Category: News
-
ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ခြံအမှတ် ၅၄ ကို မဖြစ်ဖြစ်တဲ့နည်းဖြင့် ထက်ဝက်ပိုင်း ရောင်းရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ လျှောက်ထားချက် ကန့်ကွက်ခံရ
ဧရာဝတီတိုင်းမ် ဇွန် ၆ ရက် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ခြံအမှတ် (၅၄) နေအိမ်ကို မြေတစ်ဝက်ခွဲ၍ ရောင်းချရန် အစ်ကိုဖြစ်သူဦးအောင်ဆန်းဦး၏ လျှောက်ထားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့သည် ဦးအောင်ဆန်းဦး လျှောက်ထားမှုကို ယမန်နေ့ ဇွန် ၅ ရက်က ကမာရွတ်ခရိုင်တရားရုံးတွင် ကန့် ကွက်လွှာ တင်သွင်းခဲ့ကြောင်း ရှေ့နေအဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။ ကန့်ကွက်လွှာတင်သွင်းမှုနှင့်ပတ်သက်၍ လာမည့်ဇွန်လ ဒုတိယပတ် ၁၂ ရက်နေ့တွင် တရားရုံးက အမိန့်ချမှတ်ရန် ချိန်းဆိုခဲ့ကြောင်း သိရသည်။ ဦးအောင်ဆန်းဦးသည် ခြံအမှတ် (၅၄) ကို လေးကြိမ်တိုင် လေလံတင် ရောင်းချခဲ့ပြီး ရောင်းမထွက်သည့် အတွက် ခြံတစ်ဝက်ကို…
-
လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးရန် ညွှန်ကြားမှုနောက်ကွယ်တွင် မင်းအောင်လှိုင်၏သားနှင့်သမီး တင်သွင်းသည့် လျှပ်စစ်ကားများ မရောင်းရတော့မှုက အဓိက အကြောင်းအရာအဖြစ် ပါဝင်ဟုဆို
လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးရန် ညွှန်ကြားမှုနောက်ကွယ်တွင် မင်းအောင်လှိုင်၏သားနှင့်သမီး တင်သွင်းသည့် လျှပ်စစ်ကားများ မရောင်းရတော့မှုက အဓိက အကြောင်းအရာအဖြစ် ပါဝင်ဟုဆို ရန်ကုန်၊ ဇွန် ၇ မြန်မာနိုင်ငံတစ်ဝန်းတွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ ဖမ်းဆီးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ထုတ် ညွှန်ကြားခဲ့ပြီး အဆိုပါ ညွှန်ကြားမှုနောက်ကွယ်တွင် မင်းအောင်လှိုင်၏သားနှင့်သမီးတင်သွင်းသည့် လျှပ် စစ် ကားများ မရောင်းရတော့သည့် စျေးကွက်အခြေအနေက အဓိက ပါဝင်နေကြောင်း နေပြည်တော် အသိုင်းအ၀ိုင်းက ပြောဆိုသည်။ မေလ ၂၀ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင် လှိုင်က လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များ စီးနင်းနေမှုများကို ဖော်ထုတ်သွားရန်၊ လိုင်စင်မဲ့ဆိုင်ကယ်နှင့်ကားများ စီးနင်းနေမှုများကြောင့် နိုင်ငံတော်အနေဖြင့် အခွန်အခများစွာ နစ်နာမှုရှိမည်ဖြစ်သကဲ့သို့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း…
-
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွားပြီး နေအိမ်များ မီးလောင်ကာ ပြည်သူ ၉ ဦးထက်မနည်း သေဆုံး
