Category: News

  • ရခိုင်ပြည်၊ အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀လက်လွှတ်မခံရန်နှင့် လုံး၀ ဆုတ်ခွာခြင်းမပြုရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးညွှန်ကြား

    ရခိုင်ပြည်၊ အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀လက်လွှတ်မခံရန်နှင့် လုံး၀ ဆုတ်ခွာခြင်းမပြုရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးညွှန်ကြား

    by

    in

    ရခိုင်ပြည်၊ အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀လက်လွှတ်မခံရန်နှင့် လုံး၀ ဆုတ်ခွာခြင်းမပြုရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးညွှန်ကြား ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀ လက်လွှတ်မခံရန်နှင့် လုံး၀ ဆုတ်ခွာခြင်းမပြုရန် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အမိန့်ပေးညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ AA ၏ ထိုးစစ်ကြောင့် အမ်းမြို့နယ်အတွင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ တပ်ရင်းများ၊ ကာကင်းစခန်းများ၊ ဗျူဟာကုန်းများ၊ သင်တန်းကျောင်း အများအပြား သိမ်းပိုက်ခံထားရကြောင်း၊ လက်နက်ချ အလင်းဝင်သူများလည်းရှိနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ AA ၏ လက်ထဲသို့ ကျရောက်မည့်အခြေအနေ ဖြစ်ပေါ်လာချိန်တွင် ဒုစစ်ခေါင်းဆောင်စိုးဝင်းက မည်သည့်အကြောင်းနှင့်မျှ၊ မည်သည့်နည်းနှင့်မှ နပခကို စွန့်ခွာခြင်းမပြုကြရန်၊ လုံး၀ လက်လွှတ်မခံကြရန် အမိန့်ပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။ “လိုအပ်တဲ့စစ်ကူ၊ လေကြောင်းပစ်ကူ၊…

  • ဂွမြို့နယ် ပုဂံတောင်ရှိ အမြောက်တပ်စခန်းကို AAသိမ်းပိုက်၊ တိုင်ကျိုးကို စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းတပ်ပျက်ကာ ၅၀ ခန့်သေဆုံး

    ဂွမြို့နယ် ပုဂံတောင်ရှိ အမြောက်တပ်စခန်းကို AAသိမ်းပိုက်၊ တိုင်ကျိုးကို စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းတပ်ပျက်ကာ ၅၀ ခန့်သေဆုံး

    by

    in

    ဂွမြို့နယ် ပုဂံတောင်ရှိ အမြောက်တပ်စခန်းကို AAသိမ်းပိုက်၊ တိုင်ကျိုးကို စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းတပ်ပျက်ကာ ၅၀ ခန့်သေဆုံး ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၇ရက် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ စစ်ကောင်စီ၏ ပုဂံတောင်ရှိ အမြောက်တပ်စခန်းနှင့် တိုင်ကျိုးရှိ စစ်ကောင်စီ အထိုင်ချစခန်းတို့ကို အာရက္ခတပ်တော် (AA) က သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။ ပုဂံတောင်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ကို ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့တွင် AA က သိမ်းယူနိုင်ခဲ့ပြီး တိုင်ကျိုးရှိ စစ်ကောင်စီစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၅ရက်နေ့က တိုင်ကျိုးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းမှ လေးကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် တိုင်ကျိုးရွာအတွင်းရှိ နေအိမ်များပျက်စီးခဲ့သည်။ ထို့အပြင် စစ်ကောင်စီက…

  • ရှမ်းပြည်မြောက်ပိုင်းမှ အညာမြေသို့ ထွက်ခွာမယ့် PDF (၅၁၀) တပ်ရင်းက ရဲဘော်တွေ မှတ်တမ်းဓာတ်ပုံထုတ်ပြန်

    ရှမ်းပြည်မြောက်ပိုင်းမှ အညာမြေသို့ ထွက်ခွာမယ့် PDF (၅၁၀) တပ်ရင်းက ရဲဘော်တွေ မှတ်တမ်းဓာတ်ပုံထုတ်ပြန်

