သေ့ဘောဘိုးစခန်းသိမ်းပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တော်လှန်ရေးပူးပေါင်းတပ်များကို အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

by

in

သေ့ဘောဘိုးစခန်းသိမ်းပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တော်လှန်ရေးပူးပေါင်းတပ်များကို အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)
ဇွန် ၅၊ ၂၀၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။
သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို K.N.L.A ပူး‌ပေါင်းတပ်တွေ၊ အမှတ် (၃၂) ဗျူဟာ လက်အောက်ခံ ကော်ဘရာစစ်ကြောင်း၊ Venom စစ်ကြောင်း၊ ကျားသစ်နက်စစ်‌ကြောင်း၊ Federal Wing ဒရုန်းတပ်ဖွဲ့နဲ့ Justice Soldierတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ သေ့ဘောဘိုး၊ ပူပူလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ၊ မယ်လစခန်း၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနဲ့ ရွှေအေးမြိုင်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။
Video- Htin Linn

မြန်မာ-ထိုင်း နယ်စပ်ရှိ ဘလယ်ဒိုစခန်းနှင့် သေ့ဘောဘိုးစခန်း တို့ကို အပြီးသတ် တိုက်ခိုက်ချေမှုန်းခဲ့သော KNLAနှင့် PDF ရဲဘော်များကို ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို
ရန်ကုန်၊ ဇွန် ၅
မြန်မာ-ထိုင်း နယ်စပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘလယ်ဒိုစခန်းနှင့် သေ့ဘောဘိုးစခန်း တို့ကို အပြီးသတ် တိုက်ခိုက်ချေမှုန်းခဲ့သော KNLAနှင့် PDF ရဲဘော်များကို ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ဘလယ်ဒိုစခန်းနှင့် သေ့ဘောဘိုးစခန်း တို့ကို အပြီးသတ် တိုက်ခိုက်ချေမှုန်းခဲ့သော KNLA နှင့် PDF ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့ဝင်များကို ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကော့ကရိတ်မြို့နယ်၊ မြန်မာ – ထိုင်း နယ်စပ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ဘလယ်ဒိုစခန်းကို မေလ ၂၃ ရက်နေ့နှင့် သေ့ဘောဘိုးစခန်းကို ဇွန်လ ၃ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်ချေမှုန်းခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့သည်။