Category: News
-
မတ္တရာ၊စဉ့်ကူး၊ သပိတ်ကျင်းလမ်းပိုင်းအား မန္တလေး PDFက စစ်ရေးအရ ယာယီပိတ်
မတ္တရာ၊စဉ့်ကူး၊ သပိတ်ကျင်းလမ်းပိုင်းအား မန္တလေး PDFက စစ်ရေးအရ ယာယီပိတ် ဇေအောင်၊အိမ်သွင်/People’s Spring မန္တလေးတိုင်းရှိ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့လမ်းပိုင်းအား စစ်ရေးအခြေအနေများကြောင့် သွားလာမှုများ ယာယီကန့်သတ်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာ ၂၆ ရက်ကစ၍ မန္တလေး PDF၏ စိုးမိုးထိန်းချုပ်စိုးမိုးရာ ဒေသဖြစ်သော မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့လမ်းပိုင်းအား လက်တလောစစ်ရေးအခြေအနေများကြောင့် ယာယီ သွားလာမှုများအား စတင်ကန့်သတ်သွားမည်ဟု မန္တလေး PDFက ယနေ့(နိုဝင်ဘာ ၂၅ရက်)တွင် ထုတ်ပြန်သည်။ ထို့အပြင် မန္တလေး PDF၏ ထိန်းချုပ်စိုးမိုးဒေသများတွင် စစ်တပ်၏ ထုတ်ကုန်ပစ္စည်းများကို တင်သွင်းခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် အသုံးပြုခြင်းများကို တင်းတင်းကြပ်ကြပ် ပိတ်ပင်သွားမည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်မှုများ စိစစ်တွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထပ်မံအသိပေးသည်။ ” အခြေအနေက စစ်ရေးတင်းမာလာပါတယ်။စစ်ကောင်စီက…
-
နယ်မြေပေါ်အခြေစိုက်ထားတဲ့ စခန်းတွေ ဖယ်ခိုင်းလို့ ထိုင်းစစ်တပ်နဲ့ UWSA တို့ စစ်ရေးတင်းမာ
နယ်မြေပေါ်အခြေစိုက်ထားတဲ့ စခန်းတွေ ဖယ်ခိုင်းလို့ ထိုင်းစစ်တပ်နဲ့ UWSA တို့ စစ်ရေးတင်းမာ မဲခေါင်၊ နိုဝင်ဘာ ၂၅ ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်နယ်စပ်စည်းနား ထိုင်းစစ်တပ်နဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ နယ်မြေပြဿနာကြောင့် အတင်းမာဆုံးအခြေအနေရောက်ရှိနေပြီး UWSA ဘက်က လက်နက်ကြီးတွေ တပ်ဆင်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြောင်း ထိုင်း Khaosod မီဒီယာက ဖော်ပြပါတယ်။ မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေထဲ အင်အားအကြီးမားဆုံး တပ်ဖြစ်တဲ့ UWSA မယ့်ဟောင်ဆန် အနီး Doi Nong Luang နဲ့ Doi Hua Ma နေရာတွေအပြင် တခြား နေရာ ၅ ခုမှာ စစ်စခန်းတွေ အခြေချထားတာကို ထိုင်းဘက်က…
-
တရုတ်၏ ကြိုးပမ်းမှုနှင့် စစ်ဘေးဒဏ်သင့် ပြည်သူများကို ငဲ့ညှာမှုတို့ကြောင့် စစ်ရေးပဋိပက္ခများ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိဟု TNLA က ထုတ်ပြန်
တရုတ်၏ ကြိုးပမ်းမှုနှင့် စစ်ဘေးဒဏ်သင့် ပြည်သူများကို ငဲ့ညှာမှုတို့ကြောင့် စစ်ရေးပဋိပက္ခများ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိဟု TNLA က ထုတ်ပြန် ရန်ကုန်၊ နိုဝင်ဘာ ၂၅ တရုတ်အစိုးရ၏ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြိုးပမ်းမှု နှင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း တအာင်း TNLA က သတင်းထုတ်ပြန်သည်။ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်တပ်၏ လေကြောင်းစစ်ရေးအပါအဝင် ပြင်းထန်သည့် တိုက်ပွဲကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာ ခံစားနေရသည့် ဒေသပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍သော် လည်း ကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင်ကြိုးပမ်းဆောင် ရွက်နေသည့် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ သော်…
-
တောင်ကုတ်မြို့ထဲရှိ တပ်စခန်းများအားလုံးမှ စစ်ကောင်စီတပ်များအားလုံး ဆုတ်ခွာထွက်ပြေး၊ တောင်ကုတ်မြို့နှင့်စခန်းများကို AA က သိမ်းပိုက်ထိန်းချုပ်
