ငွေပိုဖောင်းပွလာပြီးပြည်သူမျာပိုမိုကြပ်တည်းလာ
ဟု ကမ္ဘာ့ဘဏ်ဖော်ပြ
ဇွန်-၁၆၊၂၀၂၅။ရဲခေါင်/People’s Spring
မြန်မာ့ငွေကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိပြီး ပြည်သူများပိုမိုကြပ်တည်းလာကြောင်း ကမ္ဘာ့ဘဏ် ၏ စီးပွားရေးအစီရင်ခံစာသစ်တွင် ဖော်
ပြသည်။
စစ်တပ်အာဏာမသိမ်းမီ နောက်ဆုံးကာလဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာ့ငွေကြေး ဖောင်းပွမှုသည် ဗဟိုဘဏ်အချက်အလက်များအရ ၂ ဒသမ ၆၁ ရာခိုင်နှုန်းသာရှိခဲ့သည်။
ငွေကြေးဖောင်းပွခြင်းသည်အချိန်ကာလတစ်ခုအတွင်း ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏စျေးနှုန်းများမြင့်တက်လာပြီးထိုအခြေအနေတွင် ငွေကြေး
ပမာဏတစ်ခုသည်ပို၍ နည်းသောကုန်စည် နှင့်ဝန်
ဆောင်မှုကိုသာ ရယူနိုင်ကာ ကုန်စျေးနှုန်းတက်၍ ငွေ၏ဝယ်အား လျော့ပါးပြီး ငွေတန်ဖိုးကျဆင်းခြင်းဖြစ်သည်။
ငွေကြေးဖောင်းပွမှုနှင့်ပတ်သက်၍ စစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်၏ နောက်ဆုံးထုတ်ပြန်ထားသည် ၂၀၂၄ ခုနှစ်တွင် ငွေကြေးဖောင်း ပွမှုနှုန်း သည် ၂၅ ဒသမ ၃၃ ရာခိုင်နှုန်းသာရှိကြောင်းဆိုခဲ့သည်။
သို့သော် ဇွန်လ ၁၂ ရက်ကထွက်ရှိသော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာကမူ မြန်မာ့ငွေဖောင်းပွမှုနှုန်းသည် ၂၀၂၅ ခုနှစ် ဧပြီလအထိတစ်နှစ်တာအတွင်း ၃၄ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ကြောင်းခန့်မှန်းသည်။
ပြည်တွင်းပဋိပက္ခများ၊လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ကုန်သွယ်ရေးနှင့်နိုင်ငံခြားငွေကြေးလဲ
လှယ်မှုနှုန်းထားကန့်သတ်မှုများနှင့်အတူ လတ်
တလောစိန် ခေါ်မှုကြီးသည့် ငလျင်ဘေးနောက်
ဆက်တွဲဂယက်များကြောင့်ဟုဖော်ပြသည်။
စျေးနှုန်းများသည် အဆမတန် ဆက်လက် မြင့်တက်နေပြီးအိမ်ထောင်စုများ၏ဝင်ငွေနှင့်သုံးစွဲနိုင်မှု သည် ယခင်ကထက်ပို၍ ကြပ်တည်းလာသည်ဟုကမ္ဘာ့ဘဏ်ကဆိုသည်။
ထိုအတူ ဆင်းရဲနွမ်းပါးသူများလည်း ဆက်လက် တိုးလာနေပြီးအထူးသဖြင့်ပြည်တွင်း၌ရွှေပြောင်း
နေထိုင်ကြရသူများ ဆင်းရဲနွမ်းပါးမှုမှာ ပို၍ သိ
သာ ကာ အိမ်ထောင်စုများအနေဖြင့်အထွေထွေအကြပ်အတည်းများအပေါ်ခုခံနိုင်စွမ်းလျော့ကျနေကြောင်း အသိပေးသည်။
