မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့် ၂ ဦး အပါအဝင် စစ်အရာရှိ ၁၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီး ၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ

by

in

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့် ၂ ဦး အပါအဝင် စစ်အရာရှိ ၁၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီး ၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ
ရန်ကုန်၊ ဇွန် ၆

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့် ၂ ဦး အပါအဝင် စစ်အရာရှိ ၁၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီး ၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း တော်လှန်ရေးတပ်များ၏ ထုတ်ပြန်ချက်နှင့်ရန်ကုန်ခေတ်သစ်သတင်းဌာန၏ စုစည်းထားသော သတင်းအချက်အလက်များအရ သိရှိရသည်။
မေလအတွင်း စစ်ကောင်စီတပ်မှ အရာရှိနှင့်စစ်သည်အများအပြား တိုက်ပွဲအတွင်း သေဆုံးခြင်း၊ ဗန်းမော်တွင် ရဟတ်ယာဉ် ၂ စီးပစ်ခတ်ခံရပြီး ပျက်ကျ၍ စစ်တပ်မှ အရာရှိနှင့်စစ်သည်အများအပြား သေဆုံးခြင်း အပါအဝင် အရေအတွက်အားဖြင့် များစွာ သေဆုံးခဲ့သော်လည်း ထိပ်ပိုင်းစစ်အရာရှိကြီးနှင့်ထင်သာမြင်သာရှိသော အရာရှိငယ်များ၏ သေဆုံးမှုစာရင်းများကို ပြန်လည်ပြုစုရာတွင် ဗိုလ်မှူးချုပ်အဆင့် ၂ ဦး အပါအဝင် စစ်အရာရှိ ၁၇ ဦးသေဆုံးပြီး ၁ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိမှုကို မှတ်တမ်းတင်နိုင်ခြင်းဖြစ်သည်။
ကရင်နီပြည်၊ ဘောလခဲတိုက်ပွဲတွင် မေ ၆ ရက်နေ့ စစ်ကောင်စီတပ်ဘက်မှ တပ်မ ၆၆ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်သက် (ခ) အုန်းဖေ (DSA-၄၄)သည် သေဆုံးသွားခဲ့သည်။
မေလ ၈ ရက်နေ့ ပဲခူးတိုင်း၊ ရွှေကျင်မြိုနယ်၊ ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို KNLA၊ SOF၊ PDF၊ ပကဖ၊ local PDF နဲ့ ဒရုန်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်မှ တပ်ထောက် ဗိုလ်ကြီး ရှိုင်းပြည့်အောင် သေဆုံးသွားခဲ့သည်။
ထို့ပြင် မေလ ၁၈ ရက်နေ့ တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်များက ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာတွင် ဒုတိယဗိုလ်မှူးကြီး ၂ ဦးနှင့် ဗိုလ်ကြီး ၂ ဦးသေဆုံးခဲ့ရသည်။အလားတူပင် မေလ ၁၉ ရက်နေ့ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ တပ်မတော်(ကြည်း) သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်မှူး ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာပို့သော စစ်တပ် ရဟတ်ယာဉ် ၂ စီးကို KIA က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးမှာ ရွှေကူမြို့နယ်အတွင်း ပျက်ကျသွားခဲ့ပြီး လေယာဉ် ရဟတ်ယာဉ်မှူး ဗိုလ်ကြီး မျိုးထက်အောင် အပါအဝင် လေတပ်အရာရှိ ၃ ဦး၊ စစ်ဗျူဟာမှူး အပါအဝင် စစ်သား ၁၉ ဦးသေဆုံးခဲ့ရသည်။
ထို့အတူ မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်အချန် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ယမ်စီ ဝမ်ပေါင်မှ ကြေးနီတွဲကား အကာအကွယ်ဖြင့် လုံခြုံရေး ယူဖို့ ထွက်လာရန် စစ်တပ်ကို ယင်းမာပင်မြို့နယ် အစပ်ရှိ မြောက်ယမာ တံတားတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဉာဏ်ထွန်း အပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့သည်။
မေလအတွင်း ထူးခြားဖြစ်စဉ်အဖြစ် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင် မေလ ၂၂ ရက်နေ့ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ ဗိုလ်မှူးချုပ်မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
ရခိုင်ပြည်နယ်တွင်လည်း မေလ ၂၆ ရက်နေ့ ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း တပ်မ ၁၁ ဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်မျိုးအောင်မှာ AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။ အလားတူပင် AA ပစ်ခတ်မှုကြောင့် ကျောက်ဖြူတိုက်ပွဲတွင် ခမရ ၅၄၃ မှ ဗိုလ်ကြီး ၁ ဦးမှာလည်း သေဆုံးခဲ့ရသည်။
စစ်အရာရှိကြီးတစ်ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိမှုအဖြစ် မေလ ၃၀ ရက်နေ့ ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ နယ်၊ မင်းတက်တောင်ကျေးရွာတိုက်ပွဲတွင် တိုင်းစစ်ဦးမှူး-ပထမတန်း G 1ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်ကို စစ်သုံ့ပန်းအဖြစ် AA က ဖမ်းဆီးရရှိခဲ့သည်။