တောင်ကုတ်မြို့ထဲရှိ တပ်စခန်းများအားလုံးမှ စစ်ကောင်စီတပ်များအားလုံး ဆုတ်ခွာထွက်ပြေး၊ တောင်ကုတ်မြို့နှင့်စခန်းများကို AA က သိမ်းပိုက်ထိန်းချုပ် ရန်ကုန်| နိုဝင်ဘာ ၂၅ ရခိုင်ပြည် တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ဆင်နွှဲနေပြီး စကခ ၅ တပ်မနှင့် တပ်ရင်းနှစ်ခုက လွဲပြီး တောင်ကုတ်မြို့ထဲက စစ်ကောင်စီတပ်စခန်းများ၊ အမြောက်စခန်းများကို ထိန်းချုပ်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တောင်ကုတ်မြို့နှင့် စကခ ၅ တပ်မကို အဓိက ကာရံထားသော ပန်းမြောက်တောင် အမြောက်စခန်း၊ သဲခံတောင် အမြောက်စန်း၊ တက္ကသိုလ်မောင်းတံဂိတ်၊ တောင်ကုတ်တက္ကသိုလ် အမြောက်စခန်း၊ ဆီးကိုင်တောင် (နတ်မော်) တပ်စခန်း၊ အာလိန်ငါးဆင့်ကျောင်းတိုက် တပ်စခန်းနှင့် ဖုံညိုစစ်ရေးဂိတ်တို့ကို AA က နိုဝင်ဘာလ အစောပိုင်းတွင် ထိန်းချုပ်ပြီးနောက် တောင်ကုတ်မြို့ထဲသို့ ဝင်ရောက်ထိုးစစ်ဆင်ခဲ့သည်။ အဆိုပါ…
-
တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပြန် နို၀င်ဘာ ၂၅၊၂၀၂၄
တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပြန် နို၀င်ဘာ ၂၅၊၂၀၂၄ တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်နေတဲ့စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်မှာကျရောက်တဲ့၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှာ မင်းအောင်လှိုင်ကပြောကြားလိုက်တာပါ။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည် ထောင်စုတစ်ဝန်းအေးချမ်းသာယာရေးနှင့် တ ရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးဟာ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ မင်းအောင်လှိုင်ကဆိုပြန်ပါတယ်။ နေ့စဉ်စစ်ကြောင်းထိုး တစ်နိုင်ငံလုံးကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့ အာဏာသိမ်းစစ်တပ်က ဆွေ့ဆုံညှိုနှိုင်းဆွေးနွေးရေးကသာ အဖြေဖြစ်တယ်လို့ဆိုပြန်ပါတယ်။ နားလည်မှုလွဲမှားခြင်းနဲ့ပဋိပက္ခမှုများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကပြောပါတယ်။ ငြိမ်ချမ်းရေး လိုလားတယ်ဆိုတဲ့ စစ်ကောင်စီဟာ လက်တွေ့မှာတော့ မြေပြင်မှာလက်လွှတ်လိုက်ရတဲ့ တိုင်းရင်းသားဒေသတွေကို ပြန်လည်သိမ်းပိုက်ဖို့ စစ်ကြောင်းထိုးတာ အင်အားဖြည့်တင်းတာ…
-
“တပ်ရင်းလိုက်ကြီး ပြုတ်သွားပြန်ပြီတဲ့..ဟေ့😋 ဖရဲသီး🍉သတင်းလေး အရမ်းချို😍”
“တပ်ရင်းလိုက်ကြီး ပြုတ်သွားပြန်ပြီတဲ့..ဟေ့😋 ဖရဲသီး🍉သတင်းလေး အရမ်းချို😍”
-
ရမည်းသင်းနှင့်တောင်ကြီးမြို့နယ်တို့တွင် လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်ပွားနေပြီး လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရ
ရမည်းသင်းနှင့်တောင်ကြီးမြို့နယ်တို့တွင် လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်ပွားနေပြီး လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရ ရန်ကုန်၊ နိုဝင်ဘာ ၂၅ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တို့တွင် လူငယ်များကို စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲဖမ်းဆီးမှုများ ဖြစ်ပွားနေပြီး လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ယခုနိုဝင်ဘာလ ပထမအပတ်မှစတင်၍ နိုဝင်ဘာလ တတိယအပတ်အထိ ရမည်းသင်းမြို့နယ် ကမ္မကျေးရွာအုပ်စုနှင့် ပေါက်အိုင်ကျေးရွာစုတို့တွင် စစ်တပ်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၏ မဲနှိုက်ခိုင်းမှု၊ လမ်းပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် လူငယ် ၅၀ နီးပါး ဖမ်းဆီးခံရပြီး စစ်မှုထမ်းရန် ခေါ်ဆောင်ခံရကြောင်း သိရှိရသည်။ “ဖြစ်နေတာကတော့ ရမည်းသင်းတစ်မြို့နယ်လုံးပဲ။ စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းတာ၊ လမ်းမှာ ပေါ်တာဆွဲအဖမ်းခံရတာ။ ပြီးတော့ စစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့…
