Category: News
-
ရေစကြိုမှာ ပျူရွာကထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေစောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့် သေ၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး ၁၀ ခန့် ဒဏ်ရာရရှိခဲ့
ရေစကြိုမှာ ပျူရွာကထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေစောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့် သေ၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး ၁၀ ခန့် ဒဏ်ရာရရှိခဲ့ အီသာရမ်/MFP ၊ မေ-၁၃ မကွေးတိုင်း ရေစကြိုမှာ ပျူစောထီးရွာက ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးတပ်တွေအသင့် စောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့်သေဆုံးခဲ့တယ်လို့ Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်း က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၉ ရက် မနက် ၇ နာရီခန့်မှာ ဆင်ချောင်းပျူစောထီးကျေးရွာကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်အုပ်စု စစ်ကြောင်းကို ဆန်းသစ်ကျေးရွာမြောက်ဘက်မှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းတိုက် ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ၁ နာရီခွဲခန့်…
-
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောက်လုပ်ရမည်ဟု အမိန့် ထုတ်ပြန်ပြီး စစ်ကောင်စီထိပ်ပိုင်းက စိစစ်မည်၊ ဗလီအပြိုအပျက်များကို ပြင်ဆင်ခွင့်ပိတ်ပင်ထား
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောက်လုပ်ရမည်ဟု အမိန့် ထုတ်ပြန်ပြီး စစ်ကောင်စီထိပ်ပိုင်းက စိစစ်မည်၊ ဗလီအပြိုအပျက်များကို ပြင်ဆင်ခွင့်ပိတ်ပင်ထား ရန်ကုန်၊ မေ ၁၃ စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောင်လုပ်ရမည်ဟု စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်လိုက်သော်လည်း စစ်ကောင်စီက ဆောက်လုပ်ခွင့်နှင့်ဖြိုဖျက်ခွင့်များ လုံး၀ ချထားမပေးဘဲ ပိတ်ပင်ထားကြောင်း ရမည်းသင်းအခြေစိုက် ဗလီကျောင်းတော်အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီက ငလျင်ကြောင့် ပြိုပျက်သွားသော ဗုဒ္ဓဘာသာ ဘုရားစေတီပုထိုးနှင့်ကျောင်းတိုက်များကိုမူ ကြိုက် နှစ်သက်လို ပြန်လည် တည်ထားခွင့်ပေးထားသော်လည်း ဗလီနှင့်ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကိုမူ မူလအတိုင်းသာ ဆောက်လုပ်ရန်၊ ဆောက်လုပ်ခြင်းနှင့်ဖြိုဖျက်ခြင်းများကိုလည်း စစ်ကောင်စီက ခွင့်ပြုမှသာ လုပ် ဆောင်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း၊ အမှန်တကယ် ခွင့်ပြုချက်တောင်းခံသောအခါ ဖြိုဖျက် ရှင်းလင်းခွင့်ပင် မပေးဘဲ ပြန်လည်တည်ဆောက်ခွင့်မှာ…
-
ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရ
ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရ ရန်ကုန်၊ မေ ၁၃ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ မေလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ဆောထိမြို့နယ် အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီးများဖြင့် သိုက်တူးကုန်း…
-
ရသေ့တောင်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၃ဦးရှိလာ ■နှစ်ရက်ဆက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်တွင် အရပ်သား ၄၆ ဦးထက်မနည်းသေ
