Category: News
-
မင်းအောင်လှိုင်လက်ထက် မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံးသော အာရှနိုင်ငံ ၁၀ ခုစာရင်းတွင် တတိယ နေရာချိတ်
မင်းအောင်လှိုင်လက်ထက် မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံးသော အာရှနိုင်ငံ ၁၀ ခုစာရင်းတွင် တတိယ နေရာချိတ် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်တွင် မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံးသော အာရှနိုင်ငံ ၁၀ ခုစာရင်းတွင် တတိယနေရာ ရရှိကြောင်း World Population Review ၏ အစီရင်ခံထုတ်ပြန်ချက်အရ သိရှိရသည်။ အာရှဒေသသည် ကြီးမားကျယ်ပြန့်သော စီးပွားရေးအခွင့်အလမ်းများစွာရှိသော်လည်း အချို့သောနိုင်ငံများသည် ဆင်းရဲမွဲတေမှုကြောင့် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ အဆင်းရဲဆုံးနိုင်ငံများတွင် လူတစ်ဦးချင်း၏တစ်နှစ် GNI per capita (Gross National Income) ဝင်ငွေမှာ နိမ့်ကျနေကြောင်း အစီရင်ခံစာက ဆိုသည်။ World Population Review အစီရင်ခံစာအရ…
-
သန့်ရှင်းမှုအားနည်းသဖြင့် ရန်ကုန်တွင် အသည်းရောင်ရောဂါ Hepatities A ဗိုင်းရပ်စ်ကူးစက်မှုပျံ့နှံ့
သန့်ရှင်းမှုအားနည်းသဖြင့် ရန်ကုန်တွင် အသည်းရောင်ရောဂါ Hepatities A ဗိုင်းရပ်စ်ကူးစက်မှုပျံ့နှံ့ ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၂၈ ရက် ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းနေသော ရန်ကုန်မြို့တွင် အသည်းရောဂါ Hepatities A ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားကာပျံ့နှံ့နေကြောင်း မြန်မာအသည်းဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာခင်ပြုံးကြည်က ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော Mercury Variety တွင်အသိပေးပြောကြားထားသည်။ မြန်မာနိုင်ငံတွင်အသည်းရောင်ရောဂါ ( သို့) အသည်းရောင်းအသားဝါရောဂါဗိုင်းရပ်စ်ပိုး A,B,C,D,E ငါးမျိုးထဲမှ A,B,C နှင့် E ဗိုင်းရပ်စပ်က ပိုမိုဖြစ်ပွားလေ့ရှိကာ ယင်းငါးမျိုး၏ ရောဂါလက္ခဏာတူညီသဖြင့် ရောဂါပိုးရှိ၊ မရှိကို သွေးစစ်ကြည့်မှသိနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းအပါအဝင် ရေမသန့်ရှင်းမှုနှင့် အစားအသောက်မသန့်ရှင်းမှုများကြောင့် ရောဂါကူးစက်မှုဖြစ်ပွါးကြောင်း သိရသည်။ “မစင်ကနေ အဓိကကူးတယ်။ အိမ်သာထွက်ပြီးလက်သေချာဆေးဖို့လိုတယ်။ ပိုးက လက်မှာလေးနာရီ လောက်အနည်းဆုံးရှင်နေတယ်။ လက်သေချာမဆေးတဲ့သူက အခြားစားသောက်စရာတွေပြင်မယ်ဆိုရင် ပိုးက…
-
တနင်္သာရီမြို့နယ်မှ ခမရ ၅၅၈ တပ်နှင့် ငါန်းဇွန်ရှိ စစ်တပ် စစ်ကြောင်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်
တနင်္သာရီမြို့နယ်မှ ခမရ ၅၅၈ တပ်နှင့် ငါန်းဇွန်ရှိ စစ်တပ် စစ်ကြောင်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ခမရ ၅၅၈ တပ်ရင်းနှင့် လုံခြုံရေးကင်းယူထားသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ နှင့် ဖေဖော်ဝါရီ ၁၆ ရက်နေ့တို့တွင် လယ်တောင်ယာရွာ အနီး ကာကင်းယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက သွားရေဦက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း လယ်တောင်ယာရွာ…
