့ သေချာနေပြီ ဇွန်-၁၆၊၂၀၂၅။တေဇ/People’s Spring ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို ငါးသောင်းကျော်ရရှိထားပြီဖြစ်ပြီး ရှစ်သောင်းပြည့်သည်အထိ ပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများကတိုက်တွန်းထားသည်။ “အမေ့ကိုချစ်တဲ့သူတွေရဲ့ ကြိုးစားမှု့တွေဟာ ၈၀၀၀၀ ပြည့်ဖို့ နီးကပ်လို့လာနေပါပြီ ။ကျွန်တော် တို့ကမ်ပိန်း စတော့ အစည်းအဝေးတစ်ခုမှာ promoter တစ်ဦးကပြောတာ လေးကိုအမှတ်ရမိတယ်”ခင်ဗျားတို့ server သာ ခိုင်အောင်လုပ်ထား အမေ့သားသမီးတွေကတာဝန်ကြေတယ်ဆိုတာပါ “ကဲဆက်ဆွဲကြစို့ သိပ်မလိုတော့ဘူး ၃ ရက်ပဲကျန်တယ်” ဟု ယင်းအစီအစဉ်ကို ဦးဆောင်သည့် Suu 80 Birthday Campaign ပေ့ခ်ျကရေးသားထားသည်။ ဇွန် ၁၆ ရက်အထိ မွေးနေ့ဆုတောင်း ဗီဒီယို ငါးသောင်း သုံးထောင်ခန့်ရရှိထားပြီး မွေးနေ့ဆုတောင်းဗီဒီယိုများကို ဇွန် ၁၉ ရက် ဗြိတိန်စံတော်ချိန် ည ၁၁ နာရီအထိ…

  • မိုးဗြဲမြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (2)တပ်ရင်း အမှတ်(၂) တပ်စုမှူး ကျဆုံး…

    မိုးဗြဲမြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (2)တပ်ရင်း အမှတ်(၂) တပ်စုမှူး ကျဆုံး…

    by

    in

    မိုးဗြဲမြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (2)တပ်ရင်း အမှတ်(၂) တပ်စုမှူး ကျဆုံး… ဇွန် ၁၆ ၊ ၂၀၂၅ ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်းတိုက်ပွဲအတွင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ်(၂) – Loikaw Local PDF Alpha (2) က တပ်စုမှူး ရဲဘော် ကျော်ထက်(ခ) ထက်ကြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျဆုံးရဲဘော် ကျော်ထက်(ခ) ထက်ကြီးဟာ ဇွန်လ ၁၆ ရက် ဒီနေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားခဲ့တယ်လို့ Loikaw Local PDF Alpha (2) က ထုတ်ပြန်ထားပါတယ်။ လွိုင်ကော်မြို့နယ်ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်…

  • မင်းအောင်လှိုင်မိသားစုရဲ့ ကိုယ်ပိုင် လေယာဉ်အတွက် လေယာဉ်ထိန်းပေးနေတဲ့ 24 Hours ကုမ္ပဏီပိုင်ရှင် ခရိုနီ အောင်အောင်ဇော်

    မင်းအောင်လှိုင်မိသားစုရဲ့ ကိုယ်ပိုင် လေယာဉ်အတွက် လေယာဉ်ထိန်းပေးနေတဲ့ 24 Hours ကုမ္ပဏီပိုင်ရှင် ခရိုနီ အောင်အောင်ဇော်

    by

    in

    မင်းအောင်လှိုင်မိသားစုရဲ့ ကိုယ်ပိုင် လေယာဉ်အတွက် လေယာဉ်ထိန်းပေးနေတဲ့ 24 Hours ကုမ္ပဏီပိုင်ရှင် ခရိုနီ အောင်အောင်ဇော် By ရန်ကုန်ခေတ်သစ် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူနဲ့ သူ့မိသားစု စီးနင်းနေတဲ့ လေယာဉ်ကို ငှားရမ်းအသုံးပြုနေရာကနေ အပြတ် ဝယ်ယူလိုက်ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မင်းအောင်လှိုင်က အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ငှားရမ်းထားတဲ့ Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးနဲ့ ဝယ်ယူလိုက်တာလည်းဖြစ်ပါတယ်။ အဲဒီလေယာဉ် ဝယ်ယူမှုမှာ အဓိက အမည်ခံပေးတာ၊ လေယာဉ်ကို နိုင်ငံတကာလေပိုင်နက်မှာ အရပ်ဘက် လေယာဉ်အဖြစ် ပျံသန်းခွင့်ရှိအောင် လုပ်ဆောင်ပေးတာ၊ လေယာဉ်ကို…