ရသေ့တောင်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၃ဦးရှိလာ ■နှစ်ရက်ဆက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်တွင် အရပ်သား ၄၆ ဦးထက်မနည်းသေ ဆုံးပြီး ၇၀ ဦးထက်မနည်း ဒဏ်ရာရ မေ-၁၃၊၂၀၂၅။ကဖေး/People’s Spring ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထွန်းရေဝကျေးရွာကို ယနေ့ (မေလ၁၃ရက်) နံနက်ပိုင်း၌စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူ ၁၃ ဦးရှိလာပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရထားသည်။ ထွန်းရေဝကျေးရွာကို နံနက် ၁၀ နာရီခန့်တွင် စစ် တပ်ကဂျက်ဖိုက်တာဖြင့်ဗုံး နှစ်လုံးကြဲခြင်းဟု ရခိုင် ဒေသခံသတင်းရင်းမြစ်ကပြောသည်။ ” အလောင်းက ၁၃ လောင်းရထားပါတယ်။ဒဏ်ရာရက ၃၀ ကျော်ပြီးလက်ရှိ၂၀ ကျော်ရထားပါတယ်။ထိခိုက်သူ ပိုများလာနိုင်ပါတယ်”ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများအားလုံး အရပ် သားများဖြစ်ပြီး ကလေးငယ်နှင့် အမျိုးသမီးများလည်း ပါဝင်သည်ဟုစုံစမ်းသိရသည်။ ထွန်းရေဝကျေးရွာကို စစ်ကောင်စီတပ်က လေ…
-
ဂန့်ဂေါတွင် ခလရ ၅၀ တပ်ရင်းက လယ်မရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူ ၁၁ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြန်၊ ပြည်သူ ၂၀ ကျော်ကိုလည်း ဖမ်းဆီးသွား
ဂန့်ဂေါတွင် ခလရ ၅၀ တပ်ရင်းက လယ်မရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူ ၁၁ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြန်၊ ပြည်သူ ၂၀ ကျော်ကိုလည်း ဖမ်းဆီးသွား ရန်ကုန်၊ မေ ၁၃ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ တပ်ရင်းမှ အကြမ်းဖက် စစ်သားများက လယ်မရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူ ၁၁ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မေလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ခန့်တွင် ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ တပ်ရင်းမှ…
-
နယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းစစ်တပ် လုံခြုံရေး တိုးမြှင့်
နယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းစစ်တပ် လုံခြုံရေး တိုးမြှင့် ဧရာဝတီ၊ မေ ၁၃၊ ၂၀၂၅ အာဏာသိမ်းစစ်တပ်က နယ်စပ်မျဉ်းအနီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် ယနေ့မနက်တွင် ထိုင်းစစ်တပ်မှလက်နက်ကြီးအချို့တပ်ဆင်ကာ နေရာယူတပ်စွဲထားကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာန၌ ဖော်ပြသည်။ ထိုင်းနယ်စပ် ၇မှ ကီလိုမီတာခန့်အကွာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ တာလယ်(Tale)စစ်စခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ လေကြောင်းဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။ ပိတ်ဆို့တိုက်ခိုက်ခံနေရသည့် စစ်တပ်အား လေကြောင်းပစ်ကူပေးနေခြင်းဖြစ်ပြီး ပေါက်ကွဲသံများကို ထိုင်းဘက်ခြမ်းမှ ကြားနေရကြောင်း Khaosod က ဖော်ပြသည်။ ပိုင်ကျုံမြို့နယ်အတွင်းရှိ တခေါ်ဘီခွီးစစ်စခန်းအား KNLA ပူးပေါင်းတပ်များက မေလ ၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တာလယ်စစ်စခန်းကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ…
-