    by

    in

    ရှမ်းပြည်မြောက်ပိုင်းမှ အညာမြေသို့ ထွက်ခွာမယ့် PDF (၅၁၀) တပ်ရင်းက ရဲဘော်တွေ မှတ်တမ်းဓာတ်ပုံထုတ်ပြန် နိုဝင်ဘာလ ၉ ရက် အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF (၅၁၀) တပ်ရင်းက ရဲဘော်များက ရှမ်းပြည်မြောက်ပိုင်းက အညာ ဒေသသို့ မထွက်ခင် မှတ်တမ်းဓာတ်ပုံကို ဒီနေ့ ထုတ်ပြန်ပါတယ်။ ရှမ်းမြောက်မှသည် မကြာမီ အချိန်မှာ မြေပြန့်ဒေသအညာမြေဆီသို့ ထွက်ခွာတော့မယ်ဆိုတာကို ဒီနေ့မှာ ထုတ်ပြန်ခဲ့တာပါ။ အမှတ် (၅၁၀) တပ်ရင်းက တပ်တည်ထောင်တာ ၃ နှစ်ကျော် ခဲ့ပြီ ဖြစ်ပြီး၊ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ၊ အကြမ်းဖက်စစ်ကောင်စီ နဲ့ တိုက်ပွဲတွေမှာ မဟာမိတ် တပ်များနဲ့ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်တစ်ခု ဖြစ်တယ်လို့ သိရှိရပါတယ်။ #PVTV

  • မှော်ဘီလေတပ်ကို ဒုံးများဖြင့်တိုက်ခိုက်မှု ပစ်မှတ်ထိမှန်ခဲ့ဟု မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ပြော

    မှော်ဘီလေတပ်ကို ဒုံးများဖြင့်တိုက်ခိုက်မှု ပစ်မှတ်ထိမှန်ခဲ့ဟု မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ပြော

    by

    in

    မှော်ဘီလေတပ်ကို ဒုံးများဖြင့်တိုက်ခိုက်မှု ပစ်မှတ်ထိမှန်ခဲ့ဟု မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ပြော YT မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီလေတပ်ဝင်းအတွင်းကို မစ်ဇိုင်းဒုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ (USO) က ထုတ်ပြန်သည်။ USO က ၎င်းတို့​၏ ၁၄ ခုမြောက် မစ်ရှင်အဖြစ် ယနေ့(နိုဝင်ဘာ ၉ ရက်) နံနက် ၁ နာရီဝန်းကျင်အချိန်တွင် မှော်ဘီလေတပ်အတွင်းရှိ လေယာဉ်ဂိုထောင်နှင့် အရာရှိနေအိမ်များကို ပစ်မှတ်ထား၍ တာဝေးပစ် မစ်ဇိုင်းဒုံးလေးလုံးဖြင့် တိုက်ခိုက်ခြင်းဟု သိရသည်။ ” အဆင့်မြှင့်ထားတာမို့ ၁၀၇ ထက်တော့ ပိုပြီး ကောင်းပါတယ်။ လေးလုံးစလုံး အောင်မြင်ပါတယ် တပြိုင်တည်းပါ။ ထိခိုက်ပျက်စီးမှုတော့ အသေးစိတ် စုံစမ်းနေဆဲပါ။ ထိခိုက်မှုတော့ ရှိနိုင်ပါတယ်၊ ညတွင်းချင်း ပိတ်ဆို့ စစ်ဆေးမှုတွေ ဧည့်စစ်မှုတွေရှိတယ်လို့ မြေပြင်သတင်းအရတော့ သိထားပါတယ်”…

  • အမ်းမြို့နယ်ရှိ အ​မြောက်တပ်ကို  AA ထံမှ ပြန်ရရန် စစ်​ကောင်စီ အပြင်းအထန်ကြိုးပမ်း

    အမ်းမြို့နယ်ရှိ အ​မြောက်တပ်ကို AA ထံမှ ပြန်ရရန် စစ်​ကောင်စီ အပြင်းအထန်ကြိုးပမ်း

    by

    in

    အမ်းမြို့နယ်ရှိ အ​မြောက်တပ်ကို AA ထံမှ ပြန်ရရန် စစ်​ကောင်စီ အပြင်းအထန်ကြိုးပမ်း ဓါတု မဇ္ဈိမ။ ။ AA သိမ်းပိုက်ရရှိထားသည့် အမှတ်(၃၇၄) အ​မြောက်တပ်ကို ပြန်လည်ရရှိရန် စစ်ကောင်စီက အပြင်းအထန်ကြိုးစားနေပြီး လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ထိုအမြောက်တပ်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အနီးတွင်ရှိပြီး ယမန်နေ့ (နိုဝင်ဘာလ ၈ ရက် ) နေ့လယ်ပိုင်းက စတင်ကာ ယနေ့ (နိုဝင်ဘာလ ၉ရက် )အထိ စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရသည်။ “ဂျက်ဖိုက်တာနဲ့ မ​​နေ့ညအထိဗုံးကြဲတာ Y-12 က​နေအတွဲလိုက်ဒုံး​တွေနဲ့ပစ်တယ်။ အနီးကပ်ဖြစ်​နေတာ။ ဒီ​နေ့မနက်အထိ လက်နက်ငယ်အပြန်အလှန်ပစ်တာ​တွေကြားရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က မဇ္စျိမကို​​ပြောသည်။ စစ်ကူအဖြစ် နပခသို့ရောက်ရှိနေသည့် ခြေမြန်တပ်မဌာနချုပ် တပ်မ( ၆၆) နှင့်…