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွားပြီး နေအိမ်များ မီးလောင်ကာ ပြည်သူ ၉ ဦးထက်မနည်း သေဆုံး ရန်ကုန်၊ ဇွန် ၇ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်မှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွားပြီး နေအိမ်များ မီးလောင်ကာ ပြည်သူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၆ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် ဖားကန့်မြို့၊ တပ်မကုန်းမှ စစ်ကောင်စီတပ်က လက်နက် ကြီး များဖြင့် လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့…
-
အုတ်တွင်း အထက် ခပေါင်းဆည် ရေလွှဲတမံရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ
အုတ်တွင်း အထက် ခပေါင်းဆည် ရေလွှဲတမံရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ ဇွန် ၆ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် အထက် ခပေါင်းဆည် ရေလွှဲတမံရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း A. D .G Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၃ ရက်နေ့ နံနက် ၅ နာရီ ၃၀…
-
ဗန်းမောက် အထူးသယံဇာတအဖွဲ့ကို NUG ကာကွယ်ရေး စီးနင်းဖမ်းဆီး ■ကျပ်သိန်းတစ်သောင်းကျော်၊ ရွှေချောင်းအချို့ နှင့် အဆင့်မြင့်လက်နက်များပါသိမ်းဆည်းနိုင်ခဲ့
ဗန်းမောက် အထူးသယံဇာတအဖွဲ့ကို NUG ကာကွယ်ရေး စီးနင်းဖမ်းဆီး ■ကျပ်သိန်းတစ်သောင်းကျော်၊ ရွှေချောင်းအချို့ နှင့် အဆင့်မြင့်လက်နက်များပါသိမ်းဆည်းနိုင်ခဲ့ ဇွန်-၆၊၂၀၂၅။ကဖေး/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့သည် အလွဲသုံးစားမှုများပြုလုပ်နေသဖြင့်NUGကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ “MOD က ဆင်းဖမ်းတာပါ။ အဲ့အဖွဲ့ကတစ်စင်ထောင်ချင်တဲ့ အနေအထားရှ်ိလာတာရယ်၊ သိန်းသောင်းချီပြီး အဂတိလုပ်နေတာကြောင့် ဖမ်းတာပါ။အာကာဆိုသူ ဦးဆောင်တဲ့အဖွဲ့ပါ”ဟုဗန်းမောက်ဒေသခံသတင်းရင်းမြစ်ကပြောသည်။ ဇွန်လ ၃ရက်ညနေပိုင်းတွင်ကစီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့ထံမှ ရွှေချောင်းအချို့နှင့် ငွေကျပ်သိန်းတစ်သောင်းခြောက်ထောင်ကျော်သိမ်းဆည်းနိုင်ခဲ့ကြောင်းဗန်းမောက်မြို့နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန နှင့် နီးစပ်သူကပြောသည်။ ၎င်းက ” သူတို့မှာ တရားမ၀င်ရွှေလုပ်ကွက်တွေရှိတယ်။ ငွေအလွဲသုံးစားလုပ်တာလဲရှိတယ်။ သယံဇာတနဲ့ပတ်သက်ရင်မတရားအခွန်ကောက်တာတွေကောပဲ။ဝယ်ထားတဲ့လက်နက်တွေကလည်းအကောင်းစားတွေ။တိုက်ပွဲမှာတောင်မမြင်ဘူးတဲ့ဟာတွေ” ဟုဆက်ပြောသည်။ အဆိုပါအဖွဲ့သည်ဗန်းမောက်မြို့နယ်မှထွက်ရှိသည့် သယံဇာတများကို စီမံခန့်ခွဲရန်အတွက် NUGအစိုးရ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့သည့်မတ်လတွင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့အောက်တွင် မြို့နယ်၊ခရိုင်၊တိုင်းအဆင့်များဖွဲ့စည်းထားပြီး ပြည်ထောင်စု နှင့် အောက်ခြေအဖွဲ့များ ထိထိရောက်ရောက်ချိတ်ဆက်နိုင်ရန်အတွက်…