-
မကွေး-စစ်ကိုင်းတိုင်းအစပ် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ ▪️စစ်ကောင်စီမှ သေဆုံးသူနှင့် အရှင်ဖမ်းမိသူများရှိကာ လက်နက်များပါ သိမ်းဆည်းရရှိဟုဆို
မကွေး-စစ်ကိုင်းတိုင်းအစပ် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ ▪️စစ်ကောင်စီမှ သေဆုံးသူနှင့် အရှင်ဖမ်းမိသူများရှိကာ လက်နက်များပါ သိမ်းဆည်းရရှိဟုဆို ရဲခေါင်/People’s Spring မကွေးနှင့် စစ်ကိုင်းတိုင်း ဒေသအစပ် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူနှင့် အရှင်ဖမ်းမိသူများရှိကာ လက်နက်များပါ သိမ်းဆည်းရရှိကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ပြောသည်။ ရေစကြိုမြို့နယ်မှ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၆ ရက် နေ့လည်ပိုင်းကစပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ တိုက်ခိုက်နေခြင်းဟု သိရသည်။ “အဲဒီစကစ စစ်ကြောင်း လုံးလုံး ပိတ်မိသွားတာ။ ဂျက်တွေနဲ့ရော ရဟတ်ယာဥ်နဲ့ပါ စစ်ကူလာပေးရတယ်။ အခုထိလည်း တိုက်ပွဲက မပြီးသေးဘူးကြားတယ်”ဟု ရေစကြိုမြို့အခြေစိုက်စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။ ထို့အတူ ရေစကြိုနှင့် မြိုင်မြို့နယ်ဒေသအစပ်၌ တိုက်ပွဲ…
-
NUG ဝန်ကြီးချုပ်၏ ရန်ကုန်နှင့်ပဲခူးဒေသ စိုးမိုးရေး မိန့်ခွန်းကြောင့် အမြန်လမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် မြို့များတွင် စစ်တပ်က လုံခြုံရေး အထူးတိုးမြှင့်ခဲ့သော်လည်း ကင်းစခန်းငယ်များ အတိုက်ခံလိုက်ရ
NUG ဝန်ကြီးချုပ်၏ ရန်ကုန်နှင့်ပဲခူးဒေသ စိုးမိုးရေး မိန့်ခွန်းကြောင့် အမြန်လမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် မြို့များတွင် စစ်တပ်က လုံခြုံရေး အထူးတိုးမြှင့်ခဲ့သော်လည်း ကင်းစခန်းငယ်များ အတိုက်ခံလိုက်ရ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်၍ ရန်ကုန်-မန္တလေး အမြန်လမ်း၊ လမ်းဟောင်းနှင့် ပဲခူး-ရန်ကုန်တိုင်းအစပ်များတွင် လုံခြုံ ရေး အထူးတိုးမြှင့်ခဲ့သော်လည်း ကင်းစခန်းငယ်များကို အလစ်အငိုက် ဝင်ရောက် တိုက်ခံရကြောင်း စစ်တပ်အတွင်း ပေးပို့ထားသော ကြေးနန်းများကို ကိုး ကား၍ နေပြည်တော်တပ်သတင်း ရင်း မြစ်က ပြောဆိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ရန်ကုန်နှင့်ပဲခူးဒေသ စိုးမိုးရေးအတွက် PDF တပ်များသို့ ပြောကြားသည့် တပ်ထွက် မိန့်ခွန်းကို NUG က ဖေဖော်ဝါရီလ ၂၃ ရက်နေ့…
-
သာပေါင်းတွင် တကျော့ပြန်တိုက်ပွဲပြင်းထန်
ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်(AA) ဦးဆောင်သောပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ် တိုက်ပွဲတကျော့ပြန် ပြင်းထန်နေကြောင်းဒေသခံနှင့် စစ်ရေးသတင်းရင်းမြစ်များကပြောသည်။ ကဖေး/People’s Spring ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်(AA) ဦးဆောင်သောပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ် တိုက်ပွဲတကျော့ပြန် ပြင်းထန်နေကြောင်းဒေသခံနှင့် စစ်ရေးသတင်းရင်းမြစ်များကပြောသည်။ ဖေဖော်ဝါရီလ၂၇ရက် နံနက်အ စောပိုင်းမှစ၍ သာပေါင်းမြို့နယ်ရှိကျေးရွာအချို့တွင် တိုက်ပွဲများပြင်းထန်နေသည်ဟု ဒေသခံများကပြောသည်။ “AAနဲ့ PDFက ထိုးစစ်ပြန်စပြီလို့ နားလည်ရတယ်။ အရင်ကဆို တစ်နေကုန်နီးပါးတိုက်ပွဲဖြစ်တာမျိုးမရှိဘူး။ အခုကကျတော့ ရပ်လိုက်နားလိုက်နဲ့ ဆက်တိုက်ကြီး” ဟုသာပေါင်းမြို့ခံတဦးက People’s Spring သို့ပြောသည်။ တိုက်ပွဲသည် ခွေးကုတ်ရွာ၊ ကင်ပွန်းချဉ်ရွာ၊ သာပေါင်းလေးရွာနှင့် အနန်းကုန်းရွာအနီးတွင်အနီးတွင် ဖြစ်ပွားနေခြင်းဖြစိသည်။ တိုက်ပွဲအတွင်းဒဏ်ရာရသူများကိုစစ်တပ်က သာပေါင်း၊ ရေကြည်နှင့် ပုသိမ်ဆေးရုံသို့ပို့ဆောင်နေကြောင်း ဒေသခံအချို့က ပြောသည်။ ၂၀၂၄ ဒီဇင်ဘာလ ၂၉ ရက်တွင် ရခိုင်ပြည်နယ်ဂွမြို့နယ်ကို AAက သိမ်းယူပြီးနောက် ဧရာဝတီ-ရခိုင်နယ်စပ်ဒေသများဖြစ်သည့် သာပေါင်း၊ ရွှေသောင်ယံမြို့တို့တွင်…
-
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် မှောင်ခိုပစ္စည်းဖမ်းဆီးခြင်းထက်ပိုမိုကျယ်ပြန့်ဟု နစကဒုဥက္ကဋ္ဌပြော
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် မှောင်ခိုပစ္စည်းဖမ်းဆီးခြင်းထက်ပိုမိုကျယ်ပြန့်ဟု နစကဒုဥက္ကဋ္ဌပြော တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဟာ မှောင်ခိုပစ္စည်းဖမ်းဆီးတာထက် ပိုမိုကျယ်ပြန့်တယ်ဆိုတာကို တာဝန်ရှိသူတွေက သိရှိပြီး မိမိတို့ရဲ့ဝန်ထမ်းတွေကို ဦိးဆောင်စည်းရုံးကာ ဆောင်ရွက်စေလိုတယ်လို့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။ ဖေဖော်ဝါရီ၂၇ရက်ကပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဦးဆောင်ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အခုလိုပြောကြားလိုက်တာပါ။ နိုင်ငံရဲ့ ပထဝီအနေအထားအရတရားမဝင် ဝင်ထွက်ပေါက်တွေကို ထိန်းချုပ်ဖို့ခက်ခဲပေမယ့် ဝင်ပေါက်တွေကို ထိန်းချုပ်နိုင်တဲ့ အဓိကကျတဲ့ လမ်းကြောင်း/နေရာတွေရှိပြီး အဲ့ဒီနေရာတွေမှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေရဲ့ သစ္စာရှိမှု၊ ရိုးသားမှု၊ ကိုယ်ချင်းစာမှုနဲ့ နိုင်ငံရဲ့စီးပွားရေးကို အထောက်အကူပြုမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဆောင်ရွက်မယ်ဆိုရင် အခုထက်ပိုမိုဖမ်းဆီးဖော်ထုတ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နယ်စပ်ဂိတ်တွေအနီးရှိ ဂိုဒေါင်တွေမှာလည်း တရားမဝင်ကုန်ပစ္စည်းတွေကို သိမ်းဆည်းပြီး ဖြန့်ချိတာတွေလည်းရှိတဲ့အတွက် ဖော်ထုတ်ဖမ်းဆီးအရေးယူဖို့လိုတယ်လို့ ပြောပါတယ်။ တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးရမိတဲ့တန်ဖိုးတွေအနေနဲ့ ၂၀၂၂ခုနှစ်မှာ ၆၅ဘီလီယံ၊ ၂၀၂၃ခုနှစ်မှာ ၁၃၅ဘီလီယံကျော်၊…
-
