Category: News
-
ပြောက်ကျားဦးထုပ်ဆောင်းသူတွေက ရွယ်တူလူငယ်တွေကို အနိုင်ကျင့်တဲ့ရုပ်သံထွက်ပေါ်လာ ■ရုပ်သံကြည့်ပြီးပြည်သူအများစုဒေါသထွက်
ပြောက်ကျားဦးထုပ်ဆောင်းသူတွေက ရွယ်တူလူငယ်တွေကို အနိုင်ကျင့်တဲ့ရုပ်သံထွက်ပေါ်လာ ■ရုပ်သံကြည့်ပြီးပြည်သူအများစုဒေါသထွက် ဇွန်-၁၂၊၂၀၂၅။မေရီ/People’s Spring ပြောက်ကျားဦးထုပ်ဆောင်းထားတဲ့ လူငယ်တွေက ရွယ်တူလူငယ်တွေကို လိုက်လံအနိုင်ကျင့်တဲ့ရုပ်သံထွက်ပေါ်လာပြီး ပြည်သူတွေ ဒေါသထွက်နေကြပါတယ်။ မန္တလေးမှာဖြစ်ပွားခဲ့တဲ့ အဲဒီရုပ်သံမှာ လူငယ်လေးယောက်စီးလာတဲ့ ဆိုင်ကယ်နောက်ကို စစ်ကောင် စီရဲ့ ပြောက်ကျားလျှာထိုးဦးထုပ်ဆောင်းထားတဲ့အရပ်ဝတ်လူငယ်တစ်ယောက်က “စစ်ကြောရေးအကုန်ထည့်မှာ”လို့ ပြောပြီး ဆဲဆိုကာ ဆိုင်ကယ်နှစ်စီးနဲ့ လိုက်ပါတယ်။ နောက်ထပ်လည်း ဦးထုပ်ဆောင်းထားတဲ့လူငယ်တဦးဟာ အခြားတဦးနဲ့အတူ လူငယ်လေးယောက်ဆိုင်ကယ်နောက်ကို လိုက်ခဲ့ကြပါတယ်။ တနေရာမှာတော့ လူငယ် ၄ ယောက်ကို မိသွားပြီး စစ်ကောင်စီပြောက်ကျား စစ်သားနဲ့ ပျူစောထီးတွေဆောင်းလေ့ရှိတဲ့ ပြောက်ကျားဦးထုပ်ဆောင်းထားတဲ့ လူငယ်တစ်ယောက်က ဦးဆောင်ပြီး လူ ငယ်လေးယောက်ကို ပါးတွေရိုက်၊ ခြေထောက်တွေနဲ့ကန်၊ ဖိနပ်တွေနဲ့ အချက်ပေါင်းများစွာ ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခဲ့ကြပါတယ်။ “ဘာကောင်မှန်းမသိဘဲ ဆဲတာလား”လို့လည်း ဦးထုပ်နဲ့တယောက်က ပြောရင်း ခြေထောက်တွေနဲ့ ကန်ခဲ့တာ တွေ့ရပါတယ်။…
-
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ရှိ ဇေယျာ၀တီမြို့ ဘူတာရုံ၊ သကြားစက်နှင့်ဆားဂွန်းဂိတ်တို့တွင် တပ်စွဲထားသော စစ်တပ်ကို တိုက် ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ကား ၂ စီး သိမ်းဆည်းရရှိ
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ရှိ ဇေယျာ၀တီမြို့ ဘူတာရုံ၊ သကြားစက်နှင့်ဆားဂွန်းဂိတ်တို့တွင် တပ်စွဲထားသော စစ်တပ်ကို တိုက် ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ကား ၂ စီး သိမ်းဆည်းရရှိ ရန်ကုန်၊ ဇွန် ၁၂ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဇေယျာ၀တီမြို့ ဘူတာရုံ၊ သကြားစက်နှင့်ဆားဂွန်းဂိတ်တို့တွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ကား ၂ စီး သိမ်းဆည်းရရှိကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဇွန်လ ၁၀ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် ပဲခူးတိုင်း၊တောင်ငူခရိုင်၊ဖြူးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဇေယျဝတီမြို့ ဘူတာရုံနှင့်ဇေယျဝတီမြို့ အရှေ့ဘက် သကြားစက်တို့တွင် ကင်းပုံးချထားသော…
-
ကုလသမဂ္ဂနှင့်အာဆီယံက စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်ရန် ထပ်ခါတလဲလဲ တောင်းဆိုသည့်ကြားမှ မြန်မာနိုင်ငံအခြေ အနေ ပိုမို ဆုတ်ယုတ်လာပြီး ပြည်သူ၏ ဒုက္ခဆင်းရဲမှု အဆိုးရွားဆုံးဖြစ်လာ