-
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန် တာဝါတိုင်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန် တာဝါတိုင်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက် ရန်ကုန်| ဇွန် ၆ ရခိုင်ရိုးမနှင့် ဆက်စပ်နေသော မကွေးတိုင်း ငဖဲမြို့နယ်က နတ်ရေကန်စခန်း၏ အဓိက ကာကင်းကုန်းဖြစ်သော တာ ဝါတိုင်စခန်းကုန်းကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပြော သည်။ နတ်ရေကန်စခန်းသိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေပြီး ကာကင်း တာဝါတိုင်စခန်းကို ဇွန်လ ၄ ရက်နေ့က သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။ ကာကင်း တာဝါတိုင်စခန်းနှင့် နတ်ရေကန်စခန်းမှာ မီတာ ၂၀၀၀ ခန့်သာ ဝေးကွာကြောင်းလည်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ “အမ်း-ပဒါန်းလမ်းပိုင်းက နတ်ရေကန်စခန်းရဲ့ အဓိက ကာကင်းကုန်းပေါ့နော်။ သူနဲ့လည်း မီတာ…
-
ညောင်ဦး-ချောက်လမ်းတွင် ဖမ်းဆီးရရှိသော စစ်တပ်မှ ဗိုလ်ကြီး ညီညီမျိုးဆွေ နှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ပြည်သူ့ သစ္စာအဓိဋ္ဌာန် ဆိုခိုင်း (ရုပ်/သံ)
ညောင်ဦး-ချောက်လမ်းတွင် ဖမ်းဆီးရရှိသော စစ်တပ်မှ ဗိုလ်ကြီး ညီညီမျိုးဆွေ နှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ပြည်သူ့ သစ္စာအဓိဋ္ဌာန် ဆိုခိုင်း (ရုပ်/သံ) ရန်ကုန် ၊ ဇွန် ၆ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက် လမ်းပိုင်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီးစိုးထွဋ်ကျော်တို့ကို အရှင်ဖမ်းမိခဲ့ကြောင်း ညောင်ဦးမြို့ နယ်ပကဖ တာဝန်ခံ ကိုဇီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ လွန်ခဲ့သော တစ်ပတ်ခန့် ညောင်ဦးမြို့နယ်၊ ညောင်ဦး -ချောက်ကားလမ်းပိုင်းတနေရာတွင် ပြည် သူ့ကာ ကွယ်ရေးအဖွဲ့ဝင်များ လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေစဉ် နေပြည်တော်မှ ချောက်၊ ရေနံ ချောင်းဘက်သို့ ကိုယ်ပိုင်ကားဖြင့် စီးလာသော အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ညီညီမျိုး ဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း…
-
ရွှေဈေးနှစ်ရက်အတွင်းတစ်သိန်းခုန်တက်ပြီး ၇၈သိန်းနီးပါးဖြစ်လာ ■ဒေါ်လာအဝယ်လိုက်လာပြီးဈေးလှုပ်
ရွှေဈေးနှစ်ရက်အတွင်းတစ်သိန်းခုန်တက်ပြီး ၇၈သိန်းနီးပါးဖြစ်လာ ■ဒေါ်လာအဝယ်လိုက်လာပြီးဈေးလှုပ် ဇွန် ၆ ၊၂၀၂၅။ ရဲခေါင်/People’s Spring ပြည်တွင်းရွှေစျေး တစ်ကျပ်သား ၇၈ သိန်းနား ကပ်လာပြီး ဒေါ်လာငွေလဲနှုန်းလည်း စျေးတက်လာနေကြောင်း ရွှေနှင့်ငွေစျေးကွက်မှ အရောင်း အဝယ်ပြုလုပ်နေသူအချို့က ပြောသည်။ ယနေ့(ဇွန်လ ၆ ရက်) နံနက်ပိုင်း ပြင်ပရွှေစျေးကွက် အရ ၁၆ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၇၇ သိန်း ရှစ်သောင်း ကျပ် နှင့် ၁၅ ပဲရည်တစ်ကျပ်သား ရောင်း စျေး ၇၃ သိန်း ခြောက်သောင်းကျပ်ဝန်းကျင်ရှိလာသည်။ ထို့အတူ ဒေါ်လာငွေလဲနှုန်းသည် ယမန်နေ့ထက် တစ်ဒေါ်လာ လျှင် ဝယ်စျေး ၄၄၀၀ ကျပ် နှင့် ရောင်းစျေး ၄,၄၃၀ ကျပ် ရှိသည်။ “ရွှေစျေးကတော့ ပြီးခဲ့တဲ့…