ဒီပဲယင်းတွင် စာသင်ကျောင်းကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းသားကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ ဦးသေဆုံးမှု ကုလသမဂ္ဂ အစည်းအဝေးတွင် တင်ပြလိုက်ပြီး စစ်အုပ်စုကို ကူညီနေမှု ရပ်တန့်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်း တောင်းဆို ရန်ကုန်၊ မေ ၁၃ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းသားကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ ဦးသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြပြောဆိုသည်။ ယမန်နေ့ မေလ ၁၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်တိုင် ဆိုင်ရာ ကွန်းဖရင့်တွင် ၎င်းက အထက်ပါတိုင်း တင်ပြပြောဆိုလိုက်ခြင်းဖြစ်သည်။ မေလ ၁၂ ရက်နေ့ နံနက်ပိုင်း စစ်အုပ်စုက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ ရှိ စာသင်ကျောင်းကို လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမ ၂ ဦးနှင့် ကလေးငယ် ၂၀ ခန့် သေဆုံး၍ များစွာ ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် တစ်ခုတည်း မဟုတ်ပါကြောင်း၊ တစ်ဖက်တွင်လည်း စစ်ကိုင်းတိုင်းလွန်ခဲ့သော ၁ လ ကျော်ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ် အပြင်းဆုံး ထိခိုက်ခံရသည့်ဒေသများ အနက် ဒေသတစ်ခုဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။ အကြမ်းဖက် စစ်အုပ်စုက နေ့စဉ် မဆင်မခြင် ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကျဲခြင်းတို့ က အရပ်သား ထိခိုက်နစ်နာမှုနှင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုတို့ကို အလွန်အမင်း ဖြစ်စေပြီး စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးပန်တိုင်များအား အကောင်အထည်ဖော်ရန် တာဝန် ယူကြရသည့် အဆောက် အအုံများ ဖြစ်သော စာသင်ကျောင်းများနှင့် ဆေးရုံများအပေါ် အများဆုံး ထိခိုက်စေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်ပြောဆိုသည်။ တချို့သောနိုင်ငံများအနေဖြင့် စစ်အုပ်စုအား ထောက်ပံ့ပေးနေကြောင်း၊ စစ်အုပ်စု အား ရုပ်ဝတ္ထုပစ္စည်းအားဖြင့် သော်လည်းကောင်း၊ စိတ်ဓာတ်အားဖြင့်သော်လည်းကောင်း ထောက်ပံ့ပေးခြင်းက ကလေးငယ်များ အပါအဝင် လူအများအပြားကို စစ်အုပ်စု က သတ်ဖြတ်နိုင်စေရန် ကူညီပေးရာ ရောက်နေကြောင်း၊ ထို့ကြောင့် ဗုံးကျဲတိုက် ခိုက်ခြင်းများ ရပ်တန့်ပေးပါ၊ လူများကို သတ်ဖြတ်နေခြင်းအား ရပ်တန်ပေးပါ၊ စစ်အုပ်စု ကို ကူညီပံ့ပိုးပေးနေခြင်းအား ရပ်တန့်ပေးပါရန် တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံတွင် ဤစစ်အုပ်စုနှင့် စစ်အာဏာရှင် စနစ်အား အဆုံးသတ်ကာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်မှသာလျှင် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့်တရားမျှတမှုတို့ကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုသွားသည်။
ဒီပဲယင်းတွင် စာသင်ကျောင်းကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းသားကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ ဦးသေဆုံးမှု ကုလသမဂ္ဂ အစည်းအဝေးတွင် တင်ပြလိုက်ပြီး စစ်အုပ်စုကို ကူညီနေမှု ရပ်တန့်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်း တောင်းဆို ရန်ကုန်၊ မေ ၁၃ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းသားကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ ဦးသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြပြောဆိုသည်။ ယမန်နေ့ မေလ ၁၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်တိုင် ဆိုင်ရာ ကွန်းဖရင့်တွင် ၎င်းက အထက်ပါတိုင်း တင်ပြပြောဆိုလိုက်ခြင်းဖြစ်သည်။ မေလ ၁၂ ရက်နေ့…