ကုလသမဂ္ဂနှင့်အာဆီယံက စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်ရန် ထပ်ခါတလဲလဲ တောင်းဆိုသည့်ကြားမှ မြန်မာနိုင်ငံအခြေ အနေ ပိုမို ဆုတ်ယုတ်လာပြီး ပြည်သူ၏ ဒုက္ခဆင်းရဲမှု အဆိုးရွားဆုံးဖြစ်လာ ရန်ကုန်၊ ဇွန် ၁၂ ကုလသမဂ္ဂနှင့်အာဆီယံတို့က စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သော်လည်း မြန်မာနိုင်ငံအခြေအနေမှာ ပိုမို ဆုတ်ယုတ်လာပြီး ပြည်သူ၏ ဒုက္ခဆင်းရဲမှုမှာ အဆိုးရွားဆုံးဖြစ်လာနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ ဇွန်လ ၁၀ ရက်နေ့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မှ အထွေထွေညီလာခံ မျက်နှာစုံညီ အလွတ်သဘောအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူသားစာနာနှင့် လူ့အခွင့်အရေး…
-
ပညာရေးအားနည်း၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြဟု စစ်ခေါင်းဆောင်ပြော
ပညာရေးအားနည်း၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြဟု စစ်ခေါင်းဆောင်ပြော ဧရာဝတီ၊ ဇွန် ၁၂၊ ၂၀၂၅ နိုင်ငံအတွင်း ဖြစ်ပွားနေသော မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များသည် ပညာရေးအားနည်းသည့် ဒေသများ၌ ပိုမိုဖြစ်ပွားပြီး အတန်းပညာတတ်မြောက်မှုနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှု လုပ်ရပ်များ လုပ်ဆောင်လာကြခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၁၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိစဉ် ပြောသည်။ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ပညာရေးအားနည်းနေသဖြင့် တိုင်းပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ မြင့်မားစေရေး အတွက် ဆရာ၊ ဆရာမက စနစ်တကျသင်ကြားပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် KG + 12 ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်ပတ်သက်ပြီး အခြေခံ သိရှိစေရေးအတွက်…
-
မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်း ကြောင်းဆီ ဦးတည်နေတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်ဆို ■နိုင်ငံရေးခေါင်းဆောင်အများအပြားကိုစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အခြေအနေမျိုးမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အစုအဖွဲ့ပေါင်းစုံ ပါဝင်ပါတယ်ဆိုတာကို စဉ်းစားပုံဖော်ကြည့်လို့တောင်မဖြစ်နိုင်ကြောင်း ဘိရှော့ပြော
မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်း ကြောင်းဆီ ဦးတည်နေတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်ဆို ■နိုင်ငံရေးခေါင်းဆောင်အများအပြားကိုစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အခြေအနေမျိုးမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အစုအဖွဲ့ပေါင်းစုံ ပါဝင်ပါတယ်ဆိုတာကို စဉ်းစားပုံဖော်ကြည့်လို့တောင်မဖြစ်နိုင်ကြောင်း ဘိရှော့ပြော ဇွန်-၁၂၊၂၀၂၅။People’s Spring မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်း ကြောင်းဆီ ဦးတည်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့က ပြောကြားခဲ့ပါတယ်။ ဇွန်လ ၁၀ ရက်နေ့တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံဆီ တင်ပြတဲ့အစီရင်ခံမှုမှာဘိရှော့က ပြည် တွင်းစစ်သာ ဆက်လက် ရှည်ကြာနေမယ် ဆိုရင် မြန်မာနိုင်ငံဟာ အလုံးစုံ ပျက်စီးသွားလိမ့်မယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး၊ ပဋိပက္ခတွေ အရှိန်လျှော့ချရေး၊ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို မျက် နှာမူရေးအတွက်…