-
နေပြည်တော်နှင့်ဧရာ၀တီတိုင်းမှ ရဲမှူးများ၊ ရဲအရာရှိများက လိုင်စင်မဲ့ကားအရောင်းအဝယ် ဆက် လက် လုပ်ကိုင်ပြီး လိုင်စင်မဲ့ကားများ စီးနင်းနေဆဲ
နေပြည်တော်နှင့်ဧရာ၀တီတိုင်းမှ ရဲမှူးများ၊ ရဲအရာရှိများက လိုင်စင်မဲ့ကားအရောင်းအဝယ် ဆက် လက် လုပ်ကိုင်ပြီး လိုင်စင်မဲ့ကားများ စီးနင်းနေဆဲ ရန်ကုန်၊ ဇွန် ၆ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ တိုင်းရုံးမှ ဒုရဲမှူး ချစ်စမ်းမောင်နှင့် ၎င်း၏ မယားညီအစ်ကို ဒုရဲမှူး အောင်နိုင်မိုးတို့ နှစ်ဦးသည် လိုင်စင်မဲ့ကားအရောင်းအဝယ် အပါ အဝင် ရာဇဝတ်လုပ်ငန်းများကို လုပ်ကိုင်ကြီးပွားလာပြီး လက်ရှိအချိန်အထိ လိုင်စင်မဲ့ကားရောင်းဝယ်မှုများနှင့် ဆက်စပ်လုပ်ကိုင်နေဆဲဖြစ်ကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရဲမှူးအောင်နိုင်မိုးသည် အာဏာသိမ်းခါစကာလက အင်းစိန်မြို့နယ်မှူးဘဝတွင် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်ခဲ့သည့်အတွက် အချိန်တိုအတွင်း ရဲမှူးရာထူးသို့ တိုးမြှင့်ပေးခံခဲ့ရပြီး ဧရာ၀တီတိုင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ယင်းနောက် လိုင်စင်မဲ့ကားအရောင်းအဝယ်၊ ကျားဖြန့်၊ လောင်းကစားလိုင်းကြေးကောက်ခံခြင်း အပါအဝင် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်၍ အချိန်တိုအတွင်း ချမ်းသာကြွယ်၀လာကြောင်း သိရှိရသည်။ ဒုရဲမှူး…
-
စစ်ကောင်စီတပ်သားများကို ZO ARMY ရဲဘော်များ တီထွင်ထားသည့် အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ အရာရှိအပါ စစ်သား ၃ ဦးသေ (ရုပ်/သံ)
စစ်ကောင်စီတပ်သားများကို ZO ARMY ရဲဘော်များ တီထွင်ထားသည့် အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ အရာရှိအပါ စစ်သား ၃ ဦးသေ (ရုပ်/သံ) ဇွန် ၆၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ZO ARMY ရဲဘော်တွေ တီထွင်ထားတဲ့ အဝေးပစ်လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ Zo Army က သတင်းထုတ်ပြန်ထားပါတယ်။ ဇွန်လ ၅ ရက် နေ့လယ်ပိုင်းက တမူးမြို့နယ်အတွင်း ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို Zo Army ရဲဘော်တွေ တီထွင်ထားတဲ့ အဝေးပစ်လက်နက်နဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က တစ်ပွင့်ဗိုလ်အရာရှိအပါအဝင် ၃ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ Video- Zo…