“မြန်မာနိုင်ငံမှာဆင့်ကဲဆင့်ကဲဖြစ်နေတဲ့အခက်အခဲ အကြပ်အတည်းတွေက အိမ်ထောင်စုတွေအတွက် ထွက်ပေါက်မဲ့စေပြီး ဆိုးရွားတဲ့ဖိအားအောက် အရောက်တွန်းပို့သလိုဖြစ်နေပါတယ်။ဒီလိုဖိအားတွေ ကြီးလာပြီဆိုရင် ရွေးချယ်စရာမရှိတော့ဘဲ Value Addမပါတဲ့ရရာအလုပ်ကိုဝင်လုပ်ရပါတော့တယ်။ဒါ့အပြင်ကလေးတွေရဲပညာသင်ယူမှုအခွင့်အလမ်းနဲ့ရလဒ်တွေအပေါ်လည်းသက်ရောက်မှုရှိလာပါတယ်။ဒါဟာမြန်မာနိုင်ငံရဲ့ရေရှည်ဖွံ့ဖြိုးရေးရည်
မှန်းချက်ကိုထိခိုက်လာနိုင်တဲ့အန္တရာယ်လို့ဆိုနိုင်ပါတယ်”ဟုမြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ဘဏ်အကြီးတန်းဘောဂဗေဒ ပညာရှင် ကင်မ်အက်ဒဝပ်စ်က ပြောသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်- UNDP ကလည်း
စီးပွားရေးမြို့တော်ရန်ကုန်မြို့တွင် ဆင်းရဲနွမ်းပါးနှုန်းတိုးလာပြီး လူဦးရေ ၁၀ ဦး တွင် လေးဦးကျော်မှာ ဆင်းရဲနွမ်းပါးနေကြောင်း ဇွန် ၃ ရက်ထုတ် အစီရင်ခံစာတွင်ဖော်ပြသည်။
ရန်ကုန်မြို့ပြဆင်းရဲမှု စစ်တမ်းအရ လွန်ခဲ့သော ရှစ်နှစ်က ရန်ကုန်မြို့လူဦးရေ ၁၀ ရာခိုင်နှုန်းသာ ဆင်းရဲနွမ်းပါးပြီး၂၀၂၃ ခုနှစ်အရောက်တွင် လူဦးရေ၏၄၃ ရာခိုင်နှုန်းအထိ ဆင်းရဲနွမ်းပါးလာကြောင်းဖော်ပြသည်။
“တစ်နေ့တစ်နေ့ ထမင်းစားရဖို့အရေး ဘယ်လိုချက်ရမလဲပဲ ခေါင်းထဲ ရှိတော့တာ။စစ်တပ်အာ
ဏာမသိမ်းခင်ကဟင်းနှစ်ခွက်ချက်နိုင်ခဲ့တာ။အခုတော့ ဟင်းတစ်ခွက်ကိုမနက်ညကျန်အောင် ခွဲစားနေရတယ်။အပိုဝင်ငွေမပြောနဲ့ နေမကောင်းဖြစ်ရင်တောင် အလကားကုပေးတာ နဲ့စျေးသက်သာတဲ့ဆေးခန်း ရွေးနေရတယ်”ဟု ရန်ကုန်မြို့ရှိ အိမ်ရှင်မတစ်ဦးကပြောသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ် ၂,၁၀၀သတ်မှတ်ထားသော်
လည်း ပြင်ပပေါက်ဈေးတွင်ဇွန် ၁၆ရက်တွင်တစ်
ဒေါ်လာလျင် ကျပ် ၄,၄၀၀ မှ ၄,၅၀၀ကြားရှိနေ
သည်။
အလားတူထိုင်းဘတ်၊တရုတ်ယွမ်၊စင်ကာပူဒေါ်လာ၊အန္ဒိယရူပီ စသောနိုင်ငံခြားငွေများနှင့်လဲနှုန်းတွင်လည်းကျပ်ငွေတန်ဖိုးကျဆင်းနေသည်။ငွေလဲနှုန်းတန်ဖိုးကျပြီးစက်သုံးဆီဈေးနှုန်းများတက်လာပြီး ပြည်တွင်း ၌ကျပ်ငွေဖောင်းပွကာ အထွေထွေကုန်ဈေးနှုန်းများကြီးမြင့်၍ ပြည်သူအ
များစုအခက်တွေ့နေကြသည်။
စစ်တပ်အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ၁,၃၃၇ ကျပ် နှင့် ရွှေတစ်ကျပ်သား၁၃သိန်းဝန်း
ကျင်သည် ယခုအခါ ရွှေဈေးမှာလည်းကျပ်သိန်း ၈၀ ကျော်နေပြီဖြစ်သည်။
(စစ်ကောင်စီရောင်းချပေးသော စားအုန်းဆီကိုဝယ်ယူရန်တန်းစီနေသောပြည်သူများကို ၂၀၂၂ ခုနှစ်၌ တွေ့ရစဥ်။ဓါတ်ပုံ-AFP )