  • နောင်ချိုက ကံကြီးရွာနားမှာတိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်လို့ ဓနုတပ်ခေါင်းဆောင်ပြော

    နောင်ချိုက ကံကြီးရွာနားမှာတိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်လို့ ဓနုတပ်ခေါင်းဆောင်ပြော

    by

    in

    နောင်ချိုက ကံကြီးရွာနားမှာတိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်လို့ ဓနုတပ်ခေါင်းဆောင်ပြော ဇွန်-၁၆၊ ၂၀၂၅။ People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တောင်ဘက်က ကံကြီးရွာနားမှာစစ်ကောင်စီတပ်နဲ့ နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်ကလူထုနွေဦးကိုပြောပါတယ်။ ဒီကနေ့(ဇွန်လ ၁၆ရက်)မနက်မှာလည်း ကံကြီးရွာနဲ့ ကံကြီးရွာအရှေ့ဘက်က ရွှေသွန်းရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်နဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေ နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်လို့ DPLAခေါင်းဆောင် ဦးထွန်းထွန်းနိုင်က ပြောပါတယ်။ “အဲဒီဘက်မှာလည်းနောင်ချိုကြီးမြောက်ဘက်ဆို ရွှေသွန်းရွာပတ်ဝန်းကျင်မှာတော့တိုက်ပွဲဖြစ်တယ်။ မနေ့ကရော ဒီမနက်ဖြစ်သေးတယ်။ တိုက် ပွဲကမပြင်းတာပဲ။ မကြာမကြာ‌ တော့ ဖြစ်တယ်။ မကြာမကြာပဲ နေ့တိုင်းလိုလိုဖြစ်တယ်”လို့ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို တောင်းခမ်းဒေသကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးနေပြီး အဆိပ်ငွေ့ဗုံးတွေသုံး တိုက်ခိုက်နေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။ ဇွန်လ ၁၅ရက်ကလည်း စစ်ကောင်စီတပ်နဲ့ နောင်ချိုမြို့နယ်က ကျေးရွာသုံးရွာမှာ…

  • ဧရာ၀တီတိုင်းမှ စစ်မှုထမ်းစုဆောင်းခံရသောလူငယ်များကို အပါတ်စဥ် ၁၄ အဖြစ် သင်တန်းများသို့ပို့ဆောင်

    ဧရာ၀တီတိုင်းမှ စစ်မှုထမ်းစုဆောင်းခံရသောလူငယ်များကို အပါတ်စဥ် ၁၄ အဖြစ် သင်တန်းများသို့ပို့ဆောင်

    by

    in

    ဧရာ၀တီတိုင်းမှ စစ်မှုထမ်းစုဆောင်းခံရသောလူငယ်များကို အပါတ်စဥ် ၁၄ အဖြစ် သင်တန်းများသို့ပို့ဆောင် ဧရာဝတီတိုင်းမ် ဇွန် ၁၆ ရက် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် စုဆောင်းထားရှိသော လူငယ်များကို ပြည့်သူစစ်မှုထမ်းအမှတ်စဥ် ၁၄ အဖြစ် ဇွန် ၁၄ ရက်က သင်တန်းများသို့ စတင်စေလွှတ်ခဲ့ကြောင်းသိရှိရသည်။ တိုင်းအတွင်းမှအဓမ္မစုဆောင်းထားသည့် လူငယ် ၂၀၀ ခန့်ရှိပြီး ဧရာ၀တီ ၊ရန်ကုန်၊ ပဲခူး စသည့် စစ်သင်တန်းကျောင်းများသို့ စစ်ကောင်စီမှ လုံခြုံရေးရယူကာ ညနေပိုင်းတွင် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။ “ခုက ပေါ်တာဆွဲခံရတဲ့သူရယ် အုပ်ကြီးတွေကိုငွေပေးပြီး အခြားဒေသက ငွေယူပြီးလိုက်တဲ့သူရယ်များတယ်”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။ သင်တန်းတက်ရောက်မည့်သူများကို ဧရာ၀တီတိုင်း၀န်ကြီးချုပ်နှင့်စစ်တိုင်းမှူးမှ လာရောက်တွေ့ဆုံကြောင်း စစ်ကောင်စီပိုင်မီဒီယာများမှ သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီတွင် တပ်သားအင်အားလိုအပ်ချက်များလာသောကြောင့် ပြီးခဲ့သည့် မေလ ၁၈…