-
မြန်မာနိုင်ငံတွင် မတည်မငြိမ်သည့်နေရာများမှာ ပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီး ပညာတတ်မြောက်မှု အားနည်းခြင်းနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်း၍ အကြမ်းဖက်မှုများလုပ်နေဟု မင်းအောင်လှိုင် ပြောပြန်
မြန်မာနိုင်ငံတွင် မတည်မငြိမ်သည့်နေရာများမှာ ပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီး ပညာတတ်မြောက်မှု အားနည်းခြင်းနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်း၍ အကြမ်းဖက်မှုများလုပ်နေဟု မင်းအောင်လှိုင် ပြောပြန် ရန်ကုန်၊ ဇွန် ၁၂ မြန်မာနိုင်ငံတွင် မတည်မငြိမ်သည့်နေရာများ ပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီး အတန်းပညာတတ်မြောက်မှု အားနည်းခြင်းနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်း၍ အကြမ်းဖက်မှုများလုပ်နေခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန်သည်။ ယမန်နေ့ ပြင်ဦးလွင်မြို့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည်ဆိုပါက ပညာရေး အားနည်းသည့်ဒေသများတွင် ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အတန်းပညာတတ်မြောက်မှုအားနည်းခြင်းနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင် လာကြခြင်းဖြစ်ပြီး ဒေသနှင့်ဒေသခံများ၏ လူမှုဘ၀စီးပွားများကိုပါ ထိခိုက်လာစေကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။ ထို့ပြင်…
-
သံတွဲမှ စစ်ရှောင်ပြီးရန်ကုန် မရမ်းကုန်းထွေအုပ်ရုံးမှာ တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ရုံးစာရေး သတ်ဖြတ်ခံရ
ပိုးဝါ၊ နိရဥ္စရာ၊ ဇွန် ၁၁/၂၀၂၅ ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ စစ်ဘေးရှောင်ပြီး ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးမှာ တွဲဖက်တာဝန်ထမ်းဆောင်နေသည့် အငယ်တန်းစာရေး တစ်ဦးဓားဖြင့်ထိုးသတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ ၁၁ ရက်၊ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင်မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးမှာ အခင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် အငယ်တန်းစာရေး ကိုအောင်မြင့်မြတ်ဖြစ်ပြီးအသက် ၅၀ ကျော်အရွယ် ရုံးအကူ ဦးကျော်စိုးမင်းက ဓါးဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။ “သူတို့က ရုံးမှာပဲ အတူနေကြတာ။အဲ့ဒီရုံးအကူဦးလေးက ဗိုလ်မှူးနောက်က လိုက်နေတဲ့လူ။ မနေ့ကလည်း အဲ့ဒီဦးလေးကအသတ်ခံရတဲ့အကိုကို လိုက်ရှာနေတယ်လို့တော့ ပြောကြတယ်။ပြသနာတွေတော့ရှိပုံရတယ်။ ဒီမနက်မှာ ရုံးထဲမှာပဲထိုးတာ။ အထိုးခံရတဲ့အကိုက ဇောနဲ့ထိုးတဲ့လူနောက်လိုက်တာနေမယ်။ ရုံးပေါက်ဝနားရောက်တော့ လဲသွားပြီးဆုံးသွားတာ” ဟု အမည်မဖော်လိုသည့် ရုံးဝန်ထမ်းတစ်ဦးက…
-
ပုလဲမြို့နယ်တွင် ပစ်ချခံလိုက်ရသည့် တိုက်လေယာဉ်မှာ တရုတ်ထုတ် Chengdu F-7M ခေတ်ဟောင်းလေယာဉ်အမျိုးအစားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သန်းခွဲ တန်ကြေးရှိ၊ စစ်တပ်တွင် တိုက်လေယာဉ်ဟောင်းများ ထုတ်သုံးခုခံရသည်အထိ အခြေအနေဆိုးရွားမှု ပေါ်လွင်စေဟုဆို