  • ကျောက်ဆည်မှာ စစ်အုပ်စုက လူငယ်တွေကို ပေါ်တာဆွဲ၊ လိုက်ထရပ်ကား တစ်စီးစာ ပါသွား၊

    ကျောက်ဆည်မှာ စစ်အုပ်စုက လူငယ်တွေကို ပေါ်တာဆွဲ၊ လိုက်ထရပ်ကား တစ်စီးစာ ပါသွား၊

    by

    in

    ကျောက်ဆည်မှာ စစ်အုပ်စုက လူငယ်တွေကို ပေါ်တာဆွဲ၊ လိုက်ထရပ်ကား တစ်စီးစာ ပါသွား၊ တေဇ/MFP ၊ နိုဝင်ဘာ – ၉ မန္တလေးတိုင်း ကျောက်ဆည်မြို့ အဝင်အထွက်တွေမှာ ဂိတ်ဖွင့် ငွေညှစ်နေတဲ့ စစ်အုပ်စုက နိုဝင်ဘာလ ၈ရက် မနေ့က လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး လူငယ်လူရွယ်တွေ လိုက်ထရပ်ကား တစ်စီးစာ ပေါ်တာဆွဲ ခံလိုက်ရတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ကျောက်ဆည်မြို့ အနောက်ဘက်၊ ကျောက်ဆည် – တံတားဦးလမ်းမှာ ဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုက နေ့စဉ် လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေရာက မနေ့ကတော့ အလစ်အငိုက် ပေါ်တာဆွဲလို့ အလုပ်သွား အလုပ်ပြန် လူငယ်တွေ ပါသွားတာလို့ ဆိုပါတယ်။…

  • မင်းအောင်လှိုင်ကို လူမှုကွန်ရက်မှ Live လွှင့် သရော်မှု၊ ဓာတ်ပုံများ ဖြတ်ညှပ်ကပ်လုပ်မှုဖြင့် ငါးမင်းဆွေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီး

    မင်းအောင်လှိုင်ကို လူမှုကွန်ရက်မှ Live လွှင့် သရော်မှု၊ ဓာတ်ပုံများ ဖြတ်ညှပ်ကပ်လုပ်မှုဖြင့် ငါးမင်းဆွေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီး

    by

    in

    စစ်ခေါင်းဆောင်ကို မကြာခဏ သရော်ပြောဆိုသည့် ငါးမင်းဆွေကို စစ်ကောင်စီက ဖမ်းဆီး ရန်ကုန်၊ နိုဝင်ဘာ ၉ News Ambassador အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို လူမှုကွန်ရက်တွင် မကြာခဏ သရော်ပြောဆိုလေ့ရှိသည့် ငါးမင်းဆွေကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်လိုက်ကြောင်း သိရသည်။ “ကျနော့ကို ကျိုက်ထိုရဲစခန်းမှူးက လာခေါ်တယ်။ လာခေါ်တဲ့အကြောင်းက ရန်ကုန်၊ လှိုင်မြို့နယ်မှာ ကျနော့ကို ၅၀၅ (က) နဲ့ အမှုဖွင့်ထားပါတယ်တဲ့။ အဲဒီကိစ္စနဲ့ကျနော့်ကို လာခေါ်တာပေါ့ဗျာ။ ကျနော့ကို ရန်ကုန်ပို့မှာပေါ့ဗျာ။ ၅၀၅ (က) နဲ့ ကျနော့ကို တရားစွဲထားတယ်ဗျ။ အဲ့ဒီလိုတော့ အကြမ်းဖျဉ်းသိရတယ်ဗျ။ အသေးစိတ်‌တော့ ဘာမှမသိရဘူး။ ကျနော်လိုက်သွားရမယ်ပေါ့ဗျာ။ ချစ်လှစွာသော မြန်မာများအားလုံးကို ကျနော် နှုတ်ဆက်ပါတယ်” ဟု ငါးမင်းဆွေက ၎င်း ရဲစခန်းသို့…

  • ပုသိမ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၇ တက်ရောက်ရန် သင်တန်းသားသစ်များ သင်တန်းကျောင်းသို့ ရောက်ရှိ