  • မြန်မာ့သစ်တောပြုန်းတီးမှု သိသိသာသာလျော့နည်းလာဟု စစ်ခေါင်းဆောင် ပြော

    မြန်မာ့သစ်တောပြုန်းတီးမှု သိသိသာသာလျော့နည်းလာဟု စစ်ခေါင်းဆောင် ပြော

    by

    in

    အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ကာလအလိုက် သစ်တောပြုန်းတီးမှု သိသိသာသာ လျော့နည်းလာခဲ့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဇွန် ၁၅ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲမှာ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “မိမိတို့တာဝန်ယူပြီးနောက်ပိုင်း သစ်ပင်စိုက်ပျိုးမှု၊ သစ်တောတွေ ပြုပြင်ထိန်းသိမ်းမှုကို အလေးထား ကြပ်မတ် ဆောင်ရွက်ခဲ့တဲ့အတွက် နှစ်ကာလအလိုက် သစ်တောပြုန်းတီးမှု သိသိသာသာ လျော့နည်းကျဆင်းခဲ့တာကို တွေ့ရှိရတယ်။” မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံဧရိယာရဲ့ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်မှာ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းနဲ့ ၂၀၂၅ ခုနှစ် ပဏာမ အစီရင်ခံစာအရ ၄၂ ဒသမ…

  • ငွေ​ပိုဖောင်းပွလာပြီးပြည်သူမျာပိုမိုကြပ်တည်းလာ ဟု ကမ္ဘာ့ဘဏ်​ဖော်ပြ

    ငွေ​ပိုဖောင်းပွလာပြီးပြည်သူမျာပိုမိုကြပ်တည်းလာ ဟု ကမ္ဘာ့ဘဏ်​ဖော်ပြ

    by

    in

    ငွေ​ပိုဖောင်းပွလာပြီးပြည်သူမျာပိုမိုကြပ်တည်းလာ ဟု ကမ္ဘာ့ဘဏ်​ဖော်ပြ ဇွန်-၁၆၊၂၀၂၅။ရဲခေါင်/People’s Spring မြန်မာ့ငွေကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိပြီး ပြည်သူများပိုမိုကြပ်တည်းလာကြောင်း ကမ္ဘာ့ဘဏ် ၏ စီးပွားရေးအစီရင်ခံစာသစ်တွင် ဖော် ပြသည်။ စစ်တပ်အာဏာမသိမ်းမီ နောက်ဆုံးကာလဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာ့ငွေကြေး ဖောင်းပွမှုသည် ဗဟိုဘဏ်အချက်အလက်များအရ ၂ ဒသမ ၆၁ ရာခိုင်နှုန်းသာရှိခဲ့သည်။ ငွေကြေးဖောင်းပွခြင်းသည်အချိန်ကာလတစ်ခုအတွင်း ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏စျေးနှုန်းများမြင့်တက်လာပြီးထိုအခြေအနေတွင် ငွေကြေး ပမာဏတစ်ခုသည်ပို၍ နည်းသောကုန်စည် နှင့်ဝန် ဆောင်မှုကိုသာ ရယူနိုင်ကာ ကုန်စျေးနှုန်းတက်၍ ငွေ၏ဝယ်အား လျော့ပါးပြီး ငွေတန်ဖိုးကျဆင်းခြင်းဖြစ်သည်။ ငွေကြေးဖောင်းပွမှုနှင့်ပတ်သက်၍ စစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်၏ နောက်ဆုံးထုတ်ပြန်ထားသည် ၂၀၂၄ ခုနှစ်တွင် ငွေကြေးဖောင်း ပွမှုနှုန်း သည် ၂၅ ဒသမ ၃၃ ရာခိုင်နှုန်းသာရှိ​ကြောင်းဆိုခဲ့သည်။ သို့သော် ဇွန်လ ၁၂ ရက်ကထွက်ရှိသော…