ပုလဲမြို့နယ်တွင် ပစ်ချခံလိုက်ရသည့် တိုက်လေယာဉ်မှာ တရုတ်ထုတ် Chengdu F-7M ခေတ်ဟောင်းလေယာဉ်အမျိုးအစားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သန်းခွဲ တန်ကြေးရှိ၊ စစ်တပ်တွင် တိုက်လေယာဉ်ဟောင်းများ ထုတ်သုံးခုခံရသည်အထိ အခြေအနေဆိုးရွားမှု ပေါ်လွင်စေဟုဆို ရန်ကုန်၊ ဇွန် ၁၂ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် PLA က ပစ်ချလိုက်၍ ပျက်ကျခဲ့သော စစ်တပ် တိုက်လေယာဉ်မှာ တရုတ်ထုတ် Chengdu F-7M ခေတ်ဟောင်းလေယာဉ်အမျိုးအစားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သန်းခွဲ တန်ကြေးရှိကြောင်း တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က စစ်တပ်၏တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း၊…
-
မူဆယ် ၁၀၅ မိုင်တွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အခွန်ကောက်ခံမည်ဖြစ်ပြီး ကုမ္ပဏီများနှင့်ကုန်တင်ယာဉ်များ တရားဝင် မှတ်ပုံတင် အခွန်ဆောင်ရန် အသိပေးကြေညာ
မူဆယ် ၁၀၅ မိုင်တွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အခွန်ကောက်ခံမည်ဖြစ်ပြီး ကုမ္ပဏီများနှင့်ကုန်တင်ယာဉ်များ တရားဝင် မှတ်ပုံတင် အခွန်ဆောင်ရန် အသိပေးကြေညာ ရန်ကုန်၊ ဇွန် ၁၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်တွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တရားဝင် အခွန်ကောက်ခံမည်ဟု အသိပေးကြေညာထားကြောင်း မူဆယ်အခြေစိုက် နယ်စပ်ကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လာမည့် ဇူလိုင် ၁ ရက်နေ့မှစတင်၍ မူဆယ် ၁၀၅ မိုင် ကျင်းစန်းကျော်ဂိတ်တွင် မဟာမိတ်ညီနောင် ၃ ဖွဲ့၏ အကောက်ခွန်ဌာနက ကုန်သွယ်မှုအသွင်းအထုတ် ဂျူတီဆောင်နှုန်းများကို စီမံခန့်ခွဲမည်ဖြစ်ပြီး ကျင်းတာကုန်စည်ပို့ဆောင်ရေးဌာနက အဆိုပါလုပ်ငန်းစဉ်များကို စီမံခန့်ခွဲမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် တရုတ်-မြန်မာနယ် နယ်စပ်ဂိတ်ပေါက်များ ပိုမိုဖွင့်လှစ်လာသည်နှင့်အမျှ…
-
ရေနံချောင်းမြို့နယ်တွင် ၃ ရက်အတွင်း လူငယ် ၃၀ ကျော် စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရ
ရေနံချောင်းမြို့နယ်တွင် ၃ ရက်အတွင်း လူငယ် ၃၀ ကျော် စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရ ရန်ကုန်၊ ဇွန် ၁၁ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် ၃ ရက်အတွင်း လူငယ် ၃၀ ကျော် စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရသော လူငယ်များ မိဘဆွေမျိုးများနှင့် ဒေသပြည်သူများက ပြောဆိုသည်။ ယခုဇွန်လအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၁၄ အတွက် ရေနံချောင်းမြို့ပေါ်တွင် စစ်တပ်၊ရဲနှင့် ပျူစောထီးများကနေ့စဉ် လူငယ်များကို လိုက်လံ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရာတွင် လှည့်ကင်းဖြင့် ဖမ်းဆီးခြင်း၊ ဂိတ်ချ၍ ဖမ်းဆီးခြင်း စသည့် ပုံစံမျိုးဖြင့် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။ ဇွန်လ ၉ ရက်နေ့မှ ယနေ့ ဇွန်လ ၁၁ ရက်နေ့…