ကိုးကန့် MNDAA ၏ စစ်သုံ့ပန်းဘ၀မှ စစ်ကိုင်းတိုင်းမှူးဖြစ်လာသော ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါလာသည့် ကားတန်း မိုင်းဆွဲ တိုက်ခိုက်ခံရ
ကိုးကန့် MNDAA ၏ စစ်သုံ့ပန်းဘ၀မှ စစ်ကိုင်းတိုင်းမှူးဖြစ်လာသော ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါလာသည့် ကားတန်း မိုင်းဆွဲ တိုက်ခိုက်ခံရ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ အိမ်စီးကားများဖြင့် ပြန်လာသည့် စစ်ကိုင်းတိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါသောကားတန်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ဖေဖော်ဝါရီလ ၂၅ ရက် ည ၇ နာရီ ၁၅ မိနစ်က မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာတွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ အိမ်စီးကား ၅ စီးဖြင့်…
-
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ကို ဝရမ်းထုတ်မှု ပြန်သုံးသပ်ဖို့ NLD တိုက်တွန်း ~~~
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ကို ဝရမ်းထုတ်မှု ပြန်သုံးသပ်ဖို့ NLD တိုက်တွန်း ~~~ ■ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်မှုအပေါ် တရားရုံးအနေနဲ့ ပြန်လည်သုံးသပ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အရပ်သားအစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာခဲ့ရပြီး စစ်တပ်ဟာ အရပ်သားအစိုးရ လက်အောက်မှာ ရှိမနေဘူးလို့ ဆိုပါတယ်။ စစ်ခေါင်းဆောင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချထားတာကိုကြည့်ရင် အရပ်သားအစိုးရအောက်မှာ ရှိမနေတာကို တွေ့မြင်ရမှာဖြစ်တယ်လို့ NLD က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို စစ်တပ်ရဲ့ စနစ်တကျကျူးလွန်မှုတွေအပေါ် တာဝန်ရှိသူတွေဆိုပြီး…
-
စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်မထုတ်တော့ဘဲ မြန်မာ ကြူအာ (MMQR) ငွေပေးငွေယူ စနစ်ကို စတင်လိုက်ပြီး ဘတ်ဂျက်လိုငွေပြမှုနှင့် စီမံကိန်းအသုံးစရိတ်များတွင် ဒီဂျစ်တယ်ငွေကြေး အစားထိုးသုံးမည်
စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်မထုတ်တော့ဘဲ မြန်မာ ကြူအာ (MMQR) ငွေပေးငွေယူ စနစ်ကို စတင်လိုက်ပြီး ဘတ်ဂျက်လိုငွေပြမှုနှင့် စီမံကိန်းအသုံးစရိတ်များတွင် ဒီဂျစ်တယ်ငွေကြေး အစားထိုးသုံးမည် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်ထုတ်ရန် မလိုအပ်တော့သည့် ဒီဂျစ်တယ်ငွေပေးချေမှု မြန် မာ ကြူအာ (MMQR)စနစ်ကို စတင်အသုံးပြုပြီး ဘတ်ဂျက်လိုငွေပြမှု ၊စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏ လစာ အပါအဝင်နိုင်ငံတော်ပရောဂျက်များ၏ အသုံးစရိတ်အထိ ယင်းစနစ်ကို သုံးမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာကြူအာ (MMQR)စနစ်ကို NLD အစိုးရလက်ထက်က စတင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ချက်ချင်းအကောင်အထည်ဖော်ရန် တွန်းအားပေးခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မင်းအောင်လှိုင်ကိုယ်တိုင်…