  • ကျောက်ဖြူအခြေစိုက် ခလရ ၃၄ ကို AA တပ်ဖွဲ့က လက်နက်ကြီးဖြင့် စတိုက်ခိုက်

    ကျောက်ဖြူအခြေစိုက် ခလရ ၃၄ ကို AA တပ်ဖွဲ့က လက်နက်ကြီးဖြင့် စတိုက်ခိုက်

    by

    in

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၄ ခြေလျင်တပ်ရင်းဌာနချုပ်ကို ဇွန် ၁၅ ရက် ညနေမှာ အာရက္ခတပ်တော် (AA) က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။ ဇွန် ၁၅ ရက် ညနေ ၇ နာရီကျော်ခန့်မှာ စစ်ကောင်စီရဲ့ ခလရ ၃၄ တပ်ရင်းကို အာရက္ခတပ်တော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အရှေ့ဘက်ဝင်ပေါက်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကျောက်ဖြူမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။ “မနေ့က ကျောက်ဖြူမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၃၄ တပ်ရင်းကို AA က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တာ။ လက်နက်ကြီးပေါက်ကွဲသံ ၃၊ ၄ ချက်လောက် ကြားလိုက်တယ်။ ခလရ ၃၄ တပ်ရင်းရဲ့…

  • AAရောက်ရှိလာပါက ခုခံမတိုက်ဘဲ အလံဖြူပြရန် ရေကြည်မြို့နယ် ရဲစခန်းမှူး ညွှန်ကြားထား

    AAရောက်ရှိလာပါက ခုခံမတိုက်ဘဲ အလံဖြူပြရန် ရေကြည်မြို့နယ် ရဲစခန်းမှူး ညွှန်ကြားထား

    by

    in

    AAရောက်ရှိလာပါက ခုခံမတိုက်ဘဲ အလံဖြူပြရန် ရေကြည်မြို့နယ် ရဲစခန်းမှူး ညွှန်ကြားထား 15 June 2025 By MPA ဧရာ၀တီတိုင်း၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း အာရက္ခတပ်တော်(AA) ရောက်ရှိလာပါက ခုခံတိုက်ခိုက်ခြင်း မပြုဘဲ အလံဖြူပြရန် ရေကြည်မြို့နယ် ရဲစခန်းမှူးက ၎င်း၏လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကိုညွှန်ကြားထားကြောင်း ရေကြည်မြို့နယ်ရှိ ရဲသတင်းရင်းမြစ်တစ်ဦးက MPA သို့ပြောသည်။ ၂၀၂၅ခုနှစ် နှစ်စပိုင်းမှ စတင်ကာ AA နှင့် ပူးပေါင်းတပ်များသည် ရခိုင်နှင့် ဧရာ၀တီ နယ်စပ်ရှိ မြို့နယ်များကို ထိုးစစ်ဆင်လာပြီးနောက် ရေကြည်မြို့နယ် ရဲစခန်းမှူးက ၎င်း၏တပ်ဖွဲ့ဝင်များကို ယခုကဲ့သို့ မှာကြားထားခြင်းဖြစ်သည်။ “လအတိအကျနဲ့ ပြောရရင်တော့ ဧပြီလမှ စခန်းမှူးက ကျတော်တို့တပ်ဖွဲ့ဝင်တွေကို မှာထားတာ၊ ကိုယ့်အသက်ထက် အရေးကြီးတာ ဘာမှ မရှိဘူး။ AA တပ်ဖွဲ့ဝင်တွေမြင်တာနဲ့…

  • မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံး၊ နမခ စစ်ဌာနချုပ်တွင် ကြောက်လန့်နေကြပြီး ညအချိန် မီးများအားလုံးပိတ်ထားရန် အမိန့်ထုတ်

    မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံး၊ နမခ စစ်ဌာနချုပ်တွင် ကြောက်လန့်နေကြပြီး ညအချိန် မီးများအားလုံးပိတ်ထားရန် အမိန့်ထုတ်

    by

    in

    မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံး၊ နမခ စစ်ဌာနချုပ်တွင် ကြောက်လန့်နေကြပြီး ညအချိန် မီးများအားလုံးပိတ်ထားရန် အမိန့်ထုတ် ရန်ကုန်၊ ဇွန် ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၂ ဦးအပါအဝင် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်လည်း မီးလောင် ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၄ ရက် ည ၁၀ နာရီ…