    ပုသိမ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၇ တက်ရောက်ရန် သင်တန်းသားသစ်များ သင်တန်းကျောင်းသို့ ရောက်ရှိ

    by

    in

    ပုသိမ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၇ တက်ရောက်ရန် သင်တန်းသားသစ်များ သင်တန်းကျောင်းသို့ ရောက်ရှိ ဧရာဝတီတ်ိုင်းမ် နိုဝင်ဘာ ၈ ရက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် ( ၇ )သင်တန်းတက်ရောက်ရန် စစ်သင်တန်း လေ့ကျင့်ရေးကျောင်းသို့ သင်တန်းသားများ ရောက်ရှိနေကြောင်း ဒေသခံများထံကသိရသည်။ ယခု နိုဝင်ဘာလက စတင်ပြီး ပုသိမ်မြို့၊ ရွှေမြင်တင်၊အမှတ်(၆)စစ်အခြေခံ စစ် လေ့ကျင့်ရေးကျောင်းသို့ သင်တန်းသား ရာနှင့်ချီကာ ရောက်ရှိနေသည်ဟု ဒေသခံများကပြောသည်။ “စုဆောင်းထား​တဲ့ သင်တန်းသား အသစ်တွေ သင်တန်းတက်ဖို့ ရောက်နေကြတာများတယ်။ လောလောဆယ် အဲ့ဒီသင်တန်း မတက်ခင် တပ်ထဲမှာ သူတို့ဝယ်စားနေရတယ်။ သင်တန်းကာလကျမှ သူတို့စရိတ်သက်သာမယ်။ လူများတော့ တပ်ထဲမှာ စျေးရောင်းတဲ့သူတွေ အလုပ်ဖြစ်နေတယ်”ဟု ပုသိမ်မြို့ လေ့ကျင့်ရေးကျောင်းနှင့် နီးစပ်သူမြို့ခံတစ်ဦက ဧရာဝတီတိုင်းမ်ကိုပြောသည်။ သင်တန်းတက်ရန်​…

  • မြောက်ဥက္ကလာ EPC ရုံး လုံခြုံရေးဂိတ် လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး အစောင့်ကျတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရ

    မြောက်ဥက္ကလာ EPC ရုံး လုံခြုံရေးဂိတ် လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး အစောင့်ကျတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရ

    by

    in

    မြောက်ဥက္ကလာ EPC ရုံး လုံခြုံရေးဂိတ် လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး အစောင့်ကျတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရ နိုဝင်ဘာ ၉၊ ၂၀၂၄ နိုဝင်ဘာလ ၈ရက်၊ ည ၇နာရီကျော်လောက်က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ EPC ရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရပြီး ကင်းအစောင့်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။ မြောက်ဥက္ကလာပ EPC ရုံး၊ အစောင့်ချထားတဲ့ နေရာကို လက်ပစ်ဗုံး ၂လုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့တာကြောင့် ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေ ထိခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရတာပါ။ “ပြည်သူတွေကိုအကြမ်းဖက်နေတဲ့ စစ်တပ်၊ ရဲတွေကို၊ သူတို့ကင်းကျတဲ့ EPC ရုံးထိ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်” လို့ Yangon UG People Army တာဝန်ခံ ဂျိုးက မောင်းကိုပြောပါတယ်။…

  • မြန်မာနိုင်ငံတွင် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ်ရှင်နှင့်လူ့အခွင့်အရေး ချိုးဖောက် နေသော စစ်ကောင်စီကို  ILO ၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး အတည်ပြုရန်ရှိ

    မြန်မာနိုင်ငံတွင် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ်ရှင်နှင့်လူ့အခွင့်အရေး ချိုးဖောက် နေသော စစ်ကောင်စီကို ILO ၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး အတည်ပြုရန်ရှိ

    by

    in

    မြန်မာနိုင်ငံတွင် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ်ရှင်နှင့်လူ့အခွင့်အရေး ချိုးဖောက် နေသော စစ်ကောင်စီကို ILO ၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး အတည်ပြုရန်ရှိ ရန်ကုန်၊ နိုဝင်ဘာ ၉ မြန်မာနိုင်ငံတွင် စစ်တပ်က အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ် ရှင်နှင့်လူ့အခွင့် အရေး ချိုးဖောက်နေမှုများ ကျူးလွန်နေကြောင်း ကမ္ဘာ့အလုပ် သမားအဖွဲ့ချုပ် ILO က ထပ်မံအတည်ပြုလိုက်ပြီး ILO၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး အတည်ပြုရန် စာတမ်းတင်ပြခိုင်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၏ ဥက္ကဋ္ဌ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီဖြစ်သော ILO အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေးတွင်…