-
အမျိုးသားညီညွတ်ရေးအစိုးရက ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမည်မဟုတ်ဟု အတိအလင်း ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရက ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမည်မဟုတ်ဟု အတိအလင်း ထုတ်ပြန် ရန်ကုန်၊ မေ ၁၃ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က နိုင်ငံတစ်နိုင်ငံ ၏ ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမည်မဟုတ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် (၁၀/၂၀၂၅)တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ နီးစပ်ရာညှိနှိုင်းမှုနှင့် အကျပ်၍ ရသည့်အင်အားစုများကို နည်းလမ်းပေါင်းစုံသုံးအတင်းဖိအားပေး ဆွေးနွေးခိုင်းမှုမှာ အကျိုးမရှိဘဲ သွေးကွဲမှုနှင့်တင်းမာမှုများကို ဖြစ်ပေါ်စေနိုင် ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။ “နိုင်ငံတနိုင်ငံက နီးစပ်ရာ ညှိနှိုင်းမှုတွေနဲ့ အကြပ်ကိုင်လို့ရတဲ့ အင်အားစုတွေကို နည်းလမ်းပေါင်းစုံသုံး အတင်းဖိအားပေး ဆွေးနွေးစေပြီး အပစ်အခတ်ရပ်စဲစေမှု (forced negotiation) နည်းလမ်းကို အသုံးပြုခြင်းဟာလည်း…
-
ဒေါနတောင်တန်း အရှေ့ခြမ်းက တာလယ်ဗျုဟာ ကို KNU ဝန်းရံပိတ်ဆို့တိုက်ခိုက်
ဒေါနတောင်တန်း အရှေ့ခြမ်းက တာလယ်ဗျုဟာ ကို KNU ဝန်းရံပိတ်ဆို့တိုက်ခိုက် မေ – ၁၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။ ဘားအံခရိုင် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ တပ်မဟာ (၇) စစ်ရေးလှုပ်ရာနယ်မြေထဲက တာလယ်ကျေးရွာအနီးမှာရှိတဲ့ ဗျုဟာစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တို့က မေလ ၉ ရက်က စတင်တိုက်ခိုက်နေတာပါ။ ထိုင်းနယ်စပ်အနီးက တခေါဘီခွီးစခန်းကို သိမ်းယူလိုက်တဲ့ နေ့မှာပဲ…
-
မင်းအောင်လှိုင် လာရန် ရှိနေ၍ မန္တလေးရှိ ငလျင်ဒဏ်သင့် အဆောက်အအုံများ အမြင် တင့်တယ်စွာ ထားရန်နှင့် အပြိုအပျက်အစီးများကို အမြန်ဆုံးရှင်းလင်းရန် စည်ပင်နှင့်စစ်တပ်က အိမ်ပိုင်ရှင်များကို သတိပေး လက်မှတ်ထိုးခိုင်း
မင်းအောင်လှိုင် လာရန် ရှိနေ၍ မန္တလေးရှိ ငလျင်ဒဏ်သင့် အဆောက်အအုံများ အမြင် တင့်တယ်စွာ ထားရန်နှင့် အပြိုအပျက်အစီးများကို အမြန်ဆုံးရှင်းလင်းရန် စည်ပင်နှင့်စစ်တပ်က အိမ်ပိုင်ရှင်များကို သတိပေး လက်မှတ်ထိုးခိုင်း ရန်ကုန်၊ မေ ၁၃ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့ လာရောက်ရန် ရှိနေ၍ မန္တလေးရှိ ငလျင်ဒဏ်သင့် အ ဆောက် အအုံများကို အမြင်တင့်တယ်စွာ ကာ ရန်ထားကြရန်၊ အပြိုအပျက်အစီးများကို အမြန်ဆုံးရှင်းလင်းရန် မန္တလေးစည်ပင်နှင့်စစ်ကောင်စီက ငလျင်ဒဏ်သင့်နေအိမ်နှင့်အဆောက်အအုံပိုင်ရှင်များကို သတိပေးလက် မှတ်ထိုးခိုင်းလာကြောင်း မန္တလေးမှ အိမ်ပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကောင်စီလက်အောက်ခံ မန္တလေးစည်ပင်က ငလျင်ဒဏ်သင့် မန္တလေးမှ အိမ်ပိုင်ရှင်များကို အမိန့် အမျိုးမျိုးထုတ်၍ ဖိအားပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ မေလအတွင်း မန္တလေးတွင် ငလျင်ဒဏ်သင့် အဆောက် အဦများကို…