ရှမ်းပြည်မြောက်ပိုင်းမှ အညာမြေသို့ ထွက်ခွာမယ့် PDF (၅၁၀) တပ်ရင်းက ရဲဘော်တွေ မှတ်တမ်းဓာတ်ပုံထုတ်ပြန်
နိုဝင်ဘာလ ၉ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF (၅၁၀) တပ်ရင်းက ရဲဘော်များက ရှမ်းပြည်မြောက်ပိုင်းက အညာ ဒေသသို့ မထွက်ခင် မှတ်တမ်းဓာတ်ပုံကို ဒီနေ့ ထုတ်ပြန်ပါတယ်။
ရှမ်းမြောက်မှသည် မကြာမီ အချိန်မှာ မြေပြန့်ဒေသအညာမြေဆီသို့ ထွက်ခွာတော့မယ်ဆိုတာကို ဒီနေ့မှာ ထုတ်ပြန်ခဲ့တာပါ။
အမှတ် (၅၁၀) တပ်ရင်းက တပ်တည်ထောင်တာ ၃ နှစ်ကျော် ခဲ့ပြီ ဖြစ်ပြီး၊ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ၊ အကြမ်းဖက်စစ်ကောင်စီ နဲ့ တိုက်ပွဲတွေမှာ မဟာမိတ် တပ်များနဲ့ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်တစ်ခု ဖြစ်တယ်လို့ သိရှိရပါတယ်။
#PVTV