ဧရာ၀တီတိုင်းမှ စစ်မှုထမ်းစုဆောင်းခံရသောလူငယ်များကို အပါတ်စဥ် ၁၄ အဖြစ် သင်တန်းများသို့ပို့ဆောင်

by

in

ဧရာ၀တီတိုင်းမှ စစ်မှုထမ်းစုဆောင်းခံရသောလူငယ်များကို အပါတ်စဥ် ၁၄ အဖြစ် သင်တန်းများသို့ပို့ဆောင်
ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် စုဆောင်းထားရှိသော လူငယ်များကို ပြည့်သူစစ်မှုထမ်းအမှတ်စဥ် ၁၄ အဖြစ် ဇွန် ၁၄ ရက်က သင်တန်းများသို့ စတင်စေလွှတ်ခဲ့ကြောင်းသိရှိရသည်။
တိုင်းအတွင်းမှအဓမ္မစုဆောင်းထားသည့် လူငယ် ၂၀၀ ခန့်ရှိပြီး ဧရာ၀တီ ၊ရန်ကုန်၊ ပဲခူး စသည့် စစ်သင်တန်းကျောင်းများသို့
စစ်ကောင်စီမှ လုံခြုံရေးရယူကာ ညနေပိုင်းတွင် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
“ခုက ပေါ်တာဆွဲခံရတဲ့သူရယ် အုပ်ကြီးတွေကိုငွေပေးပြီး အခြားဒေသက ငွေယူပြီးလိုက်တဲ့သူရယ်များတယ်”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သင်တန်းတက်ရောက်မည့်သူများကို ဧရာ၀တီတိုင်း၀န်ကြီးချုပ်နှင့်စစ်တိုင်းမှူးမှ လာရောက်တွေ့ဆုံကြောင်း စစ်ကောင်စီပိုင်မီဒီယာများမှ သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတွင် တပ်သားအင်အားလိုအပ်ချက်များလာသောကြောင့် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က လည်း အပါတ်စဉ် ၁၃ ကို စတင်သင်တန်းပေးခဲ့ပြီး တစ်လမပြည့်ခင်မှာပင် ယခုသင်တန်းအပတ်စဉ် ၁၄ ကို ထပ်မံခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ယခင်စစ်မှုထမ်းသင်တန်းတက်ရောက်ပြီး ရှေ့တန်းတွင်သေဆုံးမှုများသဖြင့် ထွက်ပြေးတိမ်းရှောင်သူများလာသောကြောင့်
ရပ်ကွက်နှင့်ကျေးရွာများတွင် အကြောင်းမကြားပဲ ခေါ်ယူခံရသူများနှင့် ငွေယူပြီးလူစားထိုးခံရသူ များပြားလာကြောင်းသိရှိရသည်။