-
စစ်ကောင်စီက စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး တိုင်းပြည်သုံးငွေ၏ ၃၀ ရာခိုင်နှုန်းနီးပါးအထိရှိလာ၊ တစ်နိုင်ငံလုံး အခွန်အခများ မဖြစ်မနေ တိုးမြှင့်ကောက်ခံရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား
စစ်ကောင်စီက စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး တိုင်းပြည်သုံးငွေ၏ ၃၀ ရာခိုင်နှုန်းနီးပါးအထိရှိလာ၊ တစ်နိုင်ငံလုံး အခွန်အခများ မဖြစ်မနေ တိုးမြှင့်ကောက်ခံရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား ရန်ကုန်၊ နိုဝင်ဘာ ၂၅ အကြမ်းဖက်စစ်ကောင်စီက လက်ရှိ တိုင်းပြည်ဘဏ္ဍာကို သုံးစွဲနေရာတွင် စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ လိုအပ်လျှင် လိုအပ်သ လို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး စုစုပေါင်း စစ်အသုံးစရိတ်မှာ တိုင်းပြည်တစ်ခုလုံး သုံးငွေ၏ ၃၀ ရာခိုင်နှုန်းနီးပါးရှိလာကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၂၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် စစ်အသုံးစရိတ်များနှင့် ပတ်သက်၍ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့် သုံးစွဲခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။…
-
အကြမ်းဖက်စစ်ကောင်စီ ပြန်လည်အကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုအတွက် တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အတိုးမဲ့ ချေးပေးမည်
အကြမ်းဖက်စစ်ကောင်စီ ပြန်လည်အကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုအတွက် တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အတိုးမဲ့ ချေးပေးမည် ရန်ကုန်၊ နိုဝင်ဘာ ၂၅ တရုတ်အစိုးရပိုင် China EXIM Bank က အကြမ်းဖက်စစ်ကောင်စီအကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အတိုးမဲ့ ချေးပေးမည်ဖြစ်ကြောင်း စစ်ကောင်စီနှင့်တရုတ်အကြား အပြန်အလှန် သဘောတူညီထားသော စာချုပ်ပါ အချက်အလက်များအရ သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက အကောင်အထည်ဖော်မည့် အဆင့်မြှင့်တင်ထားသော E-Government အချက်အလက်စင်တာ စီမံကိန်း (e-GIDC- e-Government Integrated Data Center Project) နှင့် မော်တော်ယာဉ်များကို မှတ်ပုံတင်သည့်…
-
အင်အားထောင်ချီ၍ အမ်း နပခ ကို ချီတက်နေသည့် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ရိုးမထဲတွင် ကစဉ့်ကလျားပြေးနေရ
အင်အားထောင်ချီ၍ အမ်း နပခ ကို ချီတက်နေသည့် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ရိုးမထဲတွင် ကစဉ့်ကလျားပြေးနေရ ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၂၄ရက် စစ်ကူလမ်းကြောင်းများပိတ်ဆို့ပြီး ဝိုင်းပတ်အတိုက်ခံနေရသည့် အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ထံ စစ်ကူပို့သည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ကစဉ့်ကလျား ထွက်ပြေးနေရကြောင်း သိရသည်။ အမ်းရိုးပေါ်မှဆင်းလာသည့် စစ်ကား ၂၂ စီးပါ အင်အားအပြည့်ဖြင့် စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ နိုဝင်ဘာ ၂၃ရက် နံနက်ပိုင်းတွင် အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကားနှစ်စီး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ “ကားတစ်စီးကို လူအင်အားအပြည့်နဲ့ ကား၂၀ ကျော်တက်လာတာ နှစ်စီးမိုင်းထိပြီး ကျန်ကားတွေ ဆက်ပြီးမောင်းပြေးသွားကြတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ရက်နေ့ကလည်း စစ်ကောင်စီ၏